လူမှန်းသူမှန်း မသိအောင် မူးပြီး သူ့နာမည်ကို Celine Dion လို့ ပြောင်းခဲ့တဲ့ အမျိုးသား

Twitter/ThomasDodd

အရက်သောက်ပြီး မူးတဲ့အခါမျိုးမှာတော့ လူတစ်ယောက်နဲ့တစ်ယောက် မူးပုံချင်း မတူညီကြပါဘူး။ တစ်ချို့ကတော့ မူးလာရင် အရမ်းရစ်တတ်တဲ့ လူမျိုးတွေရှိသလို တစ်ချို့ကျပြန်တော့လည်း မူးရင် ကလပ်သွားမယ်၊ KTV သွားပြီး သီချင်းဆိုမယ် အစရှိသဖြင့် နည်းမျိုးစုံနဲ့ မူးတတ်ကြပါတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဖြစ်တာကြာင့် လူတစ်ယောက်နဲ့ တစ်ယောက် မူးတတဲ့အခါမှာ လစ်မစ်ချင်း တူနိုင်ပေမယ့် မူးပုံကတော့ တော်တော်လေးကို ကွာပါတယ်။ အခုပြောပြချင်တဲ့ အမျိုးသားကတော့ တစ်ခါမှကို မကြားဖူးတဲ့ပုံစံတစ်ခုနဲ့ အရက်မူးခဲ့တာပါ။

Pixabay-jarmoluk

အဆိုပါ အမျိုးသားကတော့ အင်္ဂလန်နိုင်ငံမှာ နေထိုင်တဲ့ Thomas Dodd အမည်ရ အသက် ၃၀ အရွယ် အမျိုးသားတစ်ယောက် ဖြစ်ပါတယ်။ Thomas ဟာ ပြီးခဲ့တဲ့ Christmas အကြိုည(၂၄.၁၂.၂၀၂၀)မှာ Celine Dion ရဲ့ concert တစ်ခုကို အိမ်မှာနေရင်း သူငယ်ချင်းဖြစ်သူတွေနဲ့ အရက်သောက်ကာ တီဗ္ဗီမှ ကြည့်နေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Thomas ဟာ Celine Dion ကို အရမ်းကြိုက်နှစ်သက်ခဲ့တာကြောင့် အရက်တော်တော်မူးပြီးနောက်ပိုင်းမှာတော့ ညတွင်းချင်း သူ့ရဲ့ နာမည် Thomas Dodd ကနေ Celine Dion လို့ နာမည်ကို တရားဝင် ပြောင်းခဲ့ပါတယ်။

READ
ပုံတွေကြည့်ရင်း ပြုံးမိစေမယ့် လူကြီးတွေရဲ့ နည်းပညာအပေါ် နားလည်မှုအလွဲလေးများ

 

Thomas ဟာ ညတွင်းချင်းပဲ online ကနေတစ်ဆင့် UK အစိုးရရဲ့ ၀က်ဘ်ပေ့ခ်ျမှာ လိုအပ်တဲ့ စာရွက်စာတမ်း အချက်လက်တွေကိုဖြည့်ပြီး မှတ်ပုံတင်ထဲက နာမည် ပြောင်းလဲခ ပေါင်(၈၈)ပေါင်ကို ပေးဆောင်ခဲ့တာ ဖြစ်ပါတယ်။ နံနက်နိုးလာပြီးမှ သူ့ရဲ့ နာမည်ဟာ Thomas Dodd မဟုတ်ပဲ Celine Dion ဖြစ်နေတာကို Thomas တစ်ယောက် အံ့အားသွင့်စွာ သိခဲ့ရတာပါ

READ
ကြုံရာနေရာမှာ ရသလိုအိပ်တတ်တဲ့ ကလေးတို့ရဲ့ ချစ်စရာပုံရိပ်များ

 

 

View this post on Instagram

 

A post shared by Céline Dion (@celinedion)

“ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်လုံးဝကို မသိခဲ့ပါဘူး။ တော်တော်လေးကို မူးသွားခဲ့တယ်လို့ ထင်ပါတယ်။ အဲဒီနေ့ညက အဖြစ်အပျက်တွေကို လုံးဝမမှတ်မိတော့ပါဘူး။ အစကတော့ ကျွန်တော့်ဘော်ဒါတွေ ဝိုင်းပြီးနောက်လိုက်တယ်လို့ထင်ပြီး သူတို့ကိုတောင် အပြစ်ပြောနေပါသေးယ်။ နောက်မှ ကျွန်တော့် ဘဏ်အကောင်းထဲမှာ နာမည်ပြောင်းလို့ ငွေတော်တော်ကုန်သွားတာသိမှ ကျွန်တော့်ဘာသာ ကျွန်တော်ပြောင်းလိုက်မှန်း သိခဲ့ရတာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်အရမ်းကြိုက်ရတဲ့ အဆိုတော်နဲ့ နာမည်ဆင်တူဖြစ်သွားလို့ တော်တော်လေးပျော်ရွှင်ပါတယ်”လို့ Thomas တစ်ဖြစ်လဲ Celine Dion က New York Post သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Pixabay-Free-Photos

Pyi Hein Kyaw

SHARE