အသက်တွေကြီးကာမှ ပထမဆုံးသီချင်းအယ်လ်ဘမ်ထုတ်ခဲ့ကြတဲ့ ဖိုးဖိုး(၂) ယောက်

Youtube/SeniorSongbook

အသစ်အသစ်တွေ သင်ယူနိုင်ဖို့အတွက် အသက်အရွယ်ဟာ အတားအဆီးတစ်ခု မဖြစ်စေသင့်ပါဘူး။ ဒီအချက်ကိုတော့ အသက်(၁၀၂) နှစ်ရှိပြီဖြစ်တဲ့ အယ်လန်အာထရစ်ပ်နဲ့ အသက်(၈၈) နှစ်အရွယ် မာဗင်ဝစ်ဇ်ဘော့ဒ်တို့က သက်သေပြခဲ့တာကို boredpanda ကနေတဆင့် အခုလို တွေ့ရပါတယ်။

အယ်လန်နဲ့ မာဗင်တို့ဟာ အသက်တစ်ရာဝန်းကျင်နားရောက်ကာမှ နှစ်ယောက်ပေါင်းပြီး ပထမဆုံးတေးသီချင်းအယ်လ်ဘမ်တစ်ခုကို ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၄င်းအယ်လ်ဘမ်ကိုတော့ “Senior Song Book” ဆိုပြီး အမည်ပေးထားပါတယ်။

(၈၈) နှစ်အရွယ် မာဗင် (ဘယ်) နဲ့ (၁၀၂) နှစ်အရွယ် အယ်လန် (ယာ)

Youtube/SeniorSongbook

boredpandaအယ်လန်နဲ့ မာဗင်တို့နှစ်ဦးစလုံးဟာ ပင်ဆီဗေးနီးယား အငြိမ်းစားကွန်မြူနတီမှာ အတူတူ နေထိုင်ကြပါတယ်။ နှစ်ဦးသားဟာ Senior Song Book အမည်ရတဲ့ သီချင်းခွေအတွက် လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက သီချင်းတွေ ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ဘမ်ထဲမှာတော့ သီချင်း (၈) ပုဒ်နဲ့ ရီမစ်စ်(၂) ပုဒ်ပါဝင်ပါတယ်။

READ
နေမကောင်းဖြစ်နေတဲ့ ကြောင်ပေါက်လေးကိုချီပြီး ဆေးရုံထဲဝင်လာတဲ့ ကြောင်မေမေကြီး
Youtube/SeniorSongbook
Youtube/SeniorSongbook

အယ်လန်နဲ့ မာဗင်တို့ဟာ အသက် (၁၄) နှစ်ကွာနေပေမယ့် သူတို့ပေါင်းသင်းဆက်ဆံပုံကို ကြည့်ရတာ ဒီလောက်ကွာတယ်တောင် မထင်ရပါဘူး။ မာဗင်ကတော့ “ကျွန်တော်တို့ ဒီအယ်လ်ဘမ်ကို အတူတူလုပ်ခဲ့ကြတာပါ။ ကျွန်တော်တို့ရေးတာက လူတွေနားထဲစွဲလွယ်တဲ့ သီချင်းတွေပေါ့။ လူတွေနားထဲလည်း စွဲလွယ်ရမယ်၊ မှတ်လည်း မှတ်မိနိုင်တဲ့ သီချင်းအမျိုးအစားတွေပေါ့။ စာသားတွေကတော့ ကျွန်တော်တို့ရဲ့ ဘ၀တွေအပေါ်မှာ အခြေခံပါတယ်…” လို့ ပြောပြပါတယ်။

Youtube/SeniorSongbook
Youtube/SeniorSongbook

အယ်လန်ကတော့ “အသက်(၆၀) ကျော်လူတွေတောင် ဒီသီချင်းသစ်တွေကို နားထောင်ပြီး (၁၄) နှစ်အရွယ်လို ပြန်ခံစားမိစေမှာပါ…” လို့ ဆိုပါတယ်။ အယ်လန်နဲ့ မာဗင်တို့ဟာ သီချင်းခွေကို အကျိုးအမြတ်အတွက် ထုတ်လုပ်ခဲ့တာမဟုတ်ပဲ အခွေထွက်ဖို့ စိတ်ဆန္ဒရှိတဲ့အတွက်သာ ထုတ်လုပ်ခဲ့တာဖြစ်ကြောင်း ပြောပြပါတယ်။ သူတို့နှစ်ယောက်ရဲ့ သီချင်းအယ်လ်ဘမ်ကိုတော့ လက်ရှိမှာ အသက်ကြီးသူတွေတင်မကပဲ ငယ်ရွယ်သူတွေမှာ နှစ်ခြိုက်စွာ နားထောင်နေပါတယ်။ Senior Song Book ကို ၀ယ်ချင်တယ်ဆိုရင်တော့ ဒေါ်လာ(၉.၉၉) နဲ့ CDBaby.com မှာ ၀ယ်ယူလို့ရနိုင်ကြောင်းလည်း သိရပါတယ်။

READ
လူတွေလက်ထဲမှာပဲ နို့သောက်ကြီးပြင်းခဲ့ရလို့ ဘဝမေ့နေပြီဖြစ်တဲ့ ရှဥ့်မလေး

လင်းလင်း (ShweMom)

SHARE