Kim နဲ့ Kanye West ရဲ့ အိမ်ထောင်ရေး ပြဿနာ တွေကို KUWTK မှာ ထည့်သွင်း ပြသမည်

Image:IG/Kim

Keeping Up With the Kardashians ပရိသတ်တွေ က တော့ Kim Kardashian နဲ့ Kanye West တို့ ကြားက လင်ခန်း မယားခန်း အတွင်းရေးကိစ္စ  အိမ် ထောင်ရေး ပြဿနာတွေကို မြင် တွေ့ ခွင့် ရ မှာပါ။လာမယ့် Keeping Up With the Kardashians(‘KUWTK’)နောက်ဆုံး ဖိုင်နယ် Season မှာ တော့ ဒီ အကြောင်း တွေ ကိုပါ ချ ပြ သွားမှာပါ။သူတို့အိမ် ထောင်ရေး ရဲ့ အဆင် ပြေ လိုက် မပြေ လိုက် အခြေ အ နေ တွေ Reality Show ထဲမှာ ပရိသတ်တွေ မြင် အောင် ပြ သ သွားမှာ လို့ Us Weekly မှာ ဖော်ပြခဲ့ပါတယ်။သူတို့ ကြား မှာ ဘာပြဿနာ တွေ ရှိခဲ့ ကြလဲ ဆိုတဲ့ မေးခွန်းက တော့ ပရိသတ် တွေ သိချင် ကြ၊စိတ်ဝင်စားနေကြတဲ့ အရာပါ။

 

View this post on Instagram

 

A post shared by Kim Kardashian West (@kimkardashian)

သေချာတာက တော့ KUWTK နောက်ဆုံး ဖိုင်နယ် Season က တော့ သေချာ ပေါက် နာမည်ကြီး လူကြည့် များ အုံး မှာပါ။ စီးရီး တစ် လျောက် လုံး မှာ Kim Kardashian က Kanye West ကို တောက်လျောက် ကာကွယ် ပေးလာခဲ့တာပါ။ October 14, 2007 မှာ စတင် ပြသ ခဲ့တာ ဖြစ်ပြီး မိသားစု အတွင်းရေး Personal အခိုက် အတန့် တွေ က အစ ဒီစီးရီး ထဲမှာ အကုန် ချ ပြ ခဲ့တာပါ။ Kanye West က တော့ သူတို့ အိမ် ထောင်ရေး  လင်ခန်း မယားခန်း ကိစ္စ ကို ချ ပြမယ့် အပေါ် သသေဘာ မကျ ဖြစ် နေတယ်လို့ အတွင်းလူ တွေ က တော့ ပြောပါတယ်။ဒီ လ အစော ပိုင်းတုန်းက Kim Kardashian အသက် ၄၃ နှစ် က တော့ အိမ်ထောင်ရေး ကိစ္စ ကို ဘေးချိတ်ပြီး သူမရဲ့ စီးပွားရေးကို ပဲ အာရုံစိုက် တော့ မယ်လို့ လည်း အတွင်းလူ တွေ က ပြော ကြပါတယ်။ သူမဘ၀ ရဲ့လမ်းကြောင်းကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့ ဆွေးနွေးတိုင် ပင်မှုတွေ ကို ပါ လုပ် နေ ပါတယ်။

 

View this post on Instagram

 

A post shared by Kim Kardashian West (@kimkardashian)

နှစ်ယောက်ကြား အိမ်ထောင်ရေး ပြဿနာ က ဇူလိုင် လောက် တုန်းက စခဲ့တာပါ။ Kanye West က သမ္မတ ရွေးကောက်ပွဲ ၀င် ပြိုင် မယ်ဆိုတာက စလိုက်ရာ က နေ ဇနီးဖြစ်သူက သူတို့ ပထမဆုံး ကလေး (North )ကို ဖျက် ချ ဖို့ စဉ်းစားခဲ့တယ် ဆိုတာတွေ ပါ ပါလာ ခဲ့တာပါ။ Kardashian က ကွာရှင်းဖို့ ရှေ့နေ တွေနဲ့ တိုင်ပင်တွေ့ဆုံ တာတွေ စ လုပ်လာခဲ့ပါတယ်။အဆင်ပြေ လိုက် မပြေ လိုက် ဖြစ် နေတဲ့ အေ န အထားမှာ ၂၀၂၀ တစ်နှစ်လုံး နီးပါး တစ်ယောက် တစ်ပြည်နယ် ဆီ မှာ ခွဲ နေခဲ့ ကြပါတယ်။ဒီဇင်ဘာ မှာတော့ ရန်ပွဲ ကြီး ဖြစ်ခဲ့ကာ အိမ် ထောင်ရေးကို လုံးဝ အဆုံးသတ် ပစ်ဖို့ အဆင့် ထိ ရောက် လာခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Kim Kardashian West (@kimkardashian)

Kim က Kanye ရဲ့ ထင် မှတ် မထားတဲ့ အပြု အမူ တွေ ကို သည်းခံ ပေးနိုင်ဖို့ ကြိုးစား ခဲ့ ကြောင်း၊ခင်ပွန်းရဲ့ စိတ်ကျန်းမာရေးကို ကုသ ပေး နိုင် ဖို့ ကြိုးစား ပေမယ့် သူမ ရဲ့ ကြိုးစားမှု တွေ က မအောင် မြင် ခဲ့တာလို့ အတွင်းလူတွေ က ပြောခဲ့ပါတယ်။ Kardashian မိသားစုရဲ့ KUWTK နောက်ဆုံး ဖိုင်နယ် Season ရိုက်ကူးရေးက တော့ ဇန်န၀ါရီ ၈ ရက် နေ့ မှာ ပြီးခဲ့တာပါ။final episode နဲ့ ပတ်သက်တဲ့ ခံစားချက်မှတ်တမ်းကို တော့ ဆိုရှယ်မီဒီယာက ပြ ခဲ့ပေမယ့် အဲ့အထဲမှာတော့ West မပါ ခဲ့ပါဘူး။

 

View this post on Instagram

 

A post shared by Kim Kardashian West (@kimkardashian)

#SHWEMOM

SHARE