
နာမည်ကြီး UFC ကစားသမားတစ်ယောက်ဖြစ်တဲ့ Conor McGregor ကိုတော့ တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ McGregor ဟာ ထိုးသတ်တဲ့ နေရာမှာလည်း သူမတူအောင် အရည်အချင်းရှိတဲ့ MMA ကစားသမားတစ်ယောက် ဖြစ်သလို ပြိုက်ဖက်တွေကိုလည်း စကားစစ်ထိုးရန်စတဲ့နေရာမှာလည်း တော်တော်လေးကို ထူးချွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်က McGregor ဟာ သူ့ရဲ့ အကောင်းစားနာရီကြီးတစ်လုံးကို ထုတ်ကြွားခဲ့ပါတယ်။ အဆိုပါ နာရီရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၂.၅ သန်းကျော် တန်ဖိုးရှိကြောင်း သိရပါတယ်။

အဆိုပါ နာရီကိုတော့ နာမည်ကြီး လက်ဝတ်ရတနာကုမ္ပဏီတစ်ခုဖြစ်တဲ့ Jacob & Co ကနေ ထုတ်လုပ်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Jacon & Co ကုမ္ပဏီက ထုတ်လုပ်တဲ့ နာရီတိုင်းဟာ နာမည်ကြီး အနုပညာရှင်တွေ၊ မီလီယံနာတွေ စိတ်တိုင်းကျ customize လုပ်ပြီး ထုတ်လုပ်တဲ့ နာရီတွေသာ ဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင်တော့ သူတို့ထုတ်သမျှ လက်ပတ်နာရီတွေဟာ ကမ္ဘာပေါ်မှာ တစ်လုံးတည်းသာ ထုတ်လေ့ရှိတဲ့ နာရီအမျိုးအစားတွေ ဖြစ်ပါတယ်။ အခုလည်း McGregor ဝတ်ဆင်ထားတဲ့ နာရီဟာ စိတ်တွေရွှေတွေနဲ့ စီခြယ်ထားတဲ့ limited edition လက်ပတ်နာရီ အမျိုးအစားပဲ ဖြစ်ပါတယ်။ McGregor ကလည်း သူ့ရဲ့ နာရီအသစ်အတွက် ဂုဏ်ယူဝင်ကြွားစွာ ဖြစ်နေတဲ့ ပုံစံနဲ့ သူ့ရဲ့ Instagram အကောင့်မှာ ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။
View this post on Instagram
အသက် ၃၁ နှစ်သာရှိသေးတဲ့ Conor ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ထဲမှာ သူ့အနေနဲ့ UFC လောကကနေ အနားယူတော့မယ့်အကြောင်းကို ပြောကြားခဲ့ပါတယ်။ အခုလို ငယ်ရွယ်သေးတဲ့အချိန်မှာ အနားယူတော့မယ်ဆိုတဲ့သတင်း ထုတ်ပြန်ပြီးနောက်ပိုင်းမှာတော့ ပရိသတ်တစ်ချို့က စိတ်ပူနေကြပါတယ်။ ဒါပေမယ့် သူ့အကြောင်းသိပြီးသား ပရိသတ်တွေကတော့ စိတ်မပူကြပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီတစ်ခါနဲ့ဆိုရင် Conor တစ်ယောက် အနားယူတော့မယ်ဆိုပြီး ပြောခဲ့တာ နောက်ဆုံး(၄)နှစ်အတွင်းမှာ (၃) ကြိမ်မြောက် ရှိနေပြီ ဖြစ်လို့ပါ။ အခုလည်း အနားယူတာ သိပ်မကြာသေးတဲ့ အချိန်ထဲမှာ McGregor ဟာ Dustin Poirier နဲ့ ထိုးသတ်ဖို့ လေ့ကျင့်ခန်းတွေ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
View this post on Instagram
Pyi Hein Kyaw