ကာတွန်းတစ်ကားကို ကြိုက်တယ်ဆို အလွန်ဆုံး သူနဲ့ ပတ်သက်တဲ့ အသုံးအဆောင်ပစ္စည်းတွေ သုံးတာမျိုးလောက်ပဲရှိတတ်ကြမှာပါ။ ဥပမာ ကျွန်တော်က Mickey Mouse ကြိုက်တယ်ဆိုရင် Mickey Mouse ပါတဲ့ အင်္ကျီလေးတွေ၊ ခေါင်းအုံးစွတ်တွေဘာတွေကိုပဲ သုံးမှာပေါ့နော်။
ဒါပေမဲ့လည်း အခု Geek Culture မှာ သတင်းပါခဲ့တဲ့ လူငယ်လေးတစ်ဦးကတော့ သူ့ရဲ့ရူးသွပ်မှုကို လုံးဝကြီးတစ်ဆင့်မြှင့်ခဲ့ပါတယ်။ အဲဒါကတော့ ဒီလိုပါ။

အင်ဒိုနီးရှားနိုင်ငံက လူငယ်လေးတစ်ယောက်ပါ။ နာမည်ကတော့ Syamsul Bhri ပါတဲ့။ အသက်ပြည့်လို့ မှတ်ပုံတင်လည်းလုပ်ရော သူကြိုက်တဲ့ကာတွန်းထဲကပုံတစ်ပုံကိုထည့်ပြီးလုပ်ခဲ့တယ်တဲ့လေ။ သဘောကျရတဲ့ကာတွန်းကတော့ Naruto ဖြစ်ပါတယ်။ Naruto ဟာ ဂျပန်နိုင်ငံရဲ့ ထိပ်တန်း anime တစ်ခုဖြစ်ပြီး အခုချိန်ထိကို အောင်မြင်နေဆဲပဲ။ တစ်ချို့နာမည်ကြီးအနုပညာရှင်တွေတောင်မှပဲ ကြိုက်နှစ်သက်ရတဲ့ ဇာတ်လမ်းပေါ့။
အခုလည်း Syamsul Bhri ဟာ သူ့ရဲ့ မှတ်ပုံတင်ထဲ ထိုးရမယ့် လက်မှတ်နေရာမှာ Naruto ထဲက အမှတ်တံဆိပ်ကို ထိုးခဲ့ပါတော့တယ်။ လက်မှတ်ကိုလည်းကြည့်ဦး။ Naruto နေထိုင်တဲ့ Konoha ရွာနဲ့ အမှတ်တံဆိပ်ပါ။ ဒါကိုလည်း သူကိုယ်တိုင် ဓာတ်ပုံရိုက်ပြီးတောာ့ Twitter မှာ တင်လာခဲ့တာပါ။
Buruh brp lama buat paham pic.twitter.com/cAa8qLE6z1
— Kegoblogan.Unfaedah (@kegblgnunfaedh) January 15, 2021
မှတ်ပုံတင်လုပ်တုန်းက လက်မှတ်ထိုးပေးတုန်းကဆိုရင် အဲဒီက အရာရှိက သူ့ကိုတောင် မင်းလက်မှတ်က ဘာကြီးလဲဆိုပြီး မေးခဲ့ပါသေးတယ်တဲ့။ အဲဒါကို Syamsul လည်း ငယ်ငယ်ကတည်းက ဒီလိုပဲထိုးလာတာဆိုပြီးတော့ ရုပ်တည်နဲ့ပြန်ဖြေလိုက်တော့ ယုံသွားတယ်တဲ့လေ။ အခုဆိုရင် သူ့တစ်သက်တာအတွက် တရားဝင်လက်မှတ်က Naruto တံဆိပ်ဖြစ်သွားခဲ့ပါပြီ။

penny