Mobile Legends ဂိမ်းဆိုတာကတော့ ဒီနေ့ခေတ်မှာ လူငယ်တွေအကြိုက်ဆုံး ဂိမ်းတစ်ခုဖြစ်လာတာကတော့ အမှန်ပါပဲ။ ၂၀၁၆ ခုနှစ်ကတည်းက စတင်ထွက်ရှိလာခဲ့တဲ့ Mobile Legends ဂိမ်းဟာ အခုဆိုရင်တော့ ကစားသမားပေါင်း ၇၅ သန်းကျော်ရှိလာခဲ့ပြီဖြစ်ပြီး အာရှနိုင်ငံတွေမှာ ကစားတာ အများဆုံး Mobile ဂိမ်းတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ အခုလည်း မကြာခင်အချိန်အတွင်းမှာ Mobile Legends ဂိမ်းကို ပုံစံအမိုက်စားအသစ်တွေနဲ့ မြင်တွေ့ရတော့မှာဖြစ်ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Mobile Legends: Bang Bang အဖွဲ့သားတွေဟာ မကြာခင်အချိန်မှာ Mobile Legends ဂိမ်းကို Long Term Upgrade လုပ်တော့မှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။ အဆိုပါ Project ရဲ့ နာမည်ကတော့ “ Project :Next” ပဲ ဖြစ်ပါတယ်။ Next ရဲ့ အဓိကရည်ရွယ်ချက်ကတော့ Hero တွေရဲ့ ပုံစံတွေ၊ Spell Effect တွေ၊ Animations တွေ၊ အသံပိုင်းဆိုင်ရာတွေကို အသေးစိတ်ပြန်ပြင်ဖို့ပဲ ဖြစ်ပါတယ်။

အကုန်လုံးသိတဲ့အတိုင်း Mobile Legends စပေါ်ခါစက Classic Hero တွေဖြစ်တဲ့ Zilong, Eudora, Saber, Layla, Miya, Balmond, Heilda အစရှိတဲ့ Hero တွေကို အခုအချိန်မှာ အသုံးပြုသူ တော်တော်နည်းသွားပြီပဲ ဖြစ်ပါတယ်။ Mobile Legends Gamer တွေရဲ့ ၄ ပုံ ၃ ပုံဟာ နောက်ပိုင်းအသစ်ပေါ်လာတဲ့ Hero တွေကိုပဲ အသုံးများကြသလို Classic Hero တွေကိုလည်း Rank ပွဲတွေမှာ အသုံးပြုလေ့ပြုထ မရှိတော့ပါဘူး။
ဒါ့ကြောင့် အခုလာမယ့် Project:Next မှာ အရင် Classic Hero တွေရဲ့ Battle Spell တွေ၊ Spell Design တွေ၊ Hero တွေရဲ့ ပုံစံတွေကို ပြောင်းသင့်တာတွေ ပြောင်းတော့မှာဖြစ်ကြောင်း သိရပါတယ်။ ဝမ်းနည်းစရာတစ်ခုကတော့ အဲဒီထဲက Hero တစ်ချို့ကို ဖြုတ်ချပစ်တော့မှာဖြစ်ကြောင်းလည်း သိရပါတယ်။ ဒါ့ကြောင့် “ Project:Next” ပြီးရင် ပုံစံအသစ်အဆန်းတွေ၊ Hero ပုံစံအမိုက်စားတွေနဲ့ Animation အလန်းတွေနဲ့ တွေ့မြင်ရတော့မယ့် Mobile Legends ဂိမ်းဟာ လူငယ်တွေရဲ့စိတ်ကို ထပ်မံဖမ်းစားနိုင်ဦးမလားဆိုတာတော့ စောင့်ကြည့်ရဦမှာ ဖြစ်ပါတယ်။
Pyi Hein Kyaw