ဘ၀ပျက်ခါနီး အခြေအနေကို လူမှုရေးလုပ်ငန်းနဲ့ တွန်းလှန်ပစ်ခဲ့တဲ့ MMA သမား

ဂျက်စတင်ဝရန်ဆိုသူ အမျိုးသားတစ်ဦးဟာ အသက်(၃၁)နှစ်အရွယ် Mix Martial Arts(MMA) လို့ခေါ်တဲ့ ကြေးစားတိုက်ခိုက်ရေးပညာရှင်တစ်ဦးဖြစ်ပါတယ်။ Ultimate Fighting Championship အဖွဲ့အစည်းအတွက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး သူ့ခါးပတ်အောက်မှာ နိုင်ပွဲပေါင်း(၁၃)ပွဲကျော် ရှိခဲ့ပြီးဖြစ်ပါတယ်။ အသက်(၁၈)နှစ်အရွယ်မှာ သူဖြစ်ချင်တဲ့ တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်လာခဲ့ပေမယ့် ဂျက်စတင်ဟာ စိတ်ကျရောဂါနဲ့ ဆေးစွဲတာတွေကို ရင်ဆိုင်နေခဲ့ရပါတယ်။

boredpanda

ဂျက်စတင်ဟာ အသက်(၂၃)နှစ်တုန်းကလည်း ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့သေးကြောင်း သိရပါတယ်။ စိတ်ဓာတ်ကျပြီး ဘ၀ဟာနေပျော်စရာ မကောင်းတော့တဲ့အခါ ဂျက်စတင်က သူ့အတွက် အဓိပ္ပါယ်ရှိတဲ့အရာတစ်ခုခုကို လုပ်ဆောင်ချင်တဲ့ ဆန္ဒဖြစ်ပေါ်ခဲ့ပြီး ကွန်ဂိုနိုင်ငံက ပစ်ဂမီလူမျိုးစုတွေဆီ သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ပစ်ဂမီတွေဟာ မော့ခ်ပါလာလူမျိုးစုတွေရဲ့ ကျွန်ပြုတာနဲ့အနှိပ်စက်ခံနေရတဲ့ သံသရာထဲမှာ ကျင်လည်နေရပါတယ်။

boredpanda

ပစ်ဂမီတွေမှာ မြေပိုင်မရှိပါဘူး။ အစားတစ်လုပ်စားရဖို့ အလုပ်ကြမ်းတွေ လုပ်ရပါတယ်။ စားစရာအနေနဲ့ တစ်နေ့ကိုငှက်ပျောသီး(၂)လုံးသာရပြီး တစ်မိသားစုလုံးက မျှဝေစားသောက်ရပါတယ်။ ပစ်ဂမီတွေကို အမြဲတမ်းဆာလောင်ငတ်မွတ်နေပြီး သခင်တွေအပေါ်မှာ မှီခိုနေရအောင် အခုလိုနှိပ်စက်ကလူ ပြုထားကြတာဖြစ်ပါတယ်။ ဒီလူတွေကိုမြင်ရတဲ့ ဂျက်စတင်က ထိုလူတွေဘက်က ရပ်တည်ပြီး တိုက်ခိုက်ပေးဖို့ စိတ်ကူးရခဲ့ပါတယ်။

READ
ပြေးရမှာအပျင်းကြီးသူတွေပါဝင်တဲ့အပြေးပြိုင်ပွဲပြုလုပ်ပြီးရန်ပုံငွေအမြောက်အမြားရှာဖွေနိုင်ခဲ့
boredpanda

ဒါပေမယ့် သူများနေရာသွားပြီး တဖက်ကိုတော့ အကူအညီပေးကာ တဖက်ကိုတော့ မုန်းတီးကြောင်း ပြသလို့မရပါဘူး။ ဒါကြောင့် ဂျက်စတင်ဟာ လူမျိုးစုနှစ်စုစလုံးကို အကူအညီပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဂျက်စတင်ဟာ Water4 အဖွဲ့နဲ့ပူးပေါင်းကာ “Fight for the Forgotten” ကုသိုလ်ဖြစ်အဖွဲ့ တည်ထောင်ပြီး ပစ်ဂမီဒေသခံတွေကို ရေတွင်းတူးခိုင်းတဲ့အလုပ်တွေပေးပါတယ်။

boredpanda

ဂျက်စတင်ဟာ ပစ်ဂမီတွေကို ကူညီမယ့်ကိစ္စကို လွန်ခဲ့တဲ့(၈)နှစ်ကတည်းက အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ဂမီမျိုးနွယ်စုတွေ နေထိုင်ဖို့ သူစုဆောင်းထားတဲ့ ငွေကြေးတွေနဲ့ မြေယာတွေဝယ်ခဲ့တဲ့အပြင် ရေတွင်းတွေလည်း တူးခဲ့ပါတယ်။ ရေတွင်းတွေ တူးပေးတာက ပစ်ဂမီတွေရဲ့အထွေထွေကျန်းမာရေးကို မြှင့်တင်ပေးနိုင်သလို ရေကြောင့်ကူးစက်ပြန့်နှံ့တတ်တဲ့ ရောဂါတွေကြောင့် ကလေးတွေသေဆုံးတာကို ကာကွယ်ပေးဖို့အတွက်ဖြစ်ပါတယ်။

boredpanda

ပစ်ဂမီတွေနဲ့ (၅)နှစ်တိုင်တိုင် အတူတကွနေထိုင်ပြီး နောက်မှာတော့ ဂျက်စတင်ဟာ သူနှစ်သက်တဲ့ အလုပ်အကိုင်ဖြစ်တဲ့တိုက်ခိုက်ရေးသမားတစ်ဦးအဖြစ် ပြန်လည်အလုပ် လုပ်နေပြီး အခုဆိုရင် ပရဟိတ MMA တိုက်ခိုက်ရေးသမားတစ်ဦးအဖြစ် ရှင်သန်နေကြောင်း သိရှိရပါတယ်။

READ
ကမ္ဘာ့အဆင်းရဲဆုံး သမ္မတလို့ အခေါ်ခံရတာကို ဂုဏ်ယူတဲ့ ဥရုဂွေးနိုင်ငံရဲ့ သမ္မတဟောင်း

boredpanda

လင်းလင်း (ShweMom)

Ref: Boredpanda

SHARE