အိမ်ခြေရာမဲ့ အမျိုးသမီးကြီးကို တိုက်ခန်းတစ်ခန်းဝယ်ပေးပြီး surprise လုပ်ခဲ့တဲ့ အမျိုးသား

[email protected]

လောကမှာ ဘယ်သူမဆို ပြည့်ပြည့်စုံစုံနဲ့ နေချင်တဲ့ လူတွေကြီးပါပဲ။ ကိုယ်ပိုင်အိမ်လေး၊ ကိုယ်ပိုင်ကားလေး၊ ကိုယ်ပိုင်မိသားစုလေးနဲ့ နေချင်တာကတော့ လူတော်တော်များများရဲ့ ဆန္ဒပါပဲ။ ဒါပေမယ့်လည်း အခြေအနေအကြောင်းကြောင်းကြောင့် နေစရာအခက်အခဲဖြစ်ပြီး အိမ်ခြေရာမဲ့ ဖြစ်နေကြတဲ့ လူတွေရှိသလို တစ်နေ့ကို ထမင်းတစ်နပ်စားဖိုပတောင် ဒုက္ခရောက်နေကြတဲ့ လူတွေလည်း အများကြီး ရှိတတ်ပါတယ်။ အခုလည်း အမျိုးသားတစ်ယောက်ဟာ ကားမောင်းနေတုန်း လမ်းဘေးမှာ ဖိနပ်မပါပဲ နေနေရတဲ့ အိမ်ခြေရာမဲ့ အမျိုးသမီးကြီးတစ်ဦးကို တွေ့ခဲ့ပြီး သနားစိတ်ဝင်ခဲ့ပါတယ်။ ဒါ့ကြောင့် နောက်ဆုံးမှာတော့ အဆိုပါ အိမ်ခြေရာမဲ့ အမျိုးသမီးကြီးအတွက် နေစရာတိုက်ခန်းတစ်ခန်းဝယ်ပေးကာ surprise လုပ်ခဲ့ကြောင်း သိရှိရပါတယ်။

 

@isaiahgarzaintlPART 1: Robin has been homeless for 10 years. Today we got her an apartment thanks to my followers/gofund/tiktok #giveback #HolidayDecor♬ This Wisp Sings by Winter Aid but slowed down – lastmanstanley

အဆိုပါ အမျိုးသားကတော့ Isaiah Garza အမည်ရ အမျိုးသားတစ်ဦး ဖြစ်ပါတယ်။ Isaiah ဟာ နာမည်ကြီး Tiktok ဆယ်လီတစ်ဦးဖြစ်သလို အိမ်ခြေရာမဲ့တွေရဲ့ လိုအပ်တာတွေကို မကြာခဏ ထောက်ပံ့ပေးလေ့ရှိသူတစ်ဦး ဖြစ်ပါတယ်။ အခုလည်း Isaiah ဟာ ကားမောင်းနေတုန်း Robin အမည်ရ အိမ်ခြေရာမဲ့ အမျိုးသမီးကြီးတစ်ဦးကို သတိထားခဲ့မိပါတယ်။ ဒါ့ကြောင့် ပထမဦးဆုံးမှာတော့ Isaiah ဟာ Robin ကို စကားစမြည်ပြောကြည့်ပြီး Robin အတွက် ဖိနပ်နဲ့ ငွေသားတစ်ချို့ကို ထောက်ပံ့ပေးခဲ့ပါတယ်။

READ
သြစတေးလျမှာ တစ်ခေတ်ဆန်းတော့မယ့် ခွေးလေးတွေရဲ့ အော်ပရာ

 

@isaiahgarzaintlPart 2 of 3: Robins been homeless for 10 years. Last week we got her an apartment thanks to my followers/Gofund. Here’s her full reaction! #giveback♬ This Wisp Sings by Winter Aid but slowed down – lastmanstanley

အဲဒီနောက်မှာတော့ Isaiah ဟာ Robin ဆီကို မကြာခဏအလည်သွားကာ Robin အတွက် အဝတ်အစား၊ အစားအစာနဲ့ ပိုကဆံတစ်ချို့ကို ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ဖက်မှာလည်း Robin ဟာ GoFundMe ဝက်ဘ်ဆိုက်မှာ Robin အတွက် နေဖို့အတွက် တိုက်ခန်းဝယ်နိုင်အောင်လို့ အလှူခံခဲ့ပါတယ်။ Robin ရဲ့ ပရိသတ်တွေကလည်း အလှူငွေတွေ ဝိုင်းထည့်ခဲ့ကြရာ နောက်ဆုံးမှာတော့ အမေရိကန်ဒေါ်လာ ၅၈,၀၀၀ ကျော် ရရှိခဲ့ပါတယ်။ အဆိုပါ ပိုက်ဆံနဲ့ပဲ Isaiaih ဟာ Robn နေဖို့ တိုက်ခန်းတစ်ခန်းကို ၂ နှစ်စာချုပ်နဲ့ ငှားရမ်းခဲ့ပြီး Robin ကို surprise လုပ်ခဲ့ပါတယ်။

READ
ရောဂါသည် ညီလေးအတွက် ကိုယ်တိုင်ဈေးရောင်းပြီး ဆေးဖိုးရှာပေးတဲ့ (၉)နှစ်သားကောင်လေး
GoFundMe

Robin ကတော့ Isaiah ရဲ့ အကူအညီကြောင့် အခုဆိုရင် ကိုယ်ပိုင်တိုက်ခန်းလေးနဲ့ နေနိုင်ပြီဖြစ်တာကြောင့် တော်တော်လေးကို ဝမ်းသာပြီး ပျော်ရွှင်နေခဲ့ပါတယ်။ “ဘာပဲဖြစ်ဖြစ် အခုဆိုရင်တော့ Robin ဟာ ကိုယ်ပိုင်တိုက်ခန်းလေးနဲ့ နေနိုင်သွားပါပြီ။ အခုအချိန်ကနေ နောက် ၂ နှစ်အထိ Robin တစ်ယောက် စိတ်ချမ်းချမ်းသာသာနဲ့ နေထိုင်လို့ ရနေပါပြီ။ ကျန်တဲ့ ၂ နှစ်နောက်ပိုင်းမှာလည်း Robin တစ်ယောက် အိမ်ခြေရာမဲ့ဘဝ ပြန်မရောက်အေင် ကျွန်တော်တက်နိုင်သလောက် ကူညီပေးသွားမှာပါ”လို့ Isaiah က Lad Bible သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

 

@isaiahgarzaintlI took the sweetest homeless lady (Robin) shopping for her birthday. Please help me get her a home for Christmas #giveback #HolidayVibes♬ This Wisp Sings by Winter Aid but slowed down – lastmanstanley

Pyi Hein Kyaw

SHARE