အမျိုးသမီးနှစ်ယောက်ကို တစ်ချိန်တည်းတစ်နေရာတည်းမှာ လက်ထပ်ခဲ့တဲ့ အမျိုးသား

[email protected]

လက်ထပ်မင်္ဂလာပွဲဆိုတာ နှစ်ဖက်မိဘအသိုင်းအဝိုင်းအပြင် လက်ထပ်ထိမ်းမြာရတဲ့ ဇနီးမောင်နှံအတွက်ပါ ကောင်းမွန်တဲ့ နေ့ထူးနေ့မြတ်တစ်ခုပါ။ လူတိုင်းနီးပါး လက်ထပ်လေ့ရှိတဲ့ ဓလေ့ကတော့ နှစ်ယောက်တည်း လက်ထပ်တဲ့ မင်္ဂလာပွဲမျိုးပါ။ ဒါပေမယ့် အခုပြောပြချင်တဲ့ မင်္ဂလာပွဲကတော့ လူသုံးယောက်ဟာ လက်ထပ်တဲ့ မင်္ဂလာပွဲတစ်ခုပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ အမျိုးသားတစ်ယောက်ဟာ အမျိုးသမီးနှစ်ယောက်ကို အရမ်းချစ်ပြီး ဘယ်သူနဲ့မှ မခွဲချင်တာကြောင့် နောက်ဆုံးမှာ အဆိုပါ အမျိုးသမီးနှစ်ယောက်စလုံးကို လက်ထပ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။

Pixabay-VeronikaPujari

အဆိုပါ အမျိုးသားကတော့ အိန္ဒိယနိုင်ငံ၊ Chattisgarh ပြည်နယ်ရှိ အသက် ၂၄ နှစ်အရွယ် Chandu Maurya အမည်ရ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Chandu ဟာ လယ်ယာမြေ အနည်းငယ်ပိုင်ဆိုင်တဲ့ လယ်သမားတစ်ဦးဖြစ်သလို အလုပ်ကြမ်းသမား တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်အစောပိုင်းတုန်းက Chandu ဟာ Tokpal ဒေသမှာ လမ်းမီးတိုင်းတွေ စိုက်ရတဲ့ အလုပ်ကို သွားရောက်လုပ်ကိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ အသက် ၂၁ နှစ်အရွယ်ရှိ နယ်ခံအမျိုးသမီးလေး Sundari နဲ့ ချစ်ကြိုက်ခဲ့ကြပါတယ်။ ၂ နှစ်ကျော် တွဲလာခဲ့ပြီး နောက်ပိုင်းမှာတော့ Chandu ဟာ Sundari နဲ့ လက်ထပ်ဖို့ အစီအစဉ်တွေတောင် ဆွဲခဲ့ကြပါတယ်။

[email protected]

ဒီလိုနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အစောပိုင်းမှာတော့ Chandu ဟာ Tikralohnga ရွာက အမျိုးတစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို သွားရင်နဲ့ အသက် ၂၀ အရွယ် Haseena Baghel ကို စိတ်ဝင်စားခဲ့မိပါတယ်။ Chandu ပြောပြပုံအရဆိုရင်တော့ Haseena ဟာ သူ့ကို တစ်ဖက်သတ်တွေ ရေလာမြောင်းပေး အရမ်းလုပ်လွန်းလို့ သူ့အနေနဲ့ Haseena ကို မြင်မြင်ချင်း ချစ်မိခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း Sundari နဲ့ တွဲနေတာကြောင့် Chandu ဟာ Haseena ကို သူ့ရဲ့ ဖုန်းနံပါတ်ပေးပြီး ရွာပြန်သွားခဲ့ပါတယ်။ ဒီလိုနဲ့ သိပ်မကြာခင်အချိန်အတွင်းမှာ Haseena ဟာ Chandu ရဲ့ အိမ်အထိလိုက်လာပြီး Chandu နဲ့ အတူတူ နေချင်ကြောင်း ပေါ်တင်ကြီးကို ပြောခဲ့ပါတယ်။ ဒီသတင်းကို ကြားသွားတဲ့ Sundari လည်း Chandu အိမ်အထိ လိုက်လာခဲ့ပါတယ်။

READ
ဘုန်းတော်ကြီး Live လွှင့်နေတုန်း လူမိသွားခဲ့တဲ့ နွားနို့သူခိုးလေးရဲ့ အဖြစ်

 

ဒီလိုနဲ့ နောက်ဆုံးမှာတော့ Chandu ဟာ နှစ်ယောက်စလုံးကို အိမ်ပေါ်ခေါ်တင်ထားခဲ့ပြီး သူနဲ့အတူတူ နေခိုင်းခဲ့တာကို Sundari ကော၊ Haseena ကော သဘောတူခဲ့ပါတယ်။ ဒါပေမယ့် Chandu ရဲ့ အိမ်ဟာ ဒီလိုမျိုးကြီး ရေရှည်နေရင် ပတ်ဝန်းကျင်အတွက် အဆင်မပြေတာကြောင့် Chandu ကို တစ်ယောက်ယောက်အား သေသေချာချာ ရွေးပြီး လက်ထပ်ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် Chandu ဟာ Sundari နဲ့ Haseena ကော ဘယ်သူ့ကိုမှ လက်မလွှတ်ချင်တာကြောင့် နှစ်ယောက်စလုံးကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး မင်္ဂလာပွဲကိုလည်း သုံးဖက်မိဘအသိုင်းအဝိုင်းတွေရှေ့မှာတင် လက်ထပ်ပွဲကျင်းပပြီး မင်္ဂလာဆောင်ခဲ့ကြောင်း သိရှိရပါတယ်။

READ
ငယ်စဉ်ကလေးဘဝတုန်းက လူတိုင်းနီးပါး ပြုလုပ်ခဲ့ဖူးတဲ့ ထူးထူးခြားခြား အပြုအမူများ

Pyi Hein Kyaw

SHARE