ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ Fashion ကျကျ ဝတ်စားတတ်ဖို့ကလည်း အရေုးကြီးတဲ့အချက်ပါပဲ။တကယ်တော့ Fashion ကျကျဝတ်တယ်ဆိုတာကလည်း ခေတ်ပေါ်နေဖို့ဆိုတာထက် ကိုယ်နဲ့လိုက်ဖတ်တဲ့ဒီဇိုင်းမျိုးကို ရွေးချယ်ဝတ်ဆင်တတ်ခြင်းပါပဲ။ဒီထဲမှာမှ မိန်းကလေးအများစုကိုဆွဲဆောင်နိုင်တဲ့ Men style တွေကတော့….
(၁) ရှပ်အဖြူ နဲ့ ဂျင်း

ဒီလို style မျိုးကရိုးရှင်းတယ်လို့ထင်ရပေမဲ့ မိန်းကလေးအများစုက ဒီလိုဝတ်စားထားတဲ့အမျိုးသားကိုကြိုက်နှစ်သက်ပါသတဲ့။သတိထားရမှာက shirt က မပွလွန်း မကျပ်လွန်းဖြစ်ရပါမယ်။ဒီ style မျိုးက fit ဖြစ်တဲ့ အမျိုးသားတွေနဲ့ပိုလိုက်ဖက်ပါတယ်။
(၂) Necktie စည်းပြီး အင်္ကျီလက်ရှည်ခေါက်တင်ထားတဲ့ style

ဒီလိုဝတ်စားထားတဲ့ အမျိုးသားဆို မိန်းကလေးတိုင်းကကြွေတယ်ဆိုတာ ပြောစရာတောင်မလိုလောက်ဘူးထင်တယ်နော်။
(၃) accessory တွေ

နာရီအပြင် လတ်ပတ်လေးတွေဝတ်တတ်တဲ့အမျိုးသားတွေကို မိန်းကလေးတွေကနှစ်သက်တတ်ပါတယ်။
(၄) V neck ဆွယ်တာ

Vပုံစံ လည်ပင်းပေါက်နဲ့ ဆွယ်တာတွေကလည်းအမျိုးသားတွေကို ယောက်ျားပီသတဲ့ style မျိုးဖြစ်စေပါတယ်။ မြန်မာနိုင်ငံမှာတော့ပူလွန်းတာကြောင့် ဆွယ်တာအစား ခဲရောင်၊ အဖြူရောင် V neck shirt တွေကိုဝတ်ဆင်နိုင်ပါတယ်။
(၅) Hoody(ခေါင်းစွပ်အနွေးထည်) တွေ

ဒါမျိုးဝတ်တာကတော့ ဆယ်ကျော်သက်တွေနဲ့ပိုလိုက်ဖက်ပါတယ်။ ဒီလို styleနဲ့ ယောက်ျားလေးဟာ ချစ်စရာကောင်းတဲ့အသွင်ဆောင်တာကြောင့် မိန်းကလေးငယ်များက အများဆုံးနှစ်သက်လေ့ရှိပါတယ်။
(၆) Henleys

Henleys ကတော့ ကော်လံမပါတဲ့ တီရှပ်မျိုးပါ။ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်ကျတဲ့အသွင်ဆောင်စေလို့ Henleys ဝတ်တဲ့အမျိုးသားတွေကိုအမျိုးသမီးတွေကနှစ်သက်ကြပါတယ်။
(၇) Tailored suit

Necktie မစည်းပဲ ဒီလို suit အပြည့်နဲ့ ကြည့်ကောင်းလွန်းတဲ့ယောက်ျားကို မကြွေတဲ့သူမရှိပါဘူးနော်။
ကဲမိန်းကလေးတွေနဲ့ရော..ဘယ်လို style နဲ့ အမျိုးသားတွေကိုကြိုက်နှစ်သက်ပါသလဲ…
Grinny(shwemom)
Source: The Gentlemanual