အကြောင်းတစ်ခုကြောင့်ကွဲကွာခဲ့ရတဲ့ ဇနီးသည်နဲ့ ပြန်ပေါင်းထုပ်နိုင်ခဲ့တဲ့ အဖိုးအို

အသက်(၉၉)နှစ်အရွယ် အဖိုးအိုကြီးဟာ (၄)နှစ်ကြာ ကွဲကွာနေခဲ့တဲ့ ဇနီးသည်နဲ့ ပြန်လည်ပေါင်းထုပ်နိုင်ခဲ့ပြီး သူတို့နှစ်ဦးရဲ့ ကြည်နူးဖွယ်ရာ အဖြစ်အပျက်လေးဟာ လူမှုကွန်ယက်မှာ အလွန်ရေပန်းစားနေပါတယ်။ အဖိုးနာမည်ကတော့ Emile Georges Jean-Petit-Matile ဖြစ်ပြီး သူဟာ ဆွစ်ဇာလန် ဇာတိဖွားဖြစ်ပါတယ်။

ViralPress

ဒါပေမယ့် အဖိုး Jean ဟာ အသက်(၇၀)အရွယ် ဇနီးဖြစ်သူ Krajai နဲ့ ထိုင်းနိုင်ငံမှာ အနှစ်(၂၀)ကြာ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ (၂၀၁၄)ခုနှစ်မှာတော့ အဖိုး Jean ဟာ ဇာတိ ဆွစ်ဇာလန်နိုင်ငံကို ဆေးကုသဖို့အတွက် မဖြစ်မနေ သွားရောက်ခဲ့ရပါတယ်။ ဒီလိုနဲ့ သူဟာ ချစ်တဲ့ဇနီး Krajai နဲ့ (၄)နှစ်ကြာ မခွဲချင်ပဲ ခွဲလိုက်ရပါတော့တယ်။

တကယ်တော့ အသက်ကြီးတဲ့သူတွေဟာ အချစ်ကို နောက်ဆုံးခံစားလိုတာထက်၊ သူတို့ကို အသက်တမျှချစ်ရတဲ့သူတွေနဲ့ နောက်ဆုံးအတူနေချင်သွားကြတာပါ။ ပြောရရင် အသက်ကြီးလာတဲ့အခါမှာ ချစ်ခင်ရသူတွေကို ပိုတမ်းတတတ်ပါတယ်။ ချစ်ရတဲ့သူတွေနဲ့ပဲ နေချင်တော့တယ်၊ ချစ်ရတဲ့သူတွေနဲ့သာ စကားပြောနေချင်တော့တာပါပဲ။ ဒီလိုနဲ့ ဘဝကို အမုန်းတရားတွအစား အချစ်နဲ့ နိဂုံးချုပ်ချင်ကြတာပါ။

READ
အိမ်ခြေမဲ့တို့အတွက် တစ်ညတာအိပ်စက်နိုင်မယ့် ရွေ့လျားနှစ်ထပ်ဘတ်စ်ကား
ViralPress

အခုလည်း အဖိုး Jean ဟာ ဇနီးဖြစ်သူကို ဝေးရပ်မြေခြားကနေ နေ့စဉ်နေတိုင်း တမ်းတနေခဲ့ပေမယ့် သူ့ရောဂါအခြေအနေကြောင့် ဇနီးသည်ရဲ့မျက်နှာကို လေးနှစ်ကြာ မြင်ခွင့်မရခဲ့ပါဘူး။ ဒီကြားထဲမှာ ရောဂါကို (၁၈)လကြာ ကုသနေခဲ့ရချိန် အဖိုးဟာ ဇနီးသည်ရဲ့ဖုန်းနံပတ်နဲ့အီးမေးလ်ကို မှတ်ထားတဲ့ Notebook လည်း ပျောက်ဆုံးသွားခဲ့လို့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ပိုဆိုးတာက တစ်ယောက်မှ အင်တာနက်ကို သုံးလေ့မရှိလို့ အွန်လိုင်းပေါ်မှာပင် တွေ့ဖို့မလွယ်ခဲ့ပါဘူး။

ViralPress

ဒါကြောင့် အဖိုး Jean ကျန်းမာရေးမကောင်းတဲ့ကြားကပင် သူ့ကို ဇနီးသည်နဲ့ ပြန်လည်ပေါင်းဆုံနိုင်ဖို့ စီစဉ်ပေးခြင်းမှ တစ်ပါး တစ်ခြားနည်းက မရှိနိုင်တော့ပါဘူး။ ဇနီးသည် Krakai ကတော့ ခင်ပွန်းသည်ဟာ သူ့ကို အဆက်အသွယ်မလုပ်ခဲ့တဲ့အတွက် ရောဂါကြောင့် တိမ်းပါးသွားပြီလို့ ထင်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် အဖိုး Jean က မသေသေးဘဲ သူ့ဘာသာ သူ့ဝဏ္ဏဘူမိလေဆိပ်တပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပါတယ်။

လေဆိပ်ရဲတပ်ဖွဲ့ကလည်း အဖိုး Jean ကို ထိုင်းနိုင်ငံ ပြန်လာနိုင်ဖို့ ကူညီပေးခဲ့ပြီး၊ ဇနီးသည်နဲ့ အမြန်ဆုံးပြန်ဆုံနိုင်ဖို့အရေး စီစဉ်ပေးခဲ့ကြပါတယ်။ အဖိုးဟာ ပြီးခဲ့တဲ့တနင်္လာနေ့မနက် (၁၁)နာရီမှာ သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်ရှိခဲ့ပြီး အင်္ဂါနေ့မှာတော့ ကော့စမွေကျွန်းကို သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် ကော့စမွေကျွန်းမှ ရေလမ်းခရီးဖြင့် ဇနီးသည်နေထိုင်ရာကျွန်းကို တစ်ဆင့်သွားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အဖိုးဟာ သူချစ်တဲ့ဇနီးနဲ့ သေတူရှင်မကွာ နေထိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

READ
ပင်စင်စားနဲ့ စစ်ပြန်ကြီးတွေအတွက် မွန်မြတ်ကုသိုလ်တွေ ပြုစုပေးနေတဲ့ အမျိုးသား
ViralPress
ViralPress

နတ်စည်တော် (Shwemom)

source : metro.co.uk

SHARE