ကလေးရတော့မယ့်အကြောင်းကို ပရိသတ်တွေကို အသိပေးလိုက်တဲ့ Westlife အဖွဲ့ဝင် Mark

from mark feehily instagram

ကမ္ဘာကျော် အမျိုးအဆိုရှင်အဖွဲ့ဖြစ်တဲ့ Westlifeရဲ့ အဖွဲ့ဝင် Markကတော့ ဖေဖေါ်ဝါရီလ၂၂ ရက်နေ့က သူရဲ့ ချစ်သူကောင်လေးနဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့အကြောင်းကို အင်စတာဂရမ်ကနေတစ်ဆင့် ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ Mark ကတော့ သူရဲ့ ချစ်သူကောင်လေးနဲ့ ငါးနှစ်တာကြာ ချစ်သူတွေဖြစ်ခဲ့ပြီး သူတို့ရဲ့ ၅နှစ်ပြည့်အထိမ်းအမှတ်နေ့လေးမှာ စေ့စပ်သွားခဲ့တာဖြစ်ပါတယ်။

instagram
instagram

သူ့ရဲ့ ချစ်သူနဲ့ပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေပေးလေ့ရှိတဲ့ Mark ကတော့ သူရဲ့ မွေးနေ့ရက်ဖြစ်တဲ့ မေလ ၂၈ ရက်နေ့ မှာလည်း ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုကို မျှဝေပေးခဲ့ပါတယ်။ Mark ကတော့ သူ့ရဲ့ ချစ်သူနဲ့သူဟာ မကြာခင်မှာ ဖခင်တွေဖြစ်တော့မယ်လို့ ပရိသတ်တွေကို အင်စတာဂရမ်ကနေပဲ အသိပေးခဲ့တာဖြစ်ပါတယ်။

instagram
instagram

ကလေးရဲ့ အက်ထရာဆောင်း ဓါတ်ပုံလေးကိုလည်း တင်ပေးထားပါသေးတယ်။ Mark ကတော့ သူ့ဘဝအတွက် ဂုဏ်အယူရဆုံး အချိန်ပါပဲလို့ ပြောထားပါသေးတယ်။ ပရိသတ်တွေလည်း အဖေဖြစ်တော့မယ့် Mark အတွက် ဂုဏ်ပြုပေးလိုက်ပါဦးနော်။

READ
COVID - 19 ကာကွယ်ကုသ ရေးအတွက် လိုအပ်နေတဲ့ ပစ္စည်းတွေကို လှူခဲ့တဲ့ ထွန်းကိုကို
instagram
instagram

SOurce: Mark Feehily Instagram

SHARE