လမ်းလယ်ခေါင်မှာ အမျိုးသမီးတစ်ဦးရဲ့စကပ်ကိုချွတ်ပြီးခိုးသွားတဲ့ သူခိုး

တရုတ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးရဲ့ စကပ်ကို အမည်မသိအမျိုးသားတစ်ဦးက လူရှုပ်ထွေးလှတဲ့
လမ်းမပေါ်မှာ ချွတ်ပြီးခိုးယူခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါအမျိုးသမီးဟာ လူထူထပ်တဲ့ လမ်းမပေါ်မှာ
လမ်းလျှောက်နေစဉ် အမျိုးသားတစ်ဦးက နောက်မှ အနီးကပ်ဝင်ရောက်ပြီး သူမရဲ့စကပ်ကို အတင်း
ချွတ်ချခဲ့တာဖြစ်ပါတယ်။

အဲဒီလို ပြုမူခံရလို့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်အောက်ပိုင် အ၀တ်မဲ့သွားခဲ့ပြီး အောက်ခံဘောင်းဘီ
ကျွတ်မကျွတ်ကိုတော့ CCTV မှာ ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်နိုင်ခြင်း မတွေ့ရပါ။ လက်ရှည်
အင်္ကျီကို ၀တ်ဆင်ထား အမျိုးသားဟာ ထိုအပြုအမူ ပြုလုပ်ပြီးနောက် ချက်ချင်း ပြေးထွက်သွားခဲ့ပြီး
မှတ်တမ်းဗွီဒီယိုဟာ စက္ကန့်(40)သာ ကြာမြင့်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို ကြည့်ချင်းအားဖြင့် အမျိုးသမီး
များအပေါ်မှာ (လူစည်ကားတဲ့နေရာမှာဖြစ်စေ) အရှက်တကွဲအကျိုးနည်းဖြစ်အောင် လုပ်ဆောင်
မှုများ ဖြစ်လာနေသည်မှာ သတိထားစရာ ဖြစ်ပါတယ်။

READ
ရင်သားကင်ဆာ တိုက်ဖျက်ရေးအတွက် ကူညီခဲ့တဲ့ လစ်ဗာပူးလ်အမျိုးသမီးRugbyအသင်း

အရင်ဆုံးအမျိုးသမီးနောက်က လိုက်လာခဲ့ပြီးစကတ်ကို ချွတ်ခဲ့တာဖြစ်ပါတယ်။ စကတ်ကိုချွတ်ပြီးတာ
နဲ့ထိုလူဟာ အမြန်ဆုံးပဲ ပြေးထွက်သွားခဲ့ပါတယ်။ ထိုအမျိုးသမီးလည်း အံ့သြကာ အစပိုင်းမှာကြောင်
နေခဲ့ပြီး ပြန်လည် သတိဝင်လာချိန်မှာတော့ ရှက်ရှက်နဲ့ထပြီး အမြန်ဆုံးလမ်းလျှောက်သွားတာကို
ဗီဒီယိုမှာ ဖော်ပြထားပါတယ်။ ထူးဆန်းတာကတော့ လူများတဲ့လမ်းကြီးပေါ်မှာ ဒီလိုမျိုးဖြစ်တာကို
ဘယ်သူမှ ကူညီခြင်းမရှိသလို ထိုလူနောက်ကိုလည်း ဘယ်သူမှ လိုက်ပေးခြင်းမရှိပါဘူး။

ဒီလိုဖြစ်ပွားပြီး မကြာခင်မှာပဲ ဒီဗီဒီယိုဟာ အွန်လိုင်းပေါ်ရောက်လာခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံဘယ်
မြို့လည်း ဆိုတာတော့ မသိသေးပါဘူး။

Myanmar Online Media

Source: dailymail

SHARE