ကျေးဇူးတော်ချီးမွမ်းပွဲအတွက်ကြက်ဆင်အကောင်ရေ(၁,၀၀၀)ကိုလှူဒါန်းခဲ့တဲ့Meek Mill

ရာပေါင်းများစွာသော Philadelphia ရဲ့ချို့ငဲ့တဲ့မိသားစုတွေဟာ ကျေးဇူးတော်ချီးမွမ်းပွဲအမှီကြက်ဆင်တွေကို ရရှိတဲ့အတွက်ကြောင့် ပျော်ရွှင်နေကြပါတယ်။ ကြက်ဆင်တွေကို အဆိုတော်ရက်ပ်ပါ Meek Mill ကလှူဒါန်းခဲ့တာဖြစ်ပါတယ်။ Mill ကစည်းကမ်းချိုးဖောက်မှုနဲ့ထောင်ကျနေပေမယ့် နှစ်စဉ်ပေးလှူနေကျကြက်ဆင်တွေကို ၀တ္ထရားမပျက်ဘဲဆက်လက်လှူဒါန်းတာဖြစ်ကြောင်း MSN သတင်းမှာတွေ့ရပါတယ်။

© Matt Rourke, AP

ယခုလှူဒါန်းမှုဟာ ၅ကြိမ်မြောက်ရှိပြီဖြစ်ပြီး Mill နဲ့သူ့အဖွဲ့အပြင် ဒေသတွင်းအစိုးရမဟုတ်တဲ့ ဆင်းရဲမှုတိုက်ဖျက်ရေးအဖွဲ့အစည်းတို့ပူးပေါင်းပြီး ကြက်ဆင်အကောင် ၁,၀၀၀ ကိုဝယ်ယူခဲ့ပါတယ်။ Philadelphia ရဲ့ဆင်းရဲတဲ့ရပ်ကွက်တွေဆီသွားပြီး ကြက်ဆင်တွေကိုလှူဒါန်းခဲ့တာဖြစ်ပါတယ်။

Instagram

ဒေသတွင်း တီဗီတွေမှာတော့ ကြက်ဆင်တွေလှူဒါန်းတာနဲ့ပတ်သက်ပြီး သတင်းဆောင်းပါးတွေနဲ့ ဗီဒီယိုတွေကိုတင်ပေးကြပါတယ်။ အေးခဲနေတဲ့ရာသီဥတုကြားက လူတန်းကြီးဟာ ကြက်ဆင်တွေရဖို့အတွက် တန်းစီပြီးစောင့်ဆိုင်းနေကြတာပါ။ ကြက်ဆင်တွေကို ထရပ်ကားပေါ်ကနေ ဘုရားကျောင်းနဲ့ ရပ်ကွက်တွင်းအပန်းဖြေစရာနေရာတွေအပါအ၀င် နေရာ၎နေရာမှာဝေပေးခဲ့တာဖြစ်ပါတယ်။

Instagram

Mill ကကြက်ဆင်တွေဝေတဲ့အလှူကို ၂၀၁၃ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Mill ကထောင်ထဲရောက်နေတာမို့ သူများတွေရဲ့ပိုအာရုံစိုက်စရာဖြစ်လာပါတယ်။ Mill ကို၂၀၀၉တုန်းက လက်နက်နဲ့ဆေးသုံးစွဲမှုတို့နဲ့ပတ်သက်ပြီး ၂နှစ်ကနေ ၄နှစ်အထိထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

READ
ညစ်ညမ်းဗွီဒီယိုများ တိုက်ရိုက်လွှင့်တင်ခဲ့သည့် ကောင်မလေးကို ထောင်ဒဏ်(၄)နှစ်ချမှတ်
Instagram

Philadelphia က Mill ကိုထောက်ခံသူများနဲ့ အခြားကျော်ကြားတဲ့ဂီတပညာရှင်များက ထိုပြစ်ဒဏ်ကိုမမျှတဘူးလို့ ကန့်ကွက်ခဲ့ပါတယ်။ တရားသူကြီးက ထောင်ဒဏ်ဟာ Mill ရဲ့အနုပညာဂီတလုပ်ငန်းကိုအဆုံးသတ်စေမှာဖြစ်တဲ့အကြောင်းသိပေမယ့်လည်း ထောင်ထဲပို့ခဲ့တာဖြစ်ပါတယ်။ ဂီတပညာရှင်တစ်ယောက်ဖြစ်တဲ့ Jay-Z ကတော့သူရဲ့Facebook မှာ Meek Mill ဘက်ကအစဉ်ရပ်တည်သွားမယ့်အကြောင်းနဲ့ ဂီတလမ်းကြောင်းဘက်ပြန်လည်အခြေချနိုင်အောင် အကူအညီပေးသွားမှာဖြစ်ကြောင်း  Post တင်ခဲ့ပါသေးတယ်။

Instagram

လင်းလင်း(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE