အစားတစ်လုပ်အတွက်ကြောင့် ဒေါ်လာ(၁,၆၀၀)ကျော် ဒဏ်အရိုက်ခံခဲ့ရတဲ့ အမျိုးသား

Wikimedia

အစားတစ်လုပ်အတွက်ကြောင့်နဲ့ ဒုက္ခရောက်မယ်ဆိုတဲ့ စကားကို တော်တော်များများ ကြားဖူးကြမှာပါ။ ဒီလိုအပြောခံရတဲ့ လူတွေကတော့ အစားတစ်လုပ်လောက်နဲ့ ဘာတွေများ ဒုက္ခရောက်မှာလဲလို့ မေးခွန်းပြန်ထုတ်တတ်ကြပါတယ်။ အခုလည်း သြစတြေးလျနိုင်ငံက အမျိုးသားတစ်ယောက်ဟာ သူနေတဲ့မြို့ကနေ (၃၂) ကီလိုမီတာ အကွာအဝေးမှာရှိတဲ့ စားသောက်ဆိုင်ကနေ ကြက်သားထောပတ်ဟင်းစားချင်လို့ ကားမောင်းထွက်ခဲ့ရာမှ အမေရိကန်ဒေါ်လာ (၁,၆၅၂) ဒေါ်လာ ဒဏ်ငွေအရိုက်ခံခဲ့ရကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Wikimedia

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်ပွားနေဆဲ အခြေအနေဖြစ်တာကြောင့် သြစတြေးလျနိုင်ငံမှာ ပြည်တွင်းတစ်မြို့ကနေတစ်မြို့ကို သွားလာခွင့်တွေ ပိတ်ထားပါသေးတယ်။ ဒါပေမယ့် အမည်ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသားဖြစ်သူတစ်ယောက်ဟာ Werribee မြို့မှ Melbourne မြို့သို့ သွားရောက်ခဲ့ပါတယ်။ ဒီလိုသွားရောက်လည်ပတ်တာကလည်း တစ်ခြားအကြောင်း မဟုတ်ပါဘူး။ Melbourne မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်က ကြက်သားထောပတ်ဟင်း စားချင်လို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Werribee မြို့ကနေ Melbourne မြို့သို့ သွားရောက်နေတဲ့ လမ်းမှာတင် စစ်ဆေးရေးတပ်ဖွဲနဲ့ တွေ့ခဲ့ပြီး Lockdown စည်းမျဉ်းစည်းကမ်းဖောက်ဖျက်မှုနဲ့ အဖမ်းခံခဲ့ရပါတယ်။

READ
အိမ်ထောင်ဖက်အဖြစ်လက်တွဲဖို့ လုံးဝမစဉ်းစားသင့်တဲ့ ယောကျာ်းအမျိုးအစားများ

https://twitter.com/AussiePatriot17/status/1284628964779028480?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1284628964779028480%7Ctwgr%5E&ref_url=https%3A%2F%2Fwww.storypick.com%2Fmelbourne-man-butter-chicken%2F

“အာဏာပိုင်တွေကနေ ဒီလိုခွင့်ပြုချက်မရပဲ တစ်မြို့ကနေ တစ်မြို့ကို သွားလာခွင့်ပိတ်ထားတာ ကြာပါပြီ။ ဒီလိုမျိုး သိသိရက်နဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေကို ချိုးဖောက်တာ ပိုပြီးအပြစ်ကြီးပါတယ်။ အခုကလည်း သေရေးရှင်ရေး ကိစ္စလည်း မဟုတ်ပါဘူး။ အစားတစ်လုပ်အတွက်နဲ့ ဒီလိုမျိုး စည်းကမ်းမရှိတဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အခုလို ဒေါ်လာ ၁၆၀၀ ကျော် ဒဏ်ရိုက်ခဲ့ခြင်း ဖြစ်ပါတယ်” လို့ သြစတြေးလျရဲအရာရှိတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE