ဆိုရှယ်မီဒီယာပေါ်မှာနာမည်ကြီးနေတဲ့ သခင်ကိုနှိပ်ပေးနေတဲ့ကြောင်လေးရဲ့ဗီဒီယို

Alena Ozerova/Shutterstock

ဆိုရှယ်မီဒီယာကို လူတွေအသုံးများလာတာနဲ့အမျှ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ အခန်းကဏ္ဍကလည်း ပိုပြီး အရေးပါလာခဲ့ပါတယ်။ အရင်တုန်းက အိမ်ထဲမှာပဲ လူမသိသူမသိနေခဲ့ရပေမယ့် အခုဆိုရင် သူတို့ရဲ့ လိမ်မာတာလေးတွေ၊ ကျွမ်းကျင်တာလေးတွေ၊ ချစ်ဖို့ကောင်းတာလေးတွေကို သူတို့ရဲ့ သခင်ဖြစ်သူတွေက ဗီဒီယိုတွေရိုက်ပြီး တင်ကြလွန်းလို့ တိရစ္ဆာန်လေးတွေပါ နာမည်ကြီးတွေ ဖြစ်ကုန်ကြတော့တာပါ။

အခုလည်း ထိုင်းနိုင်ငံမှာနေထိုင်တဲ့ Nut Vijit ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က သူ့ရဲ့ အိမ်မွေးကြောင်လေး ဘယ်လို လိမ်မာတယ်ဆိုတာ ဗီဒီယိုဖိုင်လေးနဲ့ တင်ပြသွားခဲ့ပြီး ကြည့်ရှုသူတွေက တအံ့တသြ ဖြစ်ခဲ့ကြရပါတယ်။

KDdesignphoto/Shutterstock

ဗီဒီယိုထဲမှာတော့ ကြောင်လေးက သူ့သခင်ကို လက်ကလေးတွေနဲ့ နှိပ်ပေးနေတာကို တွေ့ရမှာဖြစ်ပြီး သူက အဲဒါကို အလုပ်တစ်ခုလို လုပ်လို့နေခဲ့တာကို မြင်တွေ့ရမှာပါ။

တချို့ကတော့ ကြောင်လေးက သူ့ဘာသာ ကစားနေတာလို့ ပြောကြပေမယ့် တကယ်တမ်းသေချာကြည့်မယ်ဆိုရင် ကြောင်ကလေး က ကစားနေတာမဟုတ်ပဲ သူ့သခင်ကို သေချာနှိပ်ပေးနေတာကို မြင်ရမှာပါ။

READ
ပျင်းလို့ဆိုပြီး လင်မယားနှစ်ယောက်စလုံးကို ချစ်သူတော်ခဲ့တဲ့ အိမ်ထောင်သည် အမျိုးသမီး

ပထမပိုင်းမှာ ကြောင်လေးက သခင်ဖြစ်သူရဲ့ခြေထောက်တွေကို နှိပ်ပေးနေရာကနေ နောက်ပိုင်းမှာတော့ ခါး၊ ကျောကုန်း စသဖြင့် တစ်ဆင့်ပြီးတစ်ဆင့် တက်လာခဲ့တာကို တွေ့ရမှာပါ။

Moment / Shutterstock

သူ့ရဲ့ သခင်ဖြစ်သူက ဒီကြောင်လေးရဲ့ လုပ်ရပ်ကို သဘောကျလွန်းလို့ ဗီဒီယို ရိုက်ထားခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်ကို မျှဝေပေးခဲ့တာပါ။

ဒီ ဗီဒီယိုဖိုင်ကို ကြည့်ရှုသူ ၂ သိန်းကျော်ရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ အဲဒီထက်များတဲ့ ကြည့်ရှုသူ အရေအတွက်ကို ပိုင်ဆိုင်နေရပါပြီ။

ကြည့်ရှုသူအများစုကတော့ ကြောင်လေးရဲ့ ချစ်စရာကောင်းပုံနဲ့ အသိဥာဏ်မြင့်မားပုံကို သဘောကျနေကြပြီး ဒီလို ဖြစ်ရပ်မျိုးဟာ ထူးခြားတဲ့ ဖြစ်ရပ်ပဲလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

https://www.facebook.com/nut.vijit/videos/2673846945968786/?t=1

Linn

SHARE