ဆံသားမပျက်စီးစေဖို့ ဒီအချက်လေးတွေကို ရှောင်ရှားပါ

ဆံပင်ဆိုတာ လူရဲ့ ဒုတိယမျက်နှာပါ။ အမျိုးသမီးတစ်ဦးကို သတိအထားမိကြဆုံးအစိတ်အပိုင်းကလည်း ဆံပင်ပါ။ ဆံပင်ပုံစံက သင့်ရဲ့ သွင်ပြင်တစ်ခုလုံးကို ပြောင်းလဲစေပါတယ်။ ဆံပင်မလှတဲ့နေ့ဆိုရင်လည်း တစ်နေ့လုံးဘယ်လိုနေနေမလှတော့သလို ခံစားဖူးကြမှာပါ။ ဆံပင်ဆေးဆိုးခြင်း၊ ကောက်ခြင်း၊ ဖြောင့်ခြင်းတွေကြောင့် ဆံသားပျက်စီးနိုင်သလို အိမ်မှာလုပ်မိတဲ့ အောက်ပါအချက်တွေကြောင့်လည်း ဆံသားပျက်စီးစေနိုင်ပါတယ်။ ဆံသားမပျက်စီးစေဖို့ ဒီအချက်လေးတွေကို မလုပ်မိကြစေနဲ့နော်။

(၁) ဆံပင်အစိုနဲ့ အိပ်စက်ခြင်း

ညဘက်ခေါင်းလျှော်တာမကောင်းဘူးလို့ ပြောတာမဟုတ်ပေမယ့် ခေါင်းမခြောက်သေးဘဲ အိပ်ယာဝင်ဖို့တော့ မသင့်ပါဘူး။ စိုနေတဲ့ ဆံပင်ဟာ ခြောက်တဲ့ဆံပင်ထက် ပိုနူးညံ့ပြီး ထိခိုက်လွယ်တဲ့အတွက် ဆံပင်အစိုနဲ့ အိပ်ယာတို့ ထိခိုက်မိတာဟာ ဆံသားကို ပျက်စီးစေပါတယ်။

(၂) ရေနွေးပူပူနဲ့ခေါင်းလျှော်ခြင်း

ရေနွေးနဲ့ရေချိုးခေါင်းလျှော်ရတာ အကြောအချဉ်ကို ပြေစေတယ်လို့ ထင်ရနိုင်ပါတယ်။ ဒါပေမယ့်ရေနွေးပူနဲ့ ခေါင်းလျှော်တဲ့အခါ ဆံပင်ရဲ့ သဘာဝအဆီကို ခြောက်သွေ့သွားစေပြီး ဆံပင်ကျိုးခြင်းနဲ့ ဆံပင်ကျွတ်ခြင်းတို့ကို ဖြစ်စေပါတယ်။ ဆံပင်အတွက် ရေအေးကို သုံးပေးခြင်းက ဦးရေပြားအစိုဓာတ်ကို ထိန်းပေးပါတယ်။

READ
တစ်ခုလုပ်ဖို့ခေါ်တိုင်း အမြဲတမ်းငြင်းတတ်တဲ့ သူငယ်ချင်းမျိုးရှိသလား?

(၃) ခေါင်းအုံးစွပ်မလဲဘဲ ထားခြင်း

Shutterstock

ခေါင်းအုံးစွပ်နဲ့ အိပ်ယာခင်းတို့ဟာ ဖုန်၊ အညစ်အကြေးနဲ့ ဘက်တီးရီးယားတို့ လွယ်ကူစွာ စုနေနိုင်တဲ့နေရာတွေပါ။ မသန့်ရှင်းတဲ့ ခေါင်းအုံးစွပ်နဲ့ အိပ်ခြင်းက ဦးရေပြား မွေးညင်းပေါက်လေးတွေကို ပိတ်စေပြီး ဆံပင်ကျွတ်စေပါတယ်။ ဦးရေပြားပြဿနာတွေ ကာကွယ်ဖို့ ခေါင်းအုံးစွပ်ကို (၂)ပတ် (၁)ခါ လဲပေးရပါမယ်။

(၄) ဆံပင်ကို ကစားခြင်း

Shutterstock

လူတွေက ဖုန်းသုံးနေရင်းနဲ့ဖြစ်ဖြစ် တီဗီကြည့်နေရင်းနဲ့ဖြစ်ဖြစ် စိတ်ဖိစီးမှုရှိရင်ဖြစ်ဖြစ် ဆံပင်ကို လက်နဲ့ ကလိနေတတ်ပါတယ်။ အဲ့လိုလုပ်ခြင်းက ဆံသားကို ကြီးမားတဲ့ ပျက်စီးမှုများ ဖြစ်စေပါတယ်။ လက်ကိုလည်း ဆံပင်မကိုင်မိအောင် သတိထားသင့်ပြီး ဆံပင်ကို လက်နဲ့ကိုင်ရမလွယ်အောင် ကျစ်ဆံမြီး ကျစ်ထားပေးသင့်ပါတယ်။

(၅) ဆံပင်ကို ကြမ်းတမ်းစွာဖြီးခြင်း

Shutterstock

ဆံပင်ဖြီးခြင်းက ဦးရေပြားပေါ်က သဘာအဆီကို ပျံ့နှံ့စေပြီး ဆံပင်ရှည်ဖို့ အထောက်အကူပြုပါတယ်။ ဒါပေမယ့် ဆံပင်ကို ကြမ်းတမ်းစွာဖြီးခြင်းနဲ့ ဆံပင်အစိုကို ဖြီးခြင်းတို့က ဆံသားကို ဖိအားဖြစ်စေပြီး ပျက်စီးစေပါတယ်။

READ
လူချမ်းသာတွေ လုံးဝပြုလုပ်လေ့မရှိတဲ့ အမူအကျင့်များ

(၆) ဆံပင်ချပြီး အိပ်စက်ခြင်း

ဆံပင်ဖြန့်ချပြီး အိပ်စက်ခြင်းကလည်း ဆံသားတွေကို ပျက်စီးစေတဲ့အပြင် ဆံပင်မှာ လိမ်းထားတဲ့ ဓာတုအဆီတွေက အသားအရည်ကို ထိကာ ပျက်စီးစေပါတယ်။ ခေါင်းအုံးစွပ်ကိုလည်း ပိုလျင်မြန်စွာ ညစ်ပတ်စေပါတယ်။ ဒါကြောင့် အိပ်ယာမဝင်ခင် ဆံပင်ကို လျော့လျော့လေးစည်းပြီးမှ အိပ်စက်သင့်ပါတယ်။

Shutterstock

ခေါင်းလျှော်ပြီးတိုင်း ရေစစ်ဖို့ တဘက်နဲ့ ပတ်ထားကြတတ်ပါတယ်။ ဆံပင်က စိုနေတဲ့အခါ ပိုထိခိုက်လွယ်တဲ့အပြင် တဘက်နဲ့ပတ်လိုက်တဲ့အခါ ဆံပင်မွေးညင်းပေါက်လေးတွေကို တင်းအားဖြစ်စေပြီး ဆံပင်ကျိုးခြင်းနဲ့ ကျွတ်ခြင်းတို့ဖြစ်စေပါတယ်။

ဆံသားလှပချင်တဲ့ အမျိုးသမီးတွေအကုန်လုံးပဲ အထက်ဖော်ပြပါ အချက်လေးတွေကို ရှောင်ရှားကြဖို့မမေ့နဲ့နော်။

White (Shwemom)

Ref: Top 10 Home Remedies

SHARE