ချစ်သူကောင်မလေးဆီက တန်ဖိုးရှိတဲ့ ဗယ်လင်တိုင်းလက်ဆောင်လေးရရှိခဲ့တဲ့ Mikis

မြန်မာနိုင်ငံရဲ့ ပထမဆုံး ဂျာမနီနိုင်ငံသား အဆိုရှင်တစ်ယောက်ဖြစ်တဲ့ Mikis ကတော့ သူရဲ့ အမိုက်စား သီချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ မြန်မာနိုင်ငံကို ချစ်တဲ့ နိုင်ငံခြားသားအနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ Mikis ကတော့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားသူတစ်ယောက်ဖြစ်ပေမဲ့လည်း သူရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး ဖုံးကွယ်မထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူကတော့ လတ်တလောမှာလည်း ချစ်သူလေးနဲ့ အတူ ဗယ်လင်တိုင်းဒေးလက်ဆောင်သွားဝယ်ခဲ့တာကို ဖေစ်ဘုတ်ပေါ်မှာ live တင်ခဲ့တာဖြစ်ပါတယ်။ Mikis ကိုတော့ သူ့ရဲ့ ကောင်မလေးက သူမရဲ့ ဆံပင်နဲ့ ကျစ်ထားတဲ့ ကျစ်ကြိုးလေးကို Dynasty Gold & Jewelery ကနေမှာယူပြီး လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

Mikis နဲ့ သူရဲ့ ချစ်သူကောင်မလေးရဲ့ ဓါတ်ပုံတွေကိုလည်း Dynasty Gold & Jeweleryက သူတို့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားပါသေးတယ်။ ပရိသတ်တွေအတွက် Mikis တို့ရဲ့ စုံတွဲဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

READ
Gravity အပြင်ဘက်ခုန်ထွက်ပြီး အပြုံးလေးနဲ့ ဖမ်းစားလိုက်တဲ့ လုလုအောင်

SOurce: Dynasty Gold & Jewelery

SHARE