ဆိုဝါးလှတဲ့ရောဂါကြောင့် တစ်ကိုယ်လုံး အာလူသီးပုံစံ အကြိတ်များပေါက်နေတဲ့ အမျိုးသား

Neurofibromatosis လို့ ခေါ်တဲ့ အာရုံကြောပိုင်းဆိုင်ရာရောဂါကို ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား  Shadot Hossain အသက် 47 နှစ်ဟာ တစ်ကိုယ်လုံးနီးပါး အာလူးသီးပုံစံ အသားပိုတွေထွက်နေလို့ တော်တော်လေးကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေရှာပါတယ်။

ခြေဆုံးခေါင်းဆုံး အသားပိုတွေ ထွက်နေပြီး၊ မျက်စိမြင်ကွင်းပေါက်တွေတောင် ပိတ်စို့နေတဲ့အထိ ဖြစ်နေပါတယ်။ တစ်ကိုယ်လုံး အကြိတ်တွေ ပေါက်နေတဲ့အတွက် မိမိဘာသာ စားသောက်ခြင်းနဲ့၊ အပေါ်ပိုင်း အ၀တ်ဝတ်ခြင်း မပြုနိုင်ပါဘူး။ သူဟာ ရောဂါစတင်ကတည်းက အခုချိန်ထိ နှစ်ပေါင်းများစွာအတွင်း ခွဲစိတ်ကုသမှု ခံယူဖူးခြင်း မရှိပါဘူး။

Hossain ဟာ အိမ်ထောင်သည်အမျိုးသားတစ်ယောက်ဖြစ်ပြီး ကလေးသုံးယောက် ရှိပါတယ်။ လောလောဆယ် ဘင်္ဂလားဒေ့ရှ် မြောက်ပိုင်း Shajadpur မှာ နေထိုင်နေပါတယ်။ ဒီအကြိတ်တွေကြောင့် နာကျင်မှုကိုလည်း ကြာရှည်ခံစားခဲ့ရကြောင်း သူက ထုတ်ဖော်ပြောဆိုပါတယ်။

READ
စီးကရက်ယူမပေးလို့ ချစ်သူကို ဆိုးဝါးစွာရိုက်နှက်ခဲ့သူ ထောင်ဒဏ်ချမှတ်ခံရ

အခု အသားပိုတွေကြောင့် လေးလံမှုကို ခံစားရသလို၊ လည်ပင်းနဲ့ ခန္ဓာကိုယ်အနှံ့အပြားမှာ မခံမရပ်နိုင်အောင် ယားတာမျိုးလည်း ရှိကြောင်း သူက ဆိုပါတယ်။ အခုတော့ ချာပါတီကိုသား စားနေရပြီး၊ ထမင်းကို စားပါက လည်ပင်းတစ်လျှောက် နာကျင်ရကြောင်း သူက ပြောပါတယ်။ သူရဲ့ ပုံစံကြောင့် လူတွေက ” ဘီလူးကြီး”လို့ ခေါ်ခံရတယ်လို့လည်း ဆိုပါတယ်။

သူဟာ လူငယ်ဘ၀က ကောင်မလေးတွေရဲ့ မျက်နိုးမှုကို ခံခဲ့ရတယ်လို့လည်း ပြန်ပြောင်းပြောပြပါတယ်။ အရင်က ဆေးကုဖို့ စိတ်ကူးရှိခဲ့ပေမယ့် နောက်ပိုင်းမှာ အလုပ်မပေးချင်ကြတော့လို့ ပုံမှန်ဝင်ငွေမရှိတော့ကြောင်း၊ အခုဆို အိမ်မှာပဲ နေရတာ ကြာပြီဖြစ်လို့ ဆေးကုသဖို့ကို လက်လျှော့ခဲ့ရကြောင်း Hossain က ဆိုပါတယ်။ ဒါပေမယ့် ရွာက ချမ်းသာသူတွေက အစာနဲ့ အ၀တ်ကို လာလာပေးကြတယ်လို့လည်း သူက ဂုဏ်ပြုခဲ့ပါတယ်။

READ
ကျေးဇူးတော်ချီးမွမ်းပွဲအတွက်ကြက်ဆင်အကောင်ရေ(၁,၀၀၀)ကိုလှူဒါန်းခဲ့တဲ့Meek Mill

ဒါပေမယ့် အခုအခါမှတော့ Hossain ဆေးကုသမှုခံယူဖို့အတွက် ဒေသခံလူမှုရေးအသင်း Mohammed Mamun Biswas က အလှူငွေများ ကောက်ခံလျှက်ရှိပြီး၊ အစိုးရကိုလည်း အကူအညီတောင်းထားကြောင်း၊ ရာထားချက်ပြည့်မီတာနဲ့ Hossain ကို ဆေးကုစေမှာဖြစ်ကြောင်း ဆိုပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE