ချစ်သူကိုနယူးယောက်မြို့ထဲ အဝတ်ဗလာနဲ့လမ်းလျှောက်ခိုင်းခဲ့တာကို နောင်တမရဟုပြောကြား

တစ်လောက အမျိုးသားတစ်ယောက်က သူ့ချစ်သူကို နယူးယောက်ခ်လမ်းပေါ်က လူမြင်ကွင်းမှာ အ၀တ်မဲ့ခန္ဓာကိုယ်
နဲ့ လျှောက်သွားစေခဲ့တဲ့ သတင်းကို မီဒီယာများစွာက ဖော်ပြခဲ့ဖူးပါတယ်။ အဲဒီ ချစ်သူ အမျိုးသမီးက အခြားအမျိုးသား
များစွာနဲ့ အွန်လိုင်းကနေ အ၀တ်မဲ့ပုံတွေပို့ခဲ့တာကို သူက သိသွားပြီး သူ့ချစ်သူကို ဒဏ်ပေးတဲ့အနေနဲ့ အဲဒီလို လုပ်ခဲ့
တာလို့ သိရပါတယ်။

2

အဲဒီအမျိုးသားရဲ့ နာမည်က Jason Melo ဖြစ်ပြီး အသက်က (24)နှစ်ရှိပါပြီ။ အခုနောက်ပိုင်းမှာတော့ သူ့ချစ်သူ
မိန်းကလေးရဲ့ ဖွင့်ဟချက်ကြာင့် Melo ဟာ ဝေဖန်မှုတွေ ခံနေရပါတယ်။ အသက်(22)အရွယ် သူ့ချစ်သူရဲ့ ဖွင့်ဟ
ချက်အရ သူမဟာ အခြားအမျိုးသားများစွာနဲ့ အွန်လိုင်းကနေ အ၀တ်မဲ့ပုံတွေပေးပို့ခဲ့တဲ့အတွက် သူမတို့ရဲ့ ပထဦး
ဆုံးရင်သွေးလေးရဲ့ ရှေ့မှာ ဒေါသတကြီး ထိုးကြိတ်ကန်ကျောက်ခံခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် Melo
ကတော့ အဲဒီကိစ္စအတွက်လည်း နောင်တမရဘဲ၊ သူမအတွက် ထိုက်တန်တဲ့ အပြစ်ပေးခြင်းလို့New York Post
နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

READ
အလုပ်ကူပေးရင် ဘီယာနဲ့ချစ်ကြည်နူးခွင့်တွေပြန်ရမယ့် ခင်ပွန်းအတွက်ဆုပေးစနစ်

3

အဆိုပါနေ့က ချစ်သူ မိန်းကလေးမှာ ရေချိုးပုဝါလေးသာ ခန္ဓာကိုယ်ပေါ်ကို ပတ်ထားခဲ့ပြီး Melo က ကင်မရာဖြင့်
မှတ်တမ်းတင်ရင်း လူမြင်ကွင်းကို သွားဖို့ ဖိအားပေးခဲ့ပါတယ်။ လူစည်ကားရာ နေရာကို ရောက်မှ သူမ ပတ်ထား
တဲ့ ပုဝါကိုအတင်းခွာချခဲ့တာကြောင့် သူမဟာ အ၀တ်မဲ့ခန္ဓာကိုယ်နဲ့ လူအများရှေ့မှာ ရှက်ဖွယ်ဖြစ်ခဲ့ပြီး အများက
လည်း Melo ကို အမျိုးမျိုးဝေဘန်မှုတွေ လုပ်ခဲ့ကြပါတယ်။

4

သူ့ ချစ်သူမိန်းကလေးက “ ကျွန်မက သူ့ကို သိပ်ကို ကြောက်ရပါတယ် … သူက ကျွန်မကို မထင်ရင် မထင်သ
လို ထိုးကြိတ်ကန်ကျောက်လ့ရှိပြီး … ကျွန်မမျက်နှာမှာ ကွဲထွက်ဒဏ်ရာတွေ ပျက်တယ်ရယ်လို့ မရှိပါဘူး ”လို့
ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် New York Post သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ Melo က “ ဒီကိစ္စမှာ ကျွန်တော် မမှား
ပါဘူး … နောင်တလည်း မရပါဘူး …သူ့အပြစ်အတွက်လည်း ထိုက်တန်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။ ဒီသတင်း|
အရ Melo ဟာ ဥပဒေအရ အရေးယူခံရမလားဆိုတာကိုတော့ စိတ်ဝင်စားဖွယ်ရာဖြစ်ပါတယ်။

READ
Catwalk လျှောက်ရင်း အမျိုးသားမော်ဒယ်တစ်ဦး လဲကျသေဆုံး

Myanmar Online Media

Source: thesun.co.uk

SHARE