ညှို့အားကောင်းလွန်းလို့အလုပ်ထုတ်ခံရတဲ့မော်ဒယ် လိမ်လည်မှုတစ်ခုမှာပါဝင်ပတ်သက်နေ

အသက် ၂၁နှစ်အရွယ်ရှိတဲ့ Rebecca Batchelor ဟာအားကစားပွဲတွေမှာ လူတွေစိတ်ဓာတ်တက်ကြွအောင်အကနဲ့အားပေးဖြေဖျော်သူ (Cheerleader) တစ်ယောက်ဖြစ်ပါတယ်။ သူမကို Rebecca အစား Bekka လို့လူသိများပါတယ်။ သူမ ဘဏ်အကောင့်ထဲမှာရှိတဲ့ များပြားလှတဲ့ငွေကြေးတွေက သူမရဲ့ရည်းစားဟောင်း Anis Ben-Sghaier ရဲ့ ပိုက်ဆံတွေလို့သိရပါတယ်။ Anis ဟာ သက်ကြီးပင်စင်အငြိမ်းစားတွေဆီကနေ လိမ်လည်လှည့်ဖြားပြီး ငွေတွေရယူရာမှာ Bekka ကဖုံးကွယ်ပေးထားတဲ့အကြောင်းကို Metro သတင်းကနေအခုလိုတွေ့ရှိရတာပါ။

Rebecca Batchelor NICK OBANK – THE SUN

Rebecca ဟာလက်ရှိမှာဆိုရင် Billerricay Town FC ဘောလုံးအသင်းရဲ့အားပေးသူတွေကို ဖြေဖျော်ဖို့အတွက် ငှားရမ်းထားတဲ့ Ricaysအကအဖွဲ့ ရဲ့မန်နေဂျာအဖြစ်လုပ်ကိုင်နေပါတယ်။ အရင်တုန်းကတော့ Fans တွေရဲ့မကောင်းတဲ့တုံ့ပြန်မှုတွေကြောင့် အလုပ်ကနေအထုတ်ခံရဖူးပါတယ်။ အားကစားသမားတွေကို အာရုံထွေပြားစေတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ အခုဆိုရင် သူမဟာ Chelmsford Crown တရားရုံးမှာ ရည်းစားဟောင်း Anis၊ Anis ညီဖြစ်သူ Bilal နဲ့၊ Cathereen Welch (Anis ရဲ့ ရည်းစားဟောင်း) တို့နဲ့အတူ အမှုရင်ဆိုင်နေရပါတယ်။ တရားပြိုင်တွေက ဇန်န၀ါရီ ၂၁၀၃ကနေ စက်တင်ဘာ၂၀၁၆ ကြားမှာ ကျူးလွန်ခဲ့တဲ့ ငွေအလွဲသုံးစားလုပ်မှုတွေကို ငြင်းဆိုနေတုန်းပါပဲ။

READ
အမျိုးသားရဲ့သုတ်နဲ့ စီမံချက်ပြုတ်မည့်သင်တန်း လန်ဒန်မှာဖွင့်လှစ်ဖို့ရှိဟုဆို
(Picture: Bekka Batchelor/Instagram)

တရားလိုတွေက Anis နဲ့ Amin ညီအကိုနှစ်ယောက်ကိုလိမ်လည်မှုနဲ့ အတူအပြစ်ရှိကြောင်းစွဲချက်တင်ထားပါတယ်။ သူတို့ညီအကိုနှစ်ဦးက သက်ကြီးပင်စင်စားတွေကို ဖုန်းတွေခေါ်ပြီး အမြတ်အစွန်းစွန်းများများရမယ့်အကြောင်းတွေကို မက်လုံးပေးပြောဆိုကာ လိမ်လည်မှုတွေကျူးလွန်ခဲ့ကြတာပါ။ ကျူးလွန်သူတွေဟာ တရားလိုတွေကို အခွန်နဲ့ ပတ်သတ်တဲ့ကိစ္စတွေ၊ လေလံတင်ကိစ္စတွေနဲ့ ပတ်သတ်ပြီး တင်ကြိုငွေတွေ ဘဏ်ကိုလွှဲခိုင်းပါတယ်။

တရားခွင်တွင်တွေ့ရစဉ် (Picture: BPM Media)

“လွှဲခိုင်းလိုက်တဲ့ငွေတွေဟာ အမှန်တကယ်တော့ လေလံပစ်မယ့်အိမ်တွေဆီရော၊ အခွန်တော်ဌာနကိုရော မရောက်ပါဘူး။ Anis ၊ Amin နဲ့ အပေါင်းပါတွေဆီသာရောက်ခဲ့တာပါ” လို့တရားလိုဘက်ရှေ့နေတစ်ဦးဖြစ်တဲ့ Sarah Przybylska ရုံးကိုတင်ပြပါတယ်။ အလိမ်ခံရသူတွေထဲမှာ တစ်ယောက်ကတော့ အသက် ၇၉နှစ်အရွယ်ရှိတဲ့ John Price ဖြစ်ပါတယ်။ အဖိုးကြီးဟာဆိုရင် နိုဝင်ဘာ၂၀၁၃ ကနေ မေ၂၀၁၅ အတွင်း ပေါင်၁၉၀,၇၆၃ အလိမ်ခံခဲ့ရပါတယ်။ ထိုအဖိုးကြီးကို ရှားပါးသတ္တုတွေဝယ်ယူရာမှာ ရင်းနှီးမြုပ်နှံဖို့အတွက်ဆိုပြီး ငွေတွေလိမ်လည်ရယူခဲ့တာပါ။

တရားခံတွေကတော့ သူတို့ဆီလွှဲလာတဲ့ ငွေတွေအတွက်သူတို့အပြစ်မရှိပါဘူးလို့ အခိုင်အမာတင်ပြထားပါတယ်။ တရားရုံးကစစ်ဆေးတွေ့ရှိရတာကတော့ တရားပြိုင်ထဲက တစ်ယောက်ဖြစ်တဲ့ Welch ကတစ်လကို ပေါင်၁၅၀၀အောင်လျော့ပြီးလစာရနေပေမယ့် နိုဝင်ဘာ၂၁၀၃ကနေ ဧပြီ၂၀၁၅ ကြားမှာ သူမဟာ ပေါင်၂၈,၅၉၅ လောက်သုံးစွဲခဲ့တယ်လို့သိရပါတယ်။

Anis ရဲ့ရည်းစားဟောင်း Catherine Welch

အလားတူလိမ်လည်မှုတွေကို အခြားသောပင်စင်သည်အသက်ကြီးသူတွေဆီမှာလည်း လုပ်ခဲ့ပါသေးတယ်။ ရရှိလာတဲ့ပိုက်ဆံတွေနဲ့ ဈေးဝယ်ထွက်တာတွေ၊ တန်ဖိုးကြီးအစားအသောက်တွေမှာယူစားသုံးခဲ့တာတွေပြုလုပ်တယ်လို့သိရပါတယ်။ Bekka နဲ့အတူ Anis ၊ Amin ၊ Bilal တို့ကို မနှစ်က ဇန်န၀ါရီ၁၉မှာ ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

READ
သင့်အနာဂတ်ဖူးစာရှင်ကို ရှာတွေ့ပြီဆိုတာကို သိစေနိုင်မဲ့အချက်များ
Anis ရဲ့ညီဖြစ်သူ Bilal

Bekka ကရဲအဖွဲ့ကိုအခုလိုပြောပြပါတယ်။ Anis နဲ့ သူမက ၂၀၁၅ ဇန်န၀ါရီကစပြီးချစ်ကြိုက်ခဲ့တာပါ။ Anis ရဲ့ သုံးစွဲပုံတွေကို မသင်္ကာလို့စစ်ဆေးမေးမြန်းတဲ့အခါမှာ Anis ဟာသူများတွေဆီက လှည့်ဖြားပြီးပိုက်ဆံတွေရတယ်လို့ဝန်ခံတယ် ပြောပါတယ်။ သူမက Anis ကိုငွေလွှဲလက်ခံဖို့အတွက် သူမဘဏ်အကောင့်ကိုပေးသုံးထားတယ်လို့ဆိုပါတယ်။ Anis ရဲ့နောက်ထပ်ရည်းစားဟောင်းတစ်ယောက်ဖြစ်တဲ့ Welch ကတော့ သူမဘဏ်အကောင့်ကိုလည်း အရင်တုန်းက Anis ကိုပေးသုံးခဲ့ကြောင်းဆိုပါတယ်။ သူတို့နေခဲ့တဲ့တိုက်ခန်းကို လခပေးဖို့အတွက်ဖြစ်ပြီးတော့ အခုလိုလိမ်လည်မှုနဲ့ပတ်သတ်တာ ဘာမှမသိတဲ့အကြောင်းငြင်းဆိုနေခဲ့ပါတယ်။ အမှုက စစ်ဆေးဆဲဖြစ်ပြီး မပြီးပြတ်သေးကြောင်း သိရှိရပါတယ်။

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE