မယုံကြည်နိုင်ဖွယ် ပုံစံမျိုးနဲ့ အသက်ဘေးကနေ လွတ်ခဲ့တဲ့ ကမ္ဘာ့ကံအကောင်းဆုံး အမျိုးသား

[email protected]

လောကမှာ မတော်တဆမှုတွေ ခဏခဏတွေ့ဖူးကြုံဖူးကြားဖူးကြမှာပါ။ တစ်ခါတစ်လေကျရင် မတော်တဆမှုတွေဖြစ်ပြီး သေပြီလို့ထင်ထားတဲ့လူတွေဟာ မသေပဲနဲ့ ပြန်ရှင်လာတာတွေ၊ ဘာမှမဖြစ်တာတွေ တွေ့ဖူးကြမှာပါ။ အခုလည်း အမျိုးသားတစ်ယောက်ဟာ သူ့ဟာသူ နေနရင်းနဲ့ မြေတူးကားကြီးတစ်စီးဟာ သူ့ဆီကို အရှိန်နဲ့ ပြေးဝင်လာသော်လည်း မသေပဲနဲ့ အသက်ရှင်ခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

ပုံထဲမှာ တွေ့ရတဲ့အတိုင်း အမျိုးသားတစ်ယောက်ဟာ လမ်းဘေးမှာ ဆိုင်ကယ်ရပ်ပြီး ဒီအတိုင်း စကားပြောနေခဲ့ပါတယ်။ အဲဒီအချိန်မှာ မထင်မှတ်ထားတာကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ မြေတူးစက်ကားကြီးတစ်စင်းဟာ အရှိန်မထိန်းနိုင်ပဲနဲ့ အဆိုပါအမျိုးသားရပ်နေတဲ့ဆီကို ပြေးဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီမြေတူးစက်ကားကြီးဟာ အဆိုပါအမျိုးသားဆီကို မရောက်ခင် လက်မတင်အလိုကလေးမှာ နောက်ထပ်မထင်ထားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ SUV တစ်ဖက်ကားလမ်းက SUV ကားတစ်စီးဟာ အရှိန်နဲ့ မောင်းလာရာကနေ အရှိန်မထိန်းနိုင်ပဲ မြေတူးစက်ကားကြီးကို ဝင်တိုက်ခဲ့တာပါပဲ။

ဒီလိုတိုက်လိုက်တာဟာ လမ်းဘေးမှာ ရပ်နေတဲ့ အဆိုအမျိုးသားရဲ့ အသက်ကို ကယ်တင်လိုက်တာပါပဲ။ ဒီလိုနဲ့ အဆိုပါအမျိုးသားဟာ အသက်ဘေးကနေ သီသီလေးလွတ်မြောက်လာခဲ့ပြီး သူရပ်ထားတဲ့ ဆိုင်ကယ်ပဲ ထိခိုက်ခဲ့ပါတယ်။ တစ်ဖက်က SUV ကားကတော့ ကားအရှေ့ခေါင်းက တော်တော်လေးကို စုတ်ပြတ်ခဲ့ပြီး ကားထဲကလူနှစ်ယောက်ကတော့ ကံကောင်းစွာနဲ့ပဲ ဘာမှမဖြစ်ခဲ့ပါဘူး။ ဒီဗီဒီယိုကိုမြင်တဲ့ ဆိုရှယ်မီဒီယာအသုံးပြုသူတော်တော်များများကတော့ အဆိုပါအမျိုးသားကို တော်တော်ကံကောင်းတဲ့လူအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

READ
အိမ်ထောင်စု(၄)သိန်းကျော်အတွက် ဒေါ်လာသန်း(၂၀) ထောက်ပံ့ပေးမယ့် စင်္ကာပူအစိုး
[email protected]

Pyi Hein Kyaw

SHARE