စာအုပ်ပုံကြီးထဲမှာ နေရတာ မွေ့လျော်တယ်ပြောပြီး ကူငွေတွေကို ငြင်းပယ်ခဲ့တဲ့ အမျိုးသားကြီး

[email protected]

ငွေဆိုတာ လူတိုင်းအတွက် လိုအပ်တဲ့ အရာတစ်ခုပါ။ လူသားတော်တော်များများကတော့ ငွေကို ကြိုက်နှစ်သက်ကြပြီး တစ်ချို့လူတွေဆိုရင် ငွေဆိုတာ ဒုတိယဘုရားသခင်လို့ကို ခံယူထားတဲ့ လူတွေ ရှိကြပါတယ်။ ကိုယ့်ကို လူတစ်ယောက်က ငွေတွေအများကြီး လာပေးတာတို့၊ လာလှူတာတို့ဆိုရင် လူတိုင်းလိုလို လက်ခံမိကြမှာတော့ အမှန်ပါပဲ။ ဒါပေမယ့် ဒီလိုမျိုး ကိုယ့်ကို လာပေးတဲ့ ငွေတွေကို လုံးဝ မယူတဲ့ လူတစ်ယောက်တော့ ရှိပါတယ်။ အဲဒီလူကတော့ အိန္ဒိယနိုင်ငံက လမ်းဘေးတစ်နေရာမှာ စာအုပ်ရောင်းကာ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ဒုက္ခိတအမျိုးသားကြီးတစ်ယောက်ဖြစ်ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

အဆိုပါ အမျိုးသားကြီးကတော့ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရဲ့ အနောက်ဖက်ရှိ Andheri မြို့ရဲ့ လမ်းဘေးတစ်နေရာမှာ စာအုပ်ရောင်းချနေတဲ့ Rakhesh အမည်ရှိ အမျိုးသားကြီးပဲ ဖြစ်ပါတယ်။ Rakhesh ဟာ ဘယ်ဖက်လက်တစ်ဖက် မရှိတော့ပေမယ့် လူမှန်းသိတတ်စအရွယ်ကတည်းက စာအုပ်တွေရောင်းချရင်း အသက်မွေးဝမ်းကျောင်းပြုလုပ်ခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ Rakhesh ရောင်းတဲ့ စာအုပ်အများစုဟာ second-hand စာအုပ်တွေဖြစ်ပြီး ဘယ်စာအုပ်ယူယူ ၁၀ ရူပီးနဲ့ ရောင်းချပေးနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ Rakhesh ဟာ နေ့တိုင်းလိုလို စာအုပ်တွေကြားထဲမှာပြီး စာအုပ်ဖတ်ရင်း စာအုပ်ရောင်းချရတာကို အင်မတန်ကြိုက်နှစ်သက်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ လူတော်တော်များများဟာ Rakesh ကို သတိထားမိပြီး Rakhesh အတွက် အလှူခံကာ ငွေလှူဒါန်းတာကိုတောင် Rakhesh က ငြင်းဆန်ခဲ့ပါတယ်။

READ
ကိုယ်အင်္ဂါမပြည့်စုံပေမယ့် သမာအာဇီဝကျကျ၊ ကျွမ်းကျင်မှုနှင့်တကွ ၀မ်းစာကြောင်းနေသူ

 

“ကျွန်တော့်အတွက်က ငွေမလိုပါဘူး။ အများအမြင်မှာ ကျွန်တော်က ဒုက္ခိတတစ်ယောက်ဖြစ်ပြီး သနားစရာကောင်းနေပေမယ့် ကျွန်တော့် ဘဝက အရမ်းပြည့်စုံပါတယ်။ ဒီစာအုပ်ပုံတွေကြားထဲမှာပဲ ကျောတစ်ခင်းစာ အိပ်လို့ရသလို ဒီစာအုပ်ရောင်းတဲ့ ငွေနဲ့ပဲ ထမင်းတစ်နပ် ကောင်းကောင်းဝယ်စားနိုင်ပါတယ်။ ကျွန်တော့် ဘဝမှာ စာအုပ်တွေရှိနေရင်ကိုပဲ ဘဝက ပြီးပြည့်စုံနေပါပြီ။ ကျွန်တော့်ကို လှူမယ့် ပိုက်ဆံတစ်ကယ် အသုံးလိုတဲ့ အိမ်ခြေရာမဲ့တွေကို လှူဒါန်းပေးရင်ပဲ ကျွန်တော်ဝမ်းသာပါတယ်”လို့ Rakhesh က ပြောကြားခဲ့ပါတယ်။

READ
နို့ချိုမတိုက်ကျွေးနိုင်တဲ့ ဇနီးသည်ကိုယ်စား မွေးကင်းစ ရင်သွေးလေးကို နို့တိုက်ကျွေးခဲ့တဲ့ ဖခင်

 

 

Pyi Hein Kyaw

SHARE