ငါးမျှားရင်း ရေထဲက တွေ့တဲ့ ပိုက်ဆံအိတ်တစ်လုံးကြောင့် အံ့သြစရာ ကြုံခဲ့ရတဲ့အဖြစ်

ဥစ္စာပစ္စည်း တစ်စုံတစ်ခုပျောက်တဲ့အခါ ဥစ္စာရင်းသာမှန်ရင် ကိုယ့်လက်ထဲပြန်လာတတ်တယ်လို့ လူအများစုကဆိုကြပါတယ်။ အခုတွေ့ရမယ့် အဖြစ်အပျက်လေးကတော့ ယင်းအဆိုကို သက်သေခံနေပါတယ်။ လွန်ခဲ့တဲ့နှစ်(၂၅)လောက်တုန်းက ကာရိုလိုင်းနားတောင်ပိုင်းမှာနေထိုင်တဲ့ ဧပရယ်ဘော့တ်အမည်ရှိ အမျိုးသမီးတစ်ဦးဟာ ပိုက်ဆံအိတ်အခိုးခံခဲ့ရပါတယ်။ ပိုက်ဆံအိတ်ထဲမှာတော့ ဒေါ်လာ(၆၀) နဲ့အတူ သူမအမြတ်တနိုး သိမ်းထားတဲ့ သားဖြစ်သူရဲ့ဓာတ်ပုံလေးတွေနဲ့ ကိုယ်ရေးကိုယ်တာပစ္စည်းလေးတွေ ပါသွားခဲ့ပါတယ်။ ဒါပေမယ့် စာဖတ်သူတို့သိတဲ့အတိုင်း ဘ၀ဆိုတာ အံ့သြစရာတွေနဲ့ပြည့်နှက်နေပါတယ်။

©Facebook | April Deanhardt Bolt

ဒီလိုနဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လ(၄)ရက်နေ့မှာတော့ ငါးမျှားဖို့ထွက်လာတဲ့ တူဝရီးနှစ်ယောက်ဟာ ဧပရယ်ဘော့တ်ရဲ့ပျောက်သွားတဲ့ပိုက်ဆံအိတ်ကို ရေအောက်ထဲကနေ ကောက်ရခဲ့ပါတယ်။ ဘန်အမည်ရှိတဲ့အမျိုးသားက အသက်(၁၁)နှစ်အရွယ်တူလေး ဘရိုဒီနဲ့အတူ ဟာ့တ်ဝဲလ်ရေကန်မှာ ငါးလာမျှားကြတာပါ။ မကြာခင်မှာ ဘရိုဒီက ရေအောက်ထဲကနေ ခပ်ကြီးကြီးအရာကို ဖမ်းမိထားပြီထင်တာကြောင့် တူဝရီးနှစ်ယောက်လုံး စိတ်လှုပ်ရှားနေခဲ့ကြပါတယ်။

©Facebook | April Deanhardt Bolt

(၂၉)ပေလောက်ရှိတဲ့ ကန်အောက်ကနေ ငါးအမှတ်နဲ့ကုန်းပေါ်ကို ငါးမျှားတံဆွဲတင်လိုက်တဲ့အခါမှာတော့ သူတို့ဟာ စိတ်လှုပ်ရှားနေကြရာကနေ အံ့အားသင့်သွားခဲ့ကြပါတယ်။ သူတို့တွေ့လိုက်တာက ရွံ့တွေနဲ့လူးနေတဲ့ပိုက်ဆံအိတ်တစ်လုံးဖြစ်ပါတယ်။ အိတ်ထဲမှာတော့ သက်တမ်းကုန်နေပြီဖြစ်တဲ့ အကြွေးဝယ်ကဒ်တွေ၊ ဘီး၊ နှုတ်ခမ်းနီနဲ့ ကလေးဓာတ်ပုံအချို့ပါဝင်ပါတယ်။

READ
လမ်းဘေးခွေး အကောင် (၁,၃၀၀)ကျော်ကို ကယ်တင်နိုင်ခဲ့တဲ့ (၇) နှစ်သား ကလေးငယ်
©Facebook | April Deanhardt Bolt

ဘန်ဟာ အကြွေးဝယ်ကဒ်ကို စစ်ဆေးကြည့်လိုက်တဲ့အခါ ကဒ်နာမည်မှာ ဧပရယ်ဘော့တ်ဆိုတာကို တွေ့လိုက်ရတာကြောင့် ပိုပြီးအံ့အားသင့်သွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဧပရယ်ဘော့တ်ဟာ ဘန်တို့နဲ့မိသားစုချင်း ရင်းနှီးသူတွေဖြစ်ကြပါတယ်။ ဘန်ဟာ ဧပရယ်ဘော့တ်ကို ဆက်သွယ်ပြီးတဲ့အခါမှာတော့ သူမခမျာ နှစ်ရှည်လများပျောက်နေတဲ့ပိုက်ဆံအိတ်ကို ပြန်တွေ့ပြီဆိုတာကြောင့် မယုံနိုင်အောင်ဖြစ်နေခဲ့ပါတယ်။

©Facebook | April Deanhardt Bolt

“ပိုက်ဆံအိတ်ထဲမှာတော့ ကျွန်မသားလေး(၁၅)လသား အရွယ်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ ပါတာပေါ့။ အခုဆိုရင် သူက(၂၆)နှစ်တောင် ရှိနေပြီ။ သူ့ဓာတ်ပုံလေးတွေက သေသေချာချာရိုက်ထားတော့ ပိုက်ဆံအိတ်ထဲမှာပဲ ထည့်ထားတာ။ အဲဒီတုန်းက ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်လို့ မရသေးဘူးလေ။ ပုံတွေက ရေကြောင့် ပျက်စီးနေပေမယ့် ပုံတော့ဖော်နိုင်ပါသေးတယ်” လို့ ဧပရယ်ဘော့တ်က ကြည်နူးစွာ ပြောပြခဲ့ပါတယ်။ ဧပရယ်ဘော့တ်ရဲ့ ကံကောင်းမှုကတော့ ဆန်းကြယ်လှပါတယ်။

©Facebook | April Deanhardt Bolt

လင်းလင်း (ShweMom)

Ref: boreddaddy

SHARE