ကားတစ်စီးမောင်းပြီး (၁၁)လအတွင်း နိုင်ငံပေါင်း(၅၉)နိုင်ငံကို လည်ပတ်ခဲ့တဲ့ အမျိုးသား

[email protected] steering_story

အခုပြောပြချင်တဲ့ အမျိုးသားတစ်ယောက်ကတော့ ခရီးထွက်ရတာကို တော်တော်လေးကြိုက်နှစ်သက်တဲ့ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသားကတော့ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ Praveen Mehta လို့ အမည်ရတဲ့ အမျိုးသားပဲ ဖြစ်ပါတယ်။ Praveen ဟာ (၁၁)လ အတွင်းမှာ နိုင်ငံပေါင်း ၅၉ နိုင်ငံကို ခရီးထွက်ခဲ့တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင်အဆိုပါ နိုင်ငံတွေက အရေးပါတဲ့လူတွေ၊ ကမ္ဘာကြီးကို နည်းလမ်းမျိုးစုံနဲ့ ပြောင်းလဲနေတဲ့ ပုဂ္ဂိုလ်တွေ၊ ပရဟိတသမားတွေနဲ့ပါ တွေ့ဆုံခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

A post shared by Praveen Mehta (@steering_story)

အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ Praveen ဟာ တစ်နေ့တစ်နေ့ တစ်ချိန်ချိန်ကျရင် ကားတစ်စီးနဲ့ ကမ္ဘာပတ်ဖို့ကို စိတ်ကူးခဲ့သူတစ်ယောက်ဖြစ်ပြီး အဲဒီစိတ်ကူးကိုတော့ ၂၀၁၉ ခုနှစ်၊ ဧပြီလမှာ စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ ပထမဦးဆုံး Bhutan နိုင်ငံကို စသွားခဲ့ပြီးနောက်မှာတော့ အိန္ဒိယဖက်ကို ပြန်လှည့်လာပြီး မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက နာရေးကူညီမှုအသင်းရဲ့ ဥက္ကဌဖြစ်သူ ဦးကျော်သူကို ဝင်ရောက်တွေ့ဆုံခဲ့ပြီး အင်တာဗျူးတစ်ချိုကတောင် ပြုလုပ်ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Praveen Mehta (@steering_story)

အဲဒီနောက်မှာတော့ အာရှတိုက်က နိုင်ငံတွေအပြင် Russia, Baltic, အင်္ဂလန်နိုင်ငံအပါအဝင် ဥရောပနိုင်ငံ ၃၀ လောက်ကို ကားတစ်စီးနဲ့ ခရီးထွက်ခဲ့ပါတယ်။ သွားတဲ့ လမ်းခရီးလမ်းတစ်လျှောက်မှာလည်း Gustavo Goretti တို့လို နာမည်ကျော် သတင်းထောက်တွေ၊ Cynthia Muang တို့လို ပရဟိတသမားတွေနဲပလည်း တွေ့ဆုံခဲ့ပါသေးတယ်။ ဒီလိုနဲ့ Praveen ရဲ့ ခရီးစဉ်ဟာ ၂၀၂၀ခုနှစ်၊ မတ်လမှာ ပြီးဆုံးသွားခဲ့ပြီး အိန္ဒိယနိုင်ငံသို့ ပြန်သွားခဲ့ပါတယ်။

READ
အိန္ဒိယမှာ ပြင်းထန်တဲ့ရေကြီးမှုဖြစ်ပွားခဲ့ပြီး (၂၈)ဦးသေဆုံးကာ (5)သိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့

 

 

View this post on Instagram

 

A post shared by Praveen Mehta (@steering_story)

 

View this post on Instagram

 

A post shared by Praveen Mehta (@steering_story)

“တော်တော်လေးကို ပျော်ဖို့ကောင်းတဲ့ ခရီးစဉ်ကြီးတစ်ခုပါ။ လူပေါင်းစုံနဲ့တွေ့ရသလို နေရာအနှံ့မှာရှိတဲ့ သဘာဝတရားရဲ့ အလှတွေကိုလည်း ခံစားခဲ့ရပါတယ်။ အသိပညာဗဟုသုတတွေ၊ နိုင်ငံတိုင်းရဲ့ ယဉ်ကျေးမှုတွေကို လေ့လာသိရှိခွင့် ရရှိခဲ့သလို ကိုယ် Inspire ဖြစ်တဲ့လူတွေနဲ့လည်း ဆုံတွေ့ခွင့်ရခဲ့တဲ့အတွက် တော်တော်လေးကို ပျော်ပါတယ်။ ဘာပဲဖြစဖြစ် အရင်ကတည်းက စိတ်ကူးခဲ့တဲ့အရာတစ်ခုကို လက်တွေ့အကောင်အထည်ဖော်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်”လို့ Praveen က TOI သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

READ
လွှင့်ပစ်လိုက်တဲ့တစ်ရှူးကြောင့် လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က လူသတ်မှုနဲ့ အဖမ်းခံခဲ့ရသူ

 

 

View this post on Instagram

 

A post shared by Praveen Mehta (@steering_story)

Pyi Hein Kyaw

SHARE