ကိုယ်ပိုင်ခံယူချက်ကြောင့် ကိုဗစ်ကာလအတွင်း Mask လုံးဝမတပ်တဲ့ အမျိုးသား အဖမ်းခံရ

Youtube-ピーチ機マスク拒否容疑者送検

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ အချိန်ဖြစ်တာကြောင့် လူတိုင်းနီးပါး ဘယ်နေရာကိုသွားသွား Face mask တွေကို မဖြစ်မနေတပ်ဆင်နေရတဲ့ အချိန်တစ်ခုပဲ ဖြစ်ပါတယ်။ COVID 19 ရောဂါပိုးဟာ မျက်စိနဲ့ မြင်တွေ့ရတဲ့ ရောဂါပိုးမျိုး မဟုတ်တာကြောင့် အပြင်ထွက်တိုင်း Mask တပ်ထားတာဟာ စိတ်အချရဆုံး ကာကွယ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ အခုပြောပြချင်တဲ့ ဂျပန်အမျိုးသားတစ်ယောက်ကတော့ Mask တပ်ဖို့ကို လုံးဝငြင်းဆန်နေတဲ့ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ အခုလည်း လေယာဉ်ပေါ်တက်တဲ့ အချိန်အထိ လုံးဝ Mask မတပ်ခဲ့တာကြောင့် ဂျပန်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-ピーチ機マスク拒否容疑者送検

အဆိုပါ အမျိုးသားကတော့ Junya Okuno အမည်ရတဲ့ ဂျပန်အမျိုးသားတစ်ယောက်ပါ။ Junya ဟာ  COVID 19 ရောဂါပိုး အမှန်တကယ် ရှိတယ်ဆိုတာကို မယုံကြည်တဲ့ လူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ခံယူချက်အတိုင်း ဘယ်သွားသွားဘယ်လာလာ Face mask ကို လုံးဝမတပ်ပဲ လျှောက်သွားနေတဲ့ အမျိုးသားတစ်ယောက်ပါပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Junya ဟာ လေယာဉ်ခရီးစဉ်တစ်ခုမှာ အဖမ်းခံခဲ့ရပါတယ်။ အကြောင်းကတော့ လေယာဉ်ပေါ်မတက်ခင်အချိန်အထိ လေဆိပ်ဝန်ထမ်းတွေက လေယာဉ်ပေါ်တက်တဲ့ အချိန်မှာ Junya ကို Mask တပ်ဖို့ သတိပေးခဲ့ပေမယ့် Junya ဟာ လေယာဉ်ပေါ်ရောက်ရှိတဲ့ အချိန်အထိ လုံးဝကို Mask မတပ်ခဲ့တာကြောင့် ဂျပန်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

READ
ဖုန်းနံပါတ်တောင်းတာကိုမပေးလိုက်တဲ့ မိန်းမပျိုရဲ့ ထိတ်လန့်ခြောက်ခြားဖွယ် အတွေ့အကြုံ

အဲဒီနောက်မှာတော့ Junya ရဲ့ အကြောင်းဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေးပျံ့နှံ့ခဲ့ပြီ The Mask-Refusing Guy လို့ နာမည်ကြီးခဲ့ပါတယ်။ လူအများစုကတော့ Junya ဟာ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးချင်လို့ ဒီလိုမျိုးတွေ လျှောက်လုပ်နေတာဖြစ်ကြောင်း ထင်မြင်ယူဆချက်တွေ ပေးခဲ့သလို တစ်ချို့ကလည်း Junya ကို ရူးနေတဲ့ လူတစ်ယောက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။  နောက်ဆုံးရသတင်းကတော့ Junya ကို ဖမ်းဆီးထားတဲ့ အချုပ်ခန်းမှာတောင် Junya ဟာ လုံးဝ Mask မတပ်ခဲ့သလို အမှုရင်ဆိုင်နေရစဉ် တရားရုံးမှာလည်း Mask တပ်ထားဖို့ကို ထပ်မံငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။

Youtube-ピーチ機マスク拒否容疑者送検

Pyi Hein Kyaw

SHARE