ဒီနေ့ခေတ်လူတော်တော်များများဟာ ဆိုရှယ်မီဒီယာမှာ သူများမလုပ်ဖူးတာတွေ၊ အများနဲ့ မတူပဲ ထူးဆန်းတာ တစ်ခုခု လုပ်ပြရင် နာမည်ကြီးပြီး အဲဒီအရာတွေကို ဘဝကြီးလို့ ထင်နေကြတဲ့လူ တော်တော်လေး များပါတယ်။ ဒါပေမယ့် တစ်ကယ့်လက်တွေ့ဘဝမှာတော့ သူတို့လုပ်ပြတဲ့ အပြုအမူတွေဟာ လူတိုင်းအတွက် တစ်ခဏတာသာ ထူးဆန်းစေပြီး ဘာမှမဟုတ်တဲ့ အရာတွေ မဟုတ်ပါဘူး။ အခုပြောပြချင်တဲ့ အမျိုးသားတစ်ယောက်ဆိုရင်လည်း အဲဒီလိုပါပဲ။ အဆိုပါ အမျိုးသားဟာ နွားနို့စက်ရုံအတွင်းမှာ နွားနို့တွေနဲ့ ချိုးပြီး အဆိုပါ အဖြစ်အပျက်ကို ဗီဒီယို ရိုက်ပြီး Tiktok ပေါ်မှာ တင်ခဲ့ကြောင်း Rachfeed သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ပုံထဲမှာတွေ့ရတဲ့အတိုင်း အမျိုးသားတစ်ယောက်ဟာ နွားနို့တွေနဲ့ ရေချိုးဇလုံကြီးတစ်ခုထဲမှာ စိမ်ပြေနပြေ ရေချိုးပြနေပါတယ်။ ဒါကို အခြား အမျိုးသားတစ်ယောက်က ဗီဒီရိုရိုက်ပြီး ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ပါတယ်။ နွားနို့နဲ့ ရေချိုးပြနေတဲ့ အမျိုးသားကတော့ Emre Sayar လို့ အမည်ရပြီး Emre နွားနို့နဲ့ ရေချိုးနေတာကို ဗီဒီယိုရိုက်ပေးတဲ့ အမျိုးသားကတော့ Ugur Turgut လို့ အမည်ရတဲ့ အမျိုးသားပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ သူငယ်ချင်းတွေဖြစ်သလို အဆိုပါ နွားနို့စက်ရုံမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဗီဒီယိုကို ဆိုရှယ်မီဒီယာပေါ်တင်လိုက်ပြီး နာမည်ကြီးခဲ့ပေမယ့် အဲဒီနောက်ကွယ်က အကျိုးဆက်တွေကိုတော့ Emre ကော၊ Ugur ကော စဉ်းစားခဲ့မိဟန် မတူပါဘူး။
Bir süt fabrikasında çekilen ve Tiktok’ta paylaşılan ‘süt banyosu’ videosu.
Fabrikanın ‘Konya’da olduğu’ iddia ediliyor. pic.twitter.com/erkXhlX0yM
— Neden TT oldu? (@nedenttoldu) November 5, 2020
အဆိုပါ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေး ပျံ့နှံ့ခဲ့သလို နောက်ဆုံးမှာတော့ အဲဒီဗီဒီယိုကို အဆိုပါ နွားနို့စက်ရုံပိုင်ရှင်ကပါ တွေ့သွားခဲ့ပြီး ဒေါသထွက်ခဲ့ပါတယ်။ Emre တစ်ယောက် ဒီလိုမျိုး လက်လွတ်စပယ် စက်ရုံအတွင်းမှာ နွားနို့တွေနဲ့ ရေချိုးနေတာကြောင့် အဆိုပါ နွားနို့စက်ရုံက ထွက်ရှိတဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေ ထိခိုက်နစ်နာမှာကို နွားနို့စက်ရုံ လုပ်သားတွေဖြစ်တဲ့ Emre နဲ့ Ugur တို့ သိခဲ့ဟန် မတူပါဘူး။ ဒီလိုမျိုး နာမည်ကြီးချင်ဇောနဲ့ မဆင်မခြင်လုပ်ခဲ့တဲ့ လုပ်ရပ်ရဲ့ အကျိုးရလဒ်ကတော့ Emer ကော၊ Ugur တို့ပါ အလုပ်ထွက်ခဲ့ရတဲ့အပြင် အဆိုပါ နွားနို့စက်ရုံရဲ့ ကုန်ပစ္စည်းရဲ့ နာမည်ကို ကျဆင်းစေမှုနဲ့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကိုပါ ခံခဲ့ရပါတယ်။

Pyi Hein Kyaw