Appleရဲ့ အငယ်ဆုံး App Developer

အသက်၉ နှစ်ပဲရှိသေးတဲ့ Anvitha Vijay ဟာ iPad/iPhoneအတွက် တိရစ္ဆာန်နဲ့ပက်သက်သော Smartkins Animals ဆိုတဲ့app ကို ၾသစေတ်းလ် နုုိင္ငံ မဲလ်ဘုန်းမှာတီထွင်ခဲ့တာဖြစ်ပါတယ်။ ထိုနောက် Apple Worldwide Developer’s Conference ကိုတက်ရောက်ဖို့ စကောလားရှစ်လျှောက်ခဲ့တာဖြစ်ပါတယ်။

Vijayရဲ့ Autograph လိုချင်တဲ့သူတွေကလည်း များပြားလာပါတယ်။ Apple ရဲ့ Developerတွေအပြင် CEO Tim cook နဲ့လည်း Vijayဟာ တွေ့ဆုံခွင့်ရပါတယ်။ Tim cook ကိုဘယ်လိုမြင်လဲလို့မေးရာမှာတော့ ဗီဂျေးက “သူက တကယ်ကို တော်ပါတယ်။ သဘောလည်းကောင်းပါတယ်”လို့ဖြေခဲ့ပါတယ်။

3

Cookကလည်း ဗီဂျေးဟာ WWDCကိုတက်ခဲ့ဖူးသမျှထဲမှာ အသက်အငယ်ဆုံး ဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။ WWDC
မှာ စကောလားရှစ်ရသူတွေဟာ Programming and Coding Sessionတွေကို တက်ခွင့်ရပြိး အခြားDeveloper
တွေနဲ့လည်း စကားပြောခွင့်ရပါတယ်။

READ
မကြိုက်တာခြင်း တူတဲ့သူတွေ အောင်သွယ်ပေးမယ့် Hater Dating App

“အိမ်မက်တွေ တကယ်ဖြစ်လာသလိုပါပဲ။ လူတွေကလည်း အများကြီးပါပဲ။ ကျွန်မက codingမှာ နည်းနည်းလေးပဲ သိသေးတာပါ။ အများကြီးသင်ယူရအုံးမှာပါ။”လို့ဗီဂျေးကဆိုခဲ့ပါတယ်။ သူမက ၇နှစ်အရွယ်မှာ Youtube က ဗီဒီယိုတွေကို
ကြည့်ပြီး သင်ယူခဲ့ကာ စပြိး Coding လုပ်ခဲ့တာပါ။ သူ့ရဲ့ညီမလေးကို တိရစ္ဆာန်နာမည်တွေသင်ပေးရာကနေအိုင်ဒီယာ
ရပြီး Appစရေးခဲ့တာပါ။

2

အခုလောလောဆယ်မှာ သူမAppအသစ်တစ်ခုကိုရေးဆွဲနေပါတယ်။ GoalsHiလို့ခေါ်ပြီး ကျောင်းသားတွေကို စာသင်
ခန်းထဲမှာ confidenceပိုရှိအောင်ကူညီပေးနိုင်မယ်လို့ဆိုပါတယ်။ သူမက Professional တစ်ယေက်လို WWDCမှာ
business cardတွေ အခြားDeveloperတွေနဲ့ လဲလှယ်ကာ Networkဖွဲ့နေပါတယ်။ သူမရဲ့ကဒ်ပေါ်မှာတော့ နာမည်
နဲ့ ဆောင်ပုဒ်လေးတစ်ခုပဲပါပါတယ်။ ဆောင်ပုဒ်ကတော့ “နည်းပညာနဲ့ လူတွေရဲ့ဘဝကိုပြောင်းလဲချင်တယ်”ပဲ ဖြစ်ပါ
တယ်။

အိမ်မှာတော့ ဗီဂျေးဟာ မိခင်ရဲ့ အိုင်ဖုန်းကိုအသုံးပြုရပါတယ်။ အသက်၁၃နှစ်အောက်တွေမှာ ituneအကာင့် ဖွင့်ခွင့် မရှိလို့ပါ။ သူမကြီးလာရင် ဘာလုပ်ချင်လဲမေးရာမှာတော့ “ကျွန်မက စွန့်ဦးတီထွင်သူဖြစ်ချင်ပါတယ်။ လူတွေအတွက် အသုံး
ဝင်မယ့်အရာတွေ၊အကျိုးရှိမယ့်အရာတွေ တီထွင်ချင်ပါတယ်။”လို့ဆိုခဲ့ပါတယ်။

READ
အားသွင်းထားတဲ့ လက်ပ်တော့ ရုတ်တရက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့

မြန်မာနိုင်ငံက လူငယ်တွေထဲမှာလည်းApp Developerတွေရှိရင် ကြိုးစားကြပါလို့ Shwemomကအားပေးချင်ပါ
တယ်။

Source:USATODAy

 

SHARE