Black Panther 2 မှာ ပါဝင်ခွင့်ရချင်တယ်လို့ ပြောလာခဲ့တဲ့ Michael B.Jordan

People, MCU

Black Panther ကတော့ Marvel ရဲ့ superhero ရုပ်ရှင်ကားတစ်ကားဆိုတာထက် black community အတွက် တကယ့်ကို အလေးထားစရာ ရုပ်ရှင်ကားတစ်ကားဖြစ်လာခဲ့တာပါ။ ဒီကြားထဲ Black Panther ကို နောက်ဆက်တွဲ ဒုတိယမြောက်ကား ရိုက်ဖို့ရှိနေပမေယ့်လို့ မင်းသား Chadwick Boseman ရုတ်တရက်သေဆုံးသွားမှုကြောင့် ရုပ်ရှင်ဇာတ်လမ်းအနေနဲ့ ဘယ်လိုလာဦးမလဲတော့မသိသေးပါဘူး။

လူတွေစိတ်ဝင်စားနေကြတာက နောက် Black Panther အသစ်က ဘယ်သူများဖြစ်မလဲပေါ့။ သူ့ညီမလား ဒါမှမဟုတ် ပထမကားမှာ ဗီလိန်ဖြစ်ခဲ့တဲ့ Michael B. Jordan လားပေါ့လေ။ နောက် Michael B. Jordan ကရော Black Panther မှာပြန်ပါလာဦးမှာလားဆိုပြီး သိချင်နေတဲ့လူတွေလည်း ရှိနေပါသေးတယ်။

Imdb/Black Panther

 

View this post on Instagram

 

A post shared by Michael B. Jordan (@michaelbjordan)

ဒီကိစ္စနဲ့ပတ်သက်ပြီး Michael B. Jordan တစ်ယောက် အင်တာဗျူးအစီအစဉ်တစ်ခုမှာ အရိပ်အမြွက်ပြောသွားခဲ့ပါတယ်။ Look for the WELL Health-Safety seal ဆိုတဲ့ အစီအစဉ်မှာပါ။ သူအတွက် Black Panther ဟာ သာမန်အက်ရှင်ကားတစ်ကားမဟုတ်ခဲ့ပါဘူးတဲ့။ သူတို့အနေနဲ့ Black Panther ကို အကြောင်းပြုရင်း မိသားစုတစ်ခုကို တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်တဲ့လေ။ ဒီအတွက် ဒီရုပ်ရှင်ဟာ အရမ်းကို တန်ဖိုးရှိနေတာပါ။ သူ့အနေနဲ့ ဒီထဲမှာ နောက်ထပ် ပါဝင်ခွင့်ရမယ်ဆိုရင် ပါဦးမှာဆိုပြီး ပြောလာခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Michael B. Jordan (@michaelbjordan)

ဆိုတော့ကာ..Michael B. Jordan ကို Black Pantherိထဲ တွေ့ရဖို့တော့ မျှော်လင့်ချက် ရေးရေးလေး ရှိနေတယ်လို့ ဆိုရမှာပါပဲ။

penny

SHARE