ဗိဿနိုးမြို့ဟောင်းကို သွားရောက်လည်ပတ်ခဲ့တဲ့ မေမြင့်မိုရ်

ပရိသတ်တွေကြားမှာ “အရိပ်”မင်းသမီးလေးလို့နာမည်တွင်တဲ့ မေမြင့်မိုရ်ကတော့ ဇာတ်လမ်းတွဲတွေမှာ တွေ့ရလေ့ရှိတဲ့ နာမည်ကျော် အနုပညာရှင်မင်းသမီးတစ်ယောက်ပါ။ မေမြင့်မိုရ်ကတော့ ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ပဲ နေတတ်တဲ့သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေအချစ်ပိုရတဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို မနားတမ်းဆောင်ရွက်နေရတဲ့ မေမြင့်မိုရ်ကတော့ လတ်တလောမှာလည်း မြန်မာနိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုဖြစ်တဲ့ ဗိဿနိုးမြို့ဟောင်းကို ရောက်ခဲ့တဲ့ အကြောင်းကို ပရိသတ်တွေကို ပြောပြထားပါသေးတယ်။

မေမြင့်မိုရ်ကတော့ ဗိဿနိုးမြို့ဟောင်းမှာ ဓါတ်ပုံတွေ အများကြီးရိုက်ပြီး သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။ အနီရောင် မြန်မာဝတ်စုံလေးဝတ်ဆင်ထားတဲ့ မေမြင့်မိုရ်ကတော့ အရမ်းကို ကျက်သရေရှိရှိနဲ့ လှနေလွန်းပါတယ်။

မေမြင့်မိုရ်ကတော့ “ပန်ထွာဘုရင်မရဲ့နန်းတော်ရာဗိဿနိုးမြို့ဟောင်း” လို့ရေးပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မေမြင့်မိုရ်ရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: May Myint Mo

SHARE