လောလောဆယ်ထိ ကိုဗစ်အတွက်တိကျတဲ့ကုထုံးမပေါ်သေးပါဘူး။ ကိုဗစ်အတွက် ကာကွယ်ဆေးတွေကလည်း တရားဝင်အတည်ပြုဖို့ လိုအပ်နေတုန်းပါ။ ဒါပေမဲ့ အမေရိကန်တက္ကဆက်ပြည်နယ်က သိပ္ပံပညာရှင်မလေးတစ်ယောက်တော့ ကိုဗစ်အတွက်ကုထုံးကိုရှာဖွေရမှာ တော်တော်ခရီးရောက်နေပြီဖြစ်ကြောင်း spectrumlocalnews သတင်းအရ သိရပါတယ်။
သူ့နာမည်က အာနီကာချီဘရိုလူဖြစ်ပါတယ်။ အသက်က ၁၄နှစ်ပဲရှိပါသေးတယ်။ ဖရစ်စကိုမြို့က အထက်တန်းကျောင်းတစ်ကျောင်းမှာ ပညာသင်နေတာပါ။ အာနီကာဟာ မကြာသေးခင်ကမှ ကျင်းပခဲ့တဲ့ 3M Young Scientist Challenge ပြိုင်ပွဲမှာအနိုင်ရရှိပြီး ဆုငွေဒေါ်လာ ၂၅,၀၀၀ကိုဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။
Congratulations to Anika Chebrolu, America’s Top #YoungScientist of 2020! Learn more about her winning 3M @DiscoveryEd Young Scientist Challenge invention: https://t.co/Vgn7jgUO6Z pic.twitter.com/uJ6bDKu0GI
— 3M (@3M) October 13, 2020
“ကျွန်မက SARS COVID-2 virus ပေါ်က ပရိုတင်းတစ်မျိုးနဲ့ သွားပေါင်းနိုင်တဲ့ မော်လီကျူးတစ်မျိုး ဖန်တီးခဲ့တာပါ။ Virus က ပရိုတင်းနဲ့ သွားပေါင်းလိုက်တော့ အဲ့ဒီပရိုတင်းက အလုပ်ဆက်မလုပ်နိုင်တော့ဘူးပေါ့။ ကျွန်မက ၆၈၂ သန်းကွန်ပေါင်းရှိတဲ့ database ကနေ စလေ့လာခဲ့တာပါ။” လို့ အာနီကာက ပြောခဲ့ပါတယ်။
အာနီကာဟာ အလယ်တန်းကျောင်းသူလေးဖြစ်ပြီး ပြီးခဲ့တဲ့လအနည်းငယ်ကမှ ပြိုင်ပွဲထဲဝင်ပြိုင်ခဲ့တာပါ။ အစပိုင်းတုန်းကတော့ သူ့ပရောဂျက်ကို ရာသီတုပ်ကွေးအကြောင်းလုပ်ဖို့ စဉ်းစားခဲ့ပါတယ်။ နောက်ပိုင်းတော့ ကိုဗစ်ကအဖြစ်များလာတာရယ်၊ ဒီရောဂါကြောင့် လူတွေဒုက္ခရောက်နေတာကိုတွေ့ပြီး ကိုဗစ်ဗိုင်းရပ်စ်ကို သုတေသနပြုဖို့စိတ်ကူးပြောင်းခဲ့တာဖြစ်ပါတယ်။ အာနီကာဟာ သူမကျောင်းပြီးတဲ့အချိန်မှာလည်း ဆေးသိပ္ပံသုတေသနပညာရှင်တစ်ယောက်ဖြစ်ချင်ကြောင်း ဆိုပါတယ်။
Congratulations to Independence High School freshman, Anika Chebrolu, for being named America’s Top Young Scientist in the 3M Young Scientist Challenge!
Learn more here about her work: https://t.co/xtp2NLR2ft
— Frisco ISD (@friscoisd) October 16, 2020
“ကျွန်မ ငယ်ငယ်က အဘိုးက သိပ္ပံကိုလေ့လာဖို့ အမြဲတွန်းအားပေးတယ်။ သူက ဓာတုဗေဒပရော်ဖက်ဆာပါ။ ဒြပ်စင်ဇယားကိုသင်ယူဖို့လည်း အမြဲတမ်းပြောလေ့ရှိတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မလည်း သိပ္ပံကိုသဘောကျလာတယ်။” လို့အာနီကာက ဆိုပါတယ်။ အခုဆိုရင်တော့ သူမဟာ ကိုဗစ်ဆေးကုထုံးအတွက်သုတေသနလုပ်နေသလို ရိုးရာအိန္ဒိယအကအတွက်လည်း လေ့ကျင့်ရေးလုပ်နေကြောင်း သိရပါတယ်။
ShweMom