ဒီဇင်ဘာလ ၁ရက်နေ့တုန်းက Millie Bobby Brown တစ်ယောက် သူမရဲ့ Instagram မှာ story တွေ အဆက်မပြတ်တင်ထားခဲ့ပါတယ်။ ဗီဒီယိုတွေဖြစ်ပြီးတော့ စကားလည်းပြော၊ ငိုနဲ့ငိုနဲ့ပေါ့။ အကြောင်းကတော့ ပရိတ်သတ်တစ်ယောက်ကြောင့်ပါတဲ့။
View this post on Instagram
အဲဒီနေ့က Millie တစ်ယောက် သူမရဲ့ မိခင်နဲ့အတူတူ ခရစ်စမတ်အကြိုအတွက် ဈေးဝယ်ထွက်နေခဲ့တာပါ။ စင်တာလည်းရောက်ရော သူမကို ကောင်မလေးတစ်ယောက်က အနားကပ်ပြီး Millie Bobby Brown လားလို့ မေးခဲ့ပါတယ်တဲ့။ ဒါနဲ့ Millie ကလည်း ဟုတ်တယ်ပေါ့ဆိုပြီး ဖော်ဖော်ရွေရွေနဲ့ ပြန်ပြီး နှုတ်ဆက်ခဲ့တယ်။
ကောင်မလေးက ဆက်ပြီးတော့ Millie တစ်ယောက်တည်းကို ဗီဒီယိုလိုက်ရိုက်လို့ရမလားဆိုပြီး မေးခဲ့သတဲ့။ Millie က နှစ်ယောက်တွဲပြီး ဗီဒီယိုရိုက်ရင်တော့ ခွင့်ပြုလေ့ရှိပေမယ့် အခုလို သူမရဲ့ လှုပ်ရှားပုံတိုင်းကို ဗီဒီယိုကြီးတကားတကား လိုက်ရိုက်နေတာကတော့ သူမရဲ့ privacy ကို ထိခိုက်စွက်ဖက်နေတာကြောင့် ခွင့်မပြုချင်ခဲ့ပါဘူး။
View this post on Instagram
ဒါကြောင့် မရိုက်ပါနဲ့လို့ ကောင်းကောင်းမွန်မွန်ပဲ ငြင်းခဲ့ပါတယ်။ ဒါပေမဲ့ ကောင်မလေးက မရပ်သေးဘဲ ဗီဒီယိုတွေ တောက်လျှောက်ခိုးရိုက်နေတဲ့အတွက် Millie တစ်ယောက် စိတ်ရှုပ်ပြီး ကောင်မလေးကို ဆယ်လီတွေကလည်း လူတွေထဲက လူတွေပဲမလို့ မလုပ်ပါနဲ့လို့ပြောရင် မလုပ်နဲ့ဆိုပြီးပြန်ပြောခဲ့ပါတယ်။ ကောင်မလေးက လူက လူကိုဗီဒီယိုရိုက်တာ မရိုက်ရဘူးလားဆိုပြီးတော့ ဆက်ပြီး ခိုးခိုးရိုက်နေခဲ့ပါတယ်တဲ့။
View this post on Instagram
Millie လေးလည်း တော်တော်စိတ်ရှုပ်သွားပုံပါပဲ။ ဗီဒီယိုကိုတောင် နေ့မကူးဘဲ ရိုက်ခဲ့ပြီးတော့ ဆယ်လီတွေအနေနဲ့ အခုလို စိတ်အနှောက်အယှက်ဖြစ်စရာတွေ ကြုံနေရတာဟာ တော်တော်လေးကို အဆင်မပြေတဲ့အကြောင်း ရင်ဖွင့်ရင်း ငိုပါငိုခဲ့တာပါ။
millie bobby brown just posted on her instastory talking about how once again people forget that celebrities ARE human beings. no matter who they are you have to respect them and be kind, making someone uncomfortable it’s not cool. pic.twitter.com/76y1gEafmY
— thay (@beingamaguire) November 30, 2020
penny