အခုနောက်ပိုင်းမှာတော့ မိတ်ကပ် ပညာရဲ့ အ ရေးပါ မှု က ပိုပြီး နေရာယူလာပါပြီ။ဇာတ်ကား ကောင်းတစ်ကား ဖန်တီး နိုင် ဖို့ အတွက် ဒီပညာက မရှိ မဖြစ် အ ရေးပါတဲ့ အခန်းကဏ္ဍ က နေ ပါဝင် လာခဲ့ပါတယ်။အရမ်း တော်တဲ့ makeup artist တွေ အများကြီး ရှိပါတယ်။အဲ့ဒီအ ထဲက နေမှ Mimi Choi ရဲ့ အ ကြောင်းကို ဖော်ပြ ပေး ချ င် ပါတယ်။သူမ က တော့ မူကြို ဆရာမ ကေ န အောင်မြင်တဲ့ makeup artist အဖြစ် ပြောင်းလဲ ရပ်တည် နေသူပါ။
(၂၀၁၉)ခုနှစ်တုန်းက Ezra Miller ရဲ့ Met Gala ပွဲ မှာ တွေ့ ရတဲ့ အမိုက်စား မိတ်ကပ် လက်ရာက သူမ ဖန်တီး ပေး ခဲ့တာပါ။သူမရဲ့လက်ရာ တွေ က တော့ နည်းနည်း လေး Creepy ဖြစ် စေပါတယ်။မျက်နှာ ကို ထူး ခြား ဆန်း ပါး တဲ့ ပုံစံ အမျိုးမျိုး နဲ့ ပညာ အစွမ်းပြ နိုင် သလို အခုနောက်ပိုင်းမှာတော့ သူမရဲ့ လက် နဲ့ ခြေေ ထာက် တွေ ကို သုံး ပြီး ကြက်သီးထ ဖွယ်ရာ လက်ရာ အစွမ်း တွေကို ပြ ခဲ့ပါတယ်။
How I’m Making It ဆိုတဲ့ စီးရီး မှာ ပါဝင် ခဲ့ ဖူးပါတယ်။ဖက်ရှင် နဲ့ အလှ အပ နယ်ပယ်ထဲမှာ ကျင်လည် ကြတဲ့ သူတွေ ၊သူတို့ အောင်မြင်မှု လမ်း ကြောင်း ပေါ် ဘယ်လို ရောက်လဲ ဆိုတာကို ရိုက်ကူး တဲ့ စီးရီး လေးပါ။သူမရဲ့ လက်ရာ ဖန်တီးမှု တွေ က လွတ် လပ် ပြီး အတား အဆီး မရှိ တာက သူမရဲ့ ထူးခြား ချက်ပါ။ဖန်တီးမှု ပိုင်း ကလည်း အရမ်းကို တော် ပါတယ်။
သူမရဲ့ လက်ရာ တွေကိုတော့ Instagram မှာလည်း ဝေမျှ ထားပြီး အခုဆိုရင် တော့ Follower တွေ အများကြီး ပိုင် ဆိုင် နေပါပြီ။အလှအပ ဆိုင်ရာ လောကထဲ ကို ရောက်တာ တော့ ငါးနှစ် လောက်ရှိပါပြီ။အရင် ကတော့ မူကြို ဆ ရာ မလုပ် ခဲ့ဖူးပါတယ်။ငယ်ငယ်က တော့ ပညာ ရေးကိုပဲ အားစိုက်ခဲ့ရပြီး တကယ်ဝါသနာ ပါတဲ့ မိတ်ကပ် ဘက် ကို အား မစိုက် နို်င်ခဲ့ပါဘူး။အသက် (၂၀) လေက် ရောက်လာ ချိန် မှာတော့ သူမရဲ့ Career Life ကို ပြောင်း လဲ ပြီး တကယ်ဝါသနာ ပါတဲ့ အရာကိုပဲ လုပ်ချင် စိတ် တွေ ပေါ် လာခဲ့ပါတယ်။
ဆရာမအဖြစ်နဲ့ သုံးနှစ်လောက် လုပ် နေ ချိန် မှာတော့ မိတ်ကပ် လိမ်းချယ်မှုက သူမရဲ့ စိတ် အပန်း ဖြေရာ ၀ါသနာ တစ်ခု ဖြစ်လာခဲ့ပါတယ်။နောက်ဆုံး မှာ တော့ သူမရဲ့ မိခင်က ဆရာမ တစ်ယောက် အဖြစ်နဲ့ နောက် နှစ် (၃၀) လောက် မြင် ကြည့်ခိုင်းတဲ့ အခါမှာတော့ လုံးဝတုန်လှုပ်သွားခဲ့ပြီး ဒါက သူမလို ချင် တဲ့ ဘ၀ မျိုး လုံးဝ မဟုတ် ဘူး ဆိုတာကို နားလည် ခဲ့တာပါ။ဒီလို နဲ့ပဲ ဖြစ်ချင်တဲ့ မိတ်ကပ် လိုင်း ဘက်ကို ၀င် နိုင်ဖို့ မိတ်ကပ် သင်တန်း ကျောင်းတွေ ကို တက် ခဲ့ပါတယ်။
3-D makeup တွေ ကို စ သင်တုန်းက ဆိုရင် အရမ်းကို ခက်ခဲ ခဲ့ တယ်လို့ ဆိုပါတယ်။ (၂၀၁၃) မှာတော့ Halloween မိတ်ကပ် ပုံစံ ဖန်တီးခဲ့ပါတယ်။ဒီ ဖန်တီးမှု က တော့ သူမရဲ့ ပထမ ဆုံး ကိုယ်ပိုင် ဖန်တီးမှု လက်ရာ ဖြစ်ခဲ့ပါတယ်။အခု သူမရဲ့ လက်ရှိ အမိုက်စား လက်ရာ တွေကို ဖန်တီးဖို့ အတွက် က တော့ အချိန် အနည်းဆုံး နှစ်နာရီလောက် ယူရပါတယ်။တစ်ချို့ ဟာတွေ ဆိုရင် (၁၀)နာရီ လောက် တောင် အချိန် ယူ ဖန်တီး ရတာ မျိုး တွေရှိတယ်လို့ Mimi Choi က ပြောခဲ့ပါတယ်။
#SHWEMOM