ခြေသလုံးကြွက်သားကို နည်းမှန်လမ်းမှန် နှိပ်နယ်ပေးရုံဖြင့် အိပ်ပျော်နိုင်သည့်နည်းလမ်း

ခြေထောက်ဆိုသည်မှာ လူသားတစ်ယောက်နဲ့ အခြေပါသတ္တ၀ါတိုင်းအတွက် မွေးကင်းစမှသည် သေဆုံးချိန်အထိ အရေး
တကြီးလိုအပ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ အများအားဖြင့်တော့ ခြေထောက်ကို လမ်းလျှောက်
ဖို့၊ သွားဖို့၊ လာဖို့၊ ကန်ဖို့ကျောက်ဖို့ အတွက်သာ သုံးလို့ရတယ်လို့ အထင်ရှိကြပါတယ်။

တကယ်တော့ ခြေထောက်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ချို့ကို နည်းလမ်းမှန်စွာ နှိပ်နယ်ပေးရုံနဲ့ အခြားကျန်မားရေး ကောင်းကျိုးတွေကို ရရှိစေပါတယ်။ အခု Shwemom က ဖော်ပြချင်တာကတော့ ခြေထောက်မှာရှိတဲ့ အာရုံကြောနဲ့ ကြွက်သားတွေကို နှိပ်နယ်ပေးရုံနဲ့ ကောင်းမွန်စွာ အိပ်စက်ရခြင်းကို ဖြစ်စေတဲ့အကြောင်းပါ။

ဒါပေမယ့် နှိပ်ချင်ရာကို ရမ်းနှိပ်လို့လည်း အကျိုးထူးမှာ မဟုတ်ပါဘူး။ နည်းလမ်းလည်း ကျဖို့ လိုပါတယ်။ အဓိကအားဖြင့် တော့ နှိပ်ရမယ့် နေရာမှန်ကန်ဖို့ လိုပါတယ်။ ဒါမှသာ အကျိုးထူးမှာပါ။ ဒီတော့နှိပ်ရမယ့် နေရာကို အလွယ်ပြောရရင် ခြေထောက်အတွင်းရှိ ခြေကျင်းဝတ်ဂုံးညှင်းလုံးအထက် လက်လေးလုံးအကွာကို တိုင်းထွာလိုက်ပါ။

READ
သွားတကျိကျိ ကြိတ်ရခြင်းအကြောင်း သင်မသိသေးတဲ့ အချက်(၆)ချက်

ယင်းနောက် အလယ်မှတ်ကို စိတ်တွင်မှတ်၍ လက်မဖြင့်သာသာယာယာ ဖိနှိပ်ပေးပါ။ သို့သော် သတိထားဖို့က နှိပ်တာနဲ့ နာကျင်မှုကို ခံစားရတယ်ဆိုရင်တော့ ဒါဟာ နေရာမမှန်သေးဘူးလို့ ယူဆရမှာ ဖြစ်ပါတယ်။ ဒီတော့ ပုံမှာ ပြထားသည့်အ တိုင်း သေချာအောင် ခြေနှစ်ဘက်စလုံးကို လက်လေးချောင်းဖြန့်ပြီး ပြန်လည်တိုင်းတာပါ။ တိကျစွာ မှတ်သားပြီး နှိပ်နယ်မှု ကို ပြုပါ။ ချမ်းသာစွာ အိပ်စက်ရတဲ့ အကျိုးကျေးဇူးကို ရမှာမလွဲပါဘူး။

အကျိုးကျေးဇူးများ

နှိပ်နယ်ဖို့အကောင်းဆုံးအချိန်ကတော့ မအိပ်စက်ခင် နာရီဝက် ဆယ့်ငါးမိနစ်အလိုက အကောင်းဆုံးပါဘဲ။ ခြေနှစ်ဘက်စ လုံးကို နာကျင်မှုမခံစားရစေဘဲ သမအောင် နှိပ်နယ်ပေးပါ။ ဒီနည်းစနစ်ဟာ အိပ်စက်ခြင်းတစ်ခုတည်းသာ ကောင်းခြင်းမ
ဟုတ်ပဲ၊ ဆီးရောဂါတွေကိုလည်း ပျောက်ကင်းစေပါတယ်။

ဒါ့အပြင် တင်ပါးစုံအရိုး မူမမှန်ခြင်းကိုလည်း ပြန်လည်တည့်မက်စေနိုင်ကြောင်း ထောက်ခံထားပါတယ်။ အစာကို လည်း ကြေညက်စေသည့်အပြင်၊ အမျိုးသမီးများ ရာသီလာစဉ် သက်တောင့်သက်သာ မရှိမှုကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။ သွေးလည်ပတ်မှုကိုလည်း မှန်ကန်စေပါတယ်။

READ
အသက်(၅) နှစ်အောက် ကလေးတွေကို အများဆုံးတစ်နာရီသာ တီဗီကြည့်ခွင့်ပြုသင့်

နတ်စည်တော် (Shwemom)

source : healthyjournalph.com

SHARE