လုပ်ရတာလွယ်ကူတဲ့ ကိုရီးယားစတိုင် ရေညှိထမင်းလိပ်အသေး ပြုလုပ်နည်း

ဒီ ထမင်းလိပ် သေးသေးလေးကို Junction City ရဲ့ Food Streat မှာရောင်းတာတွေ့ဖူးကြမှာပါ။ ဒါလေးက အိမ်မှာ လုပ်ရတာလွယ်ကူပါတယ်။ အဲ့လို ကိုးရီးယားရေညှိထမင်းလိပ် အသေးဆိုဒ် ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်နော်။ Shwemom ပရိသတ်ကြီးတို့လည်း အိမ်မှာ လိုက်လုပ်ကြည့်ကြပါနော်။ အသေးဆိုဒ်ပြုလုပ်နည်းက အရမ်းကိုလွယ်ပါတယ်။

လိုအပ်တဲ့ပစ္စည်း (၁၆လိပ်)

  •  ရှမ်းဆန် (နို့ဆီဗူးနဲ့ တစ်ခွက်ခွဲ)
  •  နှမ်းဆီ (လက်ဖက်ရည်ဇွန်း နှစ်ဇွန်း)
  •  ဆား (လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ)
  •  ဟင်းနုနွယ်ရွက် (တစ်စီး) ကိုနယ်ဖို့ နှမ်းဆီ (လက်ဖက်ရည်ဇွန်း တစ်ဇွန်း) နဲ့ ဆား (လက်ဖက်ရည်ဇွန်း လေးပုံတစ်  ပုံ) လိုပါတယ်။
  •  မုန့်လာဥနီ (တစ်ခု)
  • ဂဏန်းချောင်း (လိုသလောက်)
  • ရေညှိရွက် (၄ရွက်)
READ
သင်မသိသေးတဲ့ လီမွန်သီးအသုံးချနည်းများ

ပြုလုပ်ပုံ အဆင့်ဆင့် 

  1. ရှမ်းဆန်ကို ထမင်းချက်သလိုမျိုး အရင်ချက်ပါ
  2. ရေနွေးပွတ်ပွတ်ဆူထဲကို ဟင်းနုနွယ်အရွက်ကို ထည့်ပြုတ်ပါ။ ပြီးရင် ဟင်းနုနွယ်ရွက်ကို နှမ်းဆီနဲ့ ဆား တို့ထည့်ပြီးနယ်ထားပါ
  3. မုန့်လာဥနီကို အခွံနွှာပြီး သေးသေးလေး နဲ့ပါးပါးလေး လှီးပေးပါ။ ပြီးရင် ဆီအနည်းငယ် ဖြင့်ကြော်ပေးပါ။ ကြော်နေစဉ် ဆားအနည်းငယ် ဖြူးပေးပါ။                      
  4. ဂဏန်းချောင်းလေးကို အနေတော် လှီးပြီး ကြော်ပေးပါ
  5. ထမင်းကျက်ပြီးဆိုရင် ပူနေတဲ့ အချိန်မှာပဲ တမင်းကို နှမ်းဆီနဲ့ ဆား တို့ဖြင့်နယ်ပေးပါ။ 
  6. ရညှိရွက်တစ်ရွက် ကို လေးခြမ်းခြမ်းလိုက်ပါ။  
  7. ထမင်းလိပ်ဖို့ အစာတွေ အသင့်ဖြစ်ပြီး ဆိုရင် လေးခြမ်းခြမ်းထားတဲ့ အရွက်တစ်ရွက်ကို ယူလိုက်ပါ။ ပြီးရင် သူအပေါ်ကို ထမင်းအနည်းငယ် ဖြန့်ထည့်ပါ။ ပြီးရင် ခုနက ပြုတ်ထား၊ကြော်ထားတဲ့ အရွက်တွေကို ထည့်ပေးပါ။ အနည်းငယ်စီပဲနော်။ အများကြီးထည့်မိရင် လိပ်လို့မရတော့ပါဘူး။
  8. ပြီးရင် အစွန်းကနေ လက်ကလေးနဲ့ ဖြည်းဖြည်းချင်းစီ လိပ်လိုက်ပါ။ 
  9. နောက်ဆုံး လိပ်ပြီးသား ထမင်းလိပ်လေးအပေါ်ကို နှမ်းဆီ နဲနဲ သုတ်ပေးပါ။ 
READ
ရှူးရှဲ လျှာဂျွမ်းပြန် ငပိထောင်းလုပ်နည်း

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE