ဂျပန်နိုင်ငံမှာ လူကြိုက်များနေတဲ့ ထူးထူးဆန်းဆန်း Figure အရုပ်လေးများ

kaiyodo

Figures အရုပ်တွေဆိုတာ လူတော်တော်များများရဲ့ အမြင်မှာ ကလေးတွေသာ ကြိုက်နှစ်သက်တဲ့ အရုပ်တွေလို့ မြင်ကောင်းမြင်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ Figure အရုပ်တွေဟာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်တဲ့ အရုပ်တွေသာ ဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ character တစ်ယောက်ရဲ့ Figures အရုပ်ထွက်ပြီဆိုရင် အဲဒီ character ရဲ့ Figure အရုပ်ကို ပိုင်ဆိုင်လိုက်ရတဲ့ ခံစားမှုမျိုးကို Figure collector တွေသာ သိနိုင်ပါတယ်။ အခုပြောပြချင်တဲ့ Figure အရုပ်လေးတွေကတော့ ဂျပန်နိုင်ငံမှာ တော်တော်လေးကို လူကြိုက်များပြီး ခေတ်စားနေတာပဲ ဖြစ်ပါတယ်။ အဲဒီ Figure အရုပ်တွေကတော တိရစ္ဆာန်လေးတွေ အိမ်သာတက်နေတဲ့ Figure အရုပ်လေးတွေပဲဖြစ်ကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
ဟောလိဝုဒ်လူစွမ်းကောင်းတွေ တရုတ်ပြည်မှာ အလုပ်လုပ်နေကြတဲ့အခါ
kaiyodo

အဆိုပါ Figure အရုပ်တွေကိုတော့ နာမည်ကြီး ဂျပန် Figure maker တစ်ဦးဖြစ်ဖြစ်တဲ့ Kaiyodo ကိုယ်တိုင် တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အရုပ်လေးတွေကတော့ ရေမြင်း၊ ပုတ်သင်ညို၊ ခြင်္သေ့၊ ယုန် အစရှိတဲ့ တိရစ္ဆာန်လေးတွေပဲ ဖြစ်ပြီး ထူးခြားချက်ကတော့ သူတို့တွေ အိမ်သာတက်နေတဲ့ Figure အရုပ်လေးတွေ ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် တစ်ကယ့် အကောင်သေးသေးတွေ အိမ်သာတက်နေတဲ့ ပုံစံလေးတွေ ဖြစ်တာကြောင့် တော်တော်လေးကို အသည်းယားဖို့ ကောင်းသလို တော်တော်လေးကို ချစ်ဖို့ကောင်းတဲ့ Figure အရုပ်လေးတွေ ဖြစ်ပါတယ်။

kaiyodo
kaiyodo

အရုပ်တိုင်းလိုလိုဟာ အနည်းဆုံး ၁ လက်မမှ ၂ လက်မအထိ ရှည်ပြီး လက်ရှိမှာတော့ ဂျပန်နိုင်ငံမှာ တော်တော်လေး လူကြိုက်များပြီး မှာယူနေကြတဲ့ Figure အရုပ်လေးတွေ ဖြစ်ပါတယ်။ တစ်ရုပ်ချင်းဆီကိုတော့ ယန်းငွေ ၄၀၀(အမေရိကန် ၄ ဒေါ်လာ) သာ တန်ဖိုးရှိပြီး ၀ယ်ယူသူတွေ အရမ်းများနေလို့ မှာယူချင်တယ် ဆိုရင် ၃ လ ကြိုပြီး pre-order တင်ရမှာပဲ ဖြစ်ပါတယ်။

READ
အိန္ဒိယက TikTok ခရေဇီတွေ PUBG ထဲက ကကွက်သစ်တွေနဲ့ ပွဲခံနေကြပုံများ
kaiyodo
kaiyodo

Pyi Hein Kyaw

SHARE