ဒီနေ့ခေတ်မှာ ထွက်ရှိနေတဲ့ ဂိမ်းစက်တော်တော်များများဟာ အရင်ဂိမ်းစက်တွေထက် ပိုပြိး မိုက်လာတာကိုတော့ လူတိုင်း သိကြပြီး ဖြစ်မှာပါ။ Graphic အမိုက်စားတွေ၊ အရမ်းတွေကောင်းမွန်လွန်းလှတဲ့ အသံ system တွေဟာ Gamer တွေအတွက် တော်တော်လေးကို မိုက်တဲ့ အရသာတစ်ခုကို ပေးစွမ်းကောင်း ပေးစွမ်းနိုင်မှာပါ။ ဒါပေမယ့် ကိုယ့်ဘဝမှာ ပထမဦးဆုံးစဆော့ဖူးတဲ့ ဂိမ်းကစားခြင်းရဲ့ အရသာကိုတော့ အဲဒီအမိုက်စားဂိမ်းစက်အသစ်တွေမှာ မရနိုင်ပါဘူး။ အခုလည်း Microsoft ကုမ္ပဏီကနေပြီးတော့ မကြာသေးခင်အချိန်တုန်းက Xbox ဂိမ်းစက်အသစ်တစ်ခုကို ထုတ်လုပ်ခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
👀 Let’s make it official!
Xbox Series S | Next-gen performance in the ˢᵐᵃˡˡᵉˢᵗ Xbox ever. $299 (ERP).
Looking forward to sharing more! Soon. Promise. pic.twitter.com/8wIEpLPVEq
— Xbox (@Xbox) September 8, 2020
Xbox ကနေ နောက်ဆုံး ကြေညာခဲ့တဲ့ ဂိမ်းစက်ကတော့ Xbox Series X ဖြစ်ပြီး အခုအချိန်မှာ ထပ်မံအသစ်ထွက်ရှိခဲ့တဲ့ Xbox ဂိမ်းစက်ကတော့ Xbox Series S ပဲ ဖြစ်ပါတယ်။ Xbox Series S ရဲ့ ထူးခြားတဲ့ ပုံစံကတော့ အခြား ဂိမ်းစက်တွေနဲ့ယှဉ်ရင် တော်တောလေးကို သေးငယ်တဲ့ ဂိမ်းစက်တစ်လုံးပဲ ဖြစ်ပါတယ်။ ပုံစံလေးကတော့ တော်တော်လေးကို ချစ်ဖို့ကောင်းပြီး သေးငယ်တဲ့ ဂိမ်းစက်တစ်ခုဖြစ်တာကြောင့် ဂိမ်းစက်သေးသေးနဲ့ ဆော့ချင်တဲ့ Gamer တွေအတွက်တော့ တော်တော်လေးကို အကြိုက်တွေ့စေမယ့် ဂိမ်းစက်တစ်ခုဖြစ်ပါတယ်။
Xbox Series S ဂိမ်းစက်ရဲ့ တန်ဖိုးကတော့ လက်ရှိမှာ အမေရိကန် ၂၉၉ ဒေါ်လာ လို့သာ သတ်မှတ်ထားပြီး ဘယ်နေ့ဘယ်အချိန်မှာ တရားဝင်ထွက်ရှိမယ်လို့တော့ မကြေညာသေးပါဘူး။ ဘာပဲဖြစ်ဖြစ် Xbox Series S ဂိမ်းစက်တန်ဖိုးဟာ အရင်ထွက်ရှိပြီးသား Xbox ဂိမ်းစက်ဖြစ်တဲ့ Xbox One S, Nintendo Switch ဂိမ်းစက်တစ်လုံးရဲ့ တန်ဖိုးနဲ့ ညီမျှတာကြောင့် တော်တော်လေးကို ဈေးပေါတယ်လို့ ပြောရပါမယ်။
“Xbox Series S ကိုတော့ Xbox ပရိသတ်တွေ တော်တော်လေး အကြိုက်တွေ့မှာတော့ အမှန်ပါပဲ။ ဒီဂိမ်းစက်ရဲ့ ထူခြားချက်ကတော့ အရင်ထွက်ရှိခဲ့ပြီးသား Xbox ဂိမ်းစက်တွေထက် တော်တော်လေးကို သေးငယ်တာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ဟာလည်း COVID 19 ကပ်ရောဂါဖြစ်နေတဲ့အချိန် ဖြစ်တာကြောင့် ဘယ်အချိန်မှာ တရားဝင်ထွက်ရှိမလဲဆိုတာကိုတော့ ကျွန်တော်တို့ မဆုံးဖြတ်ရသေးပါဘူး”လို့ Microsoft ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw