လေဆိပ်မှာ Extra Baggage ကြေး မပေးချင်လို့ ဖြတ်လမ်းနည်းနဲ့ ဖြေရှင်းခဲ့တဲ့ ခရီးသည်အဖွဲ့

Pixabay-Free-Photos

ခရီးတစ်ခုသွားဖို့ လေဆိပ်ရောက်တဲ့ အခါမှာ ကိုယ့်မှပါလာတဲ့ ပစ္စည်းတွေက သတ်မှတ်ထားတဲ့ အလေးချိန်တစ်ခုထက် ပိုနေတဲ့ အခါမျိုးမှာ Extra Baggage ကြေး ပေးဆောင်ရတာကိုတော့ တော်တော်များများ သိရှိကြပြီး ဖြစ်မှပါ။ ကိုယ်သယ်မယ့် ပစ္စည်းတွေက လေဆိပ်က သတ်မှတ်ထားတဲ့ အလေးချိန်တစ်ခုထက် ပိုများနေရင် ပိုနေတဲ့ပစ္စည်းတွေရဲ့ အလေးချိန်ကို ပြန်ချိန်ပြီး ပိုက်ဆံပေးဆောင်ရတာ ဖြစ်ပါတယ်။ အခုလည်း လေဆိပ်တစ်ခုမှာ အဲ့လိုပြဿနာ ကြုံခဲ့တဲ့ အမျိုးသား ၄ ယောက်ကတော့ သူများတွေနဲ့ မတူညီတဲ့ ဖြတ်လမ်းနည်းတစ်ခုနဲ့ ဖြေရှင်းခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-tookapic

အဆိုပါ ဖြစ်ရပ်ကတော့ တရုတ်နိုင်ငံ၊ Kunming လေဆိပ်မှာ ဖြစ်ပွားခဲ့တာပါ။ တရုတ်အမျိုးသား ၄ ယောက်ဟာ Business trip ပုံစံနဲ့ Kunming မြို့ကို ခရီးထွက်လာခဲ့ပြီး  Kunming မြို့က အပြန်မှာ ၃၀ ကီလိုဂရမ် အလေးချိန်ရှိတဲ့ လိမ္မော်သီးတွေကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ လေဆိပ်ရောက်တဲ့ အချိန်မှာ  ၃၀ ကီလိုဂရမ်းအလေးချိန်ရှိတဲ့ လိမ္မော်သီးတွေအတွက် Extra Baggage ကြေး ယွမ် ၃၀၀ ကို ပေးဆောင်ဖို့ ဖြစ်လာပါတယ်။ ဒါကို တရုတ်အမျိုးသား ၄ ယောက်က လုံးဝမပေးချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လိမ္မော်သီး ၃၀ ကီလိုဂရမ်ကို ဝယ်လာရတဲ့ ပိုက်ဆံတန်ဖိုးက ယွမ် ၅၀ ပဲ ရှိလို့ပါ။ နောက်ဆုံးမှာတော့ အမျိုးသား ၄ ယောက်ဟာ လေဆိပ်မှာပဲ အဆိုပါ လိမ္မော်သီးတွေကို ထိုင်စားပစ်ခဲ့ကြပါတယ်။

READ
ဇာတ်ဝင်ခန်းထဲက အလစ်သုတ်သမားကို တကယ်ထင်ပြီး ဝင်ဗြင်းခဲ့တဲ့ သူရဲကောင်းအဖိုးအို
Pixabay-Couleur

“သေချာစဉ်းစားကြည့်ရင် လုံးဝမတန်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ ၄ ယောက်စလုံး အဲဒီလိမ္မော်သီးတွေကို တစ်ထိုင်တည်း စားပစ်ခဲ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိမ္မော်သီးတွေကို ယူသွားရင် ပိုက်ဆံ ထပ်ကုန်မယ့်အပြင် ဒီအတိုင်းလွှင့်ပစ်ဖို့ကလည်း နှမြောဖို့ကောင်းပါတယ်။ ဒီလိုတစ်ထိုင်တည်းစားပစ်တော့လည်း မိနစ် ၂၀ ကျော်လောက်ပဲ ကြာပါတယ်။ တော်တော်တော့ ဗိုက်တင်းသွားတာပေါ့ဗျာ”လို့ အမျိုးသား ၄ ယောက်ထဲမှာ Wang အမည်ရ အမျိုးသားက ပြောကြားခဲ့ကြောင်း Times of India သတင်းစာက ဖော်ပြခဲ့ပါတယ်။

Pixabay-BonnieHenderson

Pyi Hein Kyaw

SHARE