မြင့်မြတ်ရဲ့ သားလေးကို သွားရောက်တွေ့ဆုံခဲ့တဲ့ မေမြင့်မိုရ်

ရုပ်ရှင်သရုပ်ဆောင်မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ မေမြင့်မိုရ်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို မနားတမ်းဆောင်ရွက်နေရတဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ လတ်တလောမှာ ‘မှော်ကျောက်စာ’ဇာတ်ကားကြီးအတွက် အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ မေမြင့်မိုရ်ကတော့ သူမရဲ့ အားချိန်လေးမှာ မြင့်မြတ်ရဲ့ သားလေးနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

မေမြင့်မိုရ်ကတော့ မြင့်မြတ်ရဲ့ သားလေးနဲ့ တွေ့ဆုံဖြစ်ခဲ့တဲ့ အကြောင်းကို “ကိုမြင့်မြတ်ရဲ့ ချစ်စရာဘေဘီသားသားလေး” လို့ ရေးထားပြီး ဓါတ်ပုံလေးတွေကို တင်ပေးထားတာဖြစ်ပါတယ်။ မေမြင့်မိုရ်နဲ့ မြင့်မြတ်ရဲ့ သားလေးတို့ရဲ့ ဓါတ်ပုံလေးတွေကတော့ အရမ်းကို ချစ်စရာကောင်းလွန်းပါတယ်။

ပရိသတ်တွေအတွက် မေမြင့်မိုရ်နဲ့ ဂျင်းကောင်လေးရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: May Myint Mo

SHARE