Microsoft ရဲ့ စွမ်းအားအမြင့်မားဆုံးဖြစ်တဲ့ Xbox One X

Microsoft ရဲ့ Xbox One X ဟာ စွမ်းဆောင်ရည်အမြင့်မားဆုံး Console ဂိမ်းစက်တစ်ခုဖြစ်တဲ့အကြောင်း ဖော်ပြထားခဲ့ပါတယ်။

Photo source: Internet

၎င်းဟာ ဈေးကွက်ထဲမှ အခြားသော Console ဂိမ်းစက်များထက် ၄၀ရာခိုင်နှုန်း ပိုမိုစွမ်းဆောင်နိုင်ပြီး Sony ရဲ့ Flagship ဖြစ်တဲ့ Playstation 4 Pro ရဲ့ ရုပ်ထွက်ကောင်းမွန်မှုထက် ၄.၂ ဆပိုမိုသာလွန်ကြောင်းသိရှိရပါတယ်။

ဒီခရစ်စမတ်ကာလမှာ One X ဟာ Playstation နှင့် Nintendo တို့နဲ့ အကောင်းဆုံးယှဉ်ပြိုင်မယ့် Console ဂိမ်းစက်တစ်ခုဖြစ်လာသလို ဗြိတိန် ကုမ္ပဏီဥက္ကဌကလည်း ဂိမ်းရသအကောင်းဆုံးပေးစွမ်းနိုင်မယ့် စနစ်အသစ်တစ်ခုဖြစ်ပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo source: Internet

အဆိုပါ Console ဂိမ်းစက်ဟာ 4K resolution ကို အထောက်အကူပြုတဲ့အပြင် Dolby Atmos အသံနည်းပညာပါဝင်တဲ့ တစ်ခုတည်းသော ဂိမ်းစက်အမျိုးအစားပဲဖြစ်ပါတယ်။

“အခုဆိုရင် 4K gaming ကို ယူဆောင်သင့်တဲ့အချိန်လို့ ကျွန်တော်တို့ ထင်ပါတယ်။ ဂိမ်းဆော့ဖို့အတွက် အဆင်ပြေပြီး သာလွန်ကောင်းမွန်တဲ့ 4K နည်းပညာကို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ပေးထားပါတယ်”

READ
ပို့စ်ရဲ့ Like အရေအတွက်ကို မမြင်အာင် စမ်းသပ်နေပြီဖြစ်တဲ့ Instagram
Photo source: Internet

” စီးမျောလိုက်ပါရသလို ခံစားရတဲ့ အတိုင်းအတာအထိရရှိဖို ကျွန်တော်တို့ ထပ်ပေါင်းထည့်ပေးထားပါတယ်။ သုတေသန လုပ်ဆောင်ချက်တွေအရ ဒီနှစ် နှစ်ကုန်ပိုင်းလောက်မှာ UK မှာ 4K TV လေးသန်းလောက် ရောက်ရှိနေမှာဖြစ်ပြီး နောက်ထပ် ၄နှစ်အကြာမှာ အိမ်သုံးပစ္စည်းအများစု မှာ 4K မျက်နှာပြင် စခရင်ပါရှိလာတော့မှာပဲဖြစ်ပါတယ်။
“အဲ့ဒီလို နည်းပညာက ဂိမ်းကစားတဲ့အခါ လိုအပ်တဲ့ အမှတ်တစ်ခုရရှိဖို့အတွက် အရမ်းအရေးကြီးတယ်လို့ ကျွန်တော်တို့ ခံစားရမိတဲ့အတွက် ဒီဂိမ်းစက်အမျိုးအစားကို ကျွန်တော်တို့ တီထွင်ခဲ့ရတာပဲဖြစ်ပါတယ်။ အဲ့ဒီကလည်း 4K နည်းပညာရဲ့ သာလွန်မှုတွေကို ရယူနိုင်ဖို့အတွက်ပါ။” လို့ Xbox UK နှင့် အိုင်ယာလန် ဥက္ကဌ Harvey Eagle တို့က ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

Xbox One X ဟာ 4K resolution မှာ PS4 Proထက်ပိုပြီး ဂိမ်းကစားမှုသာလွန်မှာဖြစ်ပြီး Xbox 360 နှင့် နဂိုမူလ Xbox ဂိမ်းများအတွက် လိုက်လျောညီထွေမှု ရှိအောင်ပြုလုပ်ထားတယ် လို့ Microsoft က ပြောကြားခဲ့ပါတယ်။

READ
ဖုန်းတွေ၊ WiFi signal တွေနဲ့ ဓာတ်မတည့်လို့ အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့အမျိုးသမီး

သို့သော်လည်း One X ဟာ စတာလင် ၃၅၀ ပေါင်တန်ဖိုးရှိတဲ့ PS 4 Pro ထက်ပိုပြီး မြင့်မားတဲ့ စတာလင် 449 ပေါင်ဖြင့် ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။

SiThu (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
SHARE