
ပျားဆိုတဲ့ သတ္တဝါဟာ တော်တော်လေးကို အံ့သြပြီး ထူးဆန်းတဲ့ အကောင်လေးတွေ ဖြစ်ပါတယ်။ ပန်းတွေမှာရှိတဲ့ ဝတ်ရည်တွေကို စုဆောင်းသယ်ယူပြီး ပျားအုံတစ်ခုအဖြစ် ဖန်တီးနိုင်တာ သူတို့ရဲ့ ထူးခြားတဲ့ စွမ်းအင်တစ်ခုပါပဲ။ ပျားလေးတွေ ရှိလို့လည်း ဒီနေ့ဒီအချိန်မှာ ကျွန်တော်တို့ လူသားတွေ ပျားရည်သောက်နိုင်တာလို့တောင် ပြောရပါမယ်။ အခုလည်း ပျားအကောင်ရေ ၆၀,၀၀၀ ကျော်နဲ့ ဖန်တီးခဲ့တဲ့ Nefertiti မျက်နှာပုံစံ ပျားသလက်တစ်ခုအကြောင်းကို ပြောပြပေးသွားချင်ပါတယ်။

Nefertiti ဆိုတာကတော့ အီဂျစ်နိုင်ငံရဲ့ ရှေးဟောင်း ဘုရင်မတစ်ဦးအဖြစ် လူသိများပါတယ်။ ၁၈ ရာစုနှစ်ပိုင်းတုန်းက အီဂျစ်ဘုရင်ကြီး Pharaoh Akhenaten ရဲ့ မိဖုရားကြီးအဖြစ် ကျော်ကြားသလို နှစ်ဦးစလုံးဟာ အီဂျစ်ဘာသာရေးကို တော်လှန်တဲ့ ဇနီးမောင်နှံတွေလည်း ဖြစ်ပါတယ်။ အခုလည်း Slovakia နိုင်ငံရဲ့ နာမည်ကြီး artist တစ်ဦးဖြစ်တဲ့ Tomas Libertiny ကနေပြီးတော့ Nefertiti ရဲ့ မျက်နှာပုံစံ ပျားသလက်ကို တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုပုံစံမျိုး ပျားသလက်ကို ရရှိဖို့အတွက် Tomas ဟာ ပျားအကောင်ရေ ၆၀,၀၀၀ ကျော်ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
View this post on Instagram

ပထမဦးဆုံးအနေနဲ့ Tomas ဟာ Nefertiti မျက်နှပုံစံ 3D frame ကို အရင်ဆုံး ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဖန်လှေင်အိမ် တစ်ခုထဲကို အဆိုပါ 3D frame ပုံစံကို ပျားအကောင်ရေ ၆၀,၀၀၀ ကျော်နဲ့ ထည့်သွင်းခဲ့ပါတယ်။ ဒါ့အပြင် ပျားတွေ ဝတ်ရည်သယ်ဆောင်ပြီး Nefertiti ပုံစံ ပျားသလက် ဖြစ်ပေါ်လာဖို့အတွက် Tomas ဟာ ဖန်လှောင်အိမ်နဲ့ အပြင်ပတ်ဝန်ကျင်ကို ဆက်ထားတဲ့ ပိုက်ကြီးတစ်ပိုင် ဆောက်လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ အချိန် ၂ နှစ်ကျော် ကြာတဲ့အချိန်မှာ Tomas လိုချင်တဲ့ Nefertiti ပုံစံ ပျားသလက်ကြီး ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အဆိုပါ Nefertiti ပုံစံ ပျားသလက်ကို Studio Libertiny ပြခန်းထဲမှာ ထားရှိပြီး ရောင်းဈေးကတော့ အမေရိကန်ဒေါ်လာ ၄၆,၂၀၀ ပဲ ဖြစ်ပါတယ်။ Tomas ဟာ ပျားသလက်ပုံစံ အရာဝတ္တုတွေကို တီထွင်ဖန်တီးတဲ့နေရာမှာ နာမည်ကြီးတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။
View this post on Instagram
“ကျွန်တော်ကတော့ အဲဒီလို ပျားတွေကို အသုံးပြုပြီး ကိုယ်ပုံဖော်ချင်တဲ့ အရာဝတ္တုတွေ၊ လူရုပ်ပုံတွေကို တီထွင်ဖန်တီးရတာ အရမ်းစိတ်အားထက်သန်ပါတယ်။ အခု Nefertiti ဆိုရင်လည်း တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ မိဖုရားတစ်ယောက်ဖြစ်တဲ့အပြင် powerful female တစ်ယောက်ပါ။ သူ့ရဲ့ ပုံစံကို ဒီလိုမျိုး ပျားသလက်ပုံစံတစ်ခုအဖြစ် ပုံဖော်ခွင့်ရတာ တစ်ကယ့်ကို ဂုဏ်ယူမိပါတယ်”လို့ Tomas က Bored Panda သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
View this post on Instagram
View this post on Instagram
Pyi Hein Kyaw