အင်တာနက်ဟာသ ဘဝရောက်သွားတဲ့ အိန္ဒိယဝန်ကြီးချုပ် Modi ရဲ့ ယောဂကျင့်ပုံများ

ဆိုရှယ်မီဒီယာတွေပေါ်မှာ အင်တာနက် ရေစီးကြောင်းအလိုက် စိန်ခေါ်မှုများစွာ ရှိနေပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်ပုံတွေ တင်ဖို့ #HumFitTohIndiaFit ဆိုတဲ့ Hashtag နဲ့ တွစ်တာမှာ ပို့စ်တွေ တင်နေကြလျက်ရှိပါတယ်။ ပို့စ်တင်တဲ့လူတွေထဲက တစ်ဦးကတော့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ပဲဖြစ်ပါတယ်။ ဝန်ကြီးချုပ် Modi ကိုတော့ ခရစ်ကတ် ကစားသမားတစ်ဦးဖြစ်တဲ့ Virat Kohli က စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။

Narendra Modi ကို မြန်မာပရိသတ်တွေ မှတ်မိအောင် ပြောပြရမယ်ဆိုရင် သူဟာ ပြီးခဲ့တဲ့ (၂၀၁၇) စက်တင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ခြင်းရှိတဲ့ အိန္ဒိယနိုင်ငံအကြီးအကဲတစ်ဦးလည်း ဖြစ်ပါတယ်။

The Financial Express

 

READ
ဘေဘီမောင်ကို အသက်ထက်ပိုချစ်တဲ့အကြောင်းပြောလာတဲ့ သားဂန်း

ယောဂပုံမှန် ကျင့်နေကျဖြစ်တဲ့ Modi ဟာ စိန်ခေါ်မှုကို လက်ခံခဲ့ပြီး သူ့တွစ်တာအကောင့်မှာ သူယောဂကျင့်နေပုံတွေကို #HumFitTohIndiaFit ဆိုတဲ့ Hashtag နဲ့ တင်ခဲ့ပါတယ်။ ဝန်ကြီးချုပ်က သူ့ဗီဒီယိုပို့စ်မှာ ရေးထားတဲ့တာကတော့ “ဒါကတော့ ကျွန်တော် မနက်ပိုင်း အားကစားလုပ်ပုံများဖြစ်ပါတယ်။ ယောဂအပြင် မြေ၊ ရေ၊ မီး၊ လေ၊ ကောင်းကင်စတဲ့ သဘာဝဓာတ် (၅)မျိုးအပေါ် အခြေတည်ထားတဲ့ လမ်းလျှောက်ကျင့်စဉ်တွေလည်း ပါဝင်ပါတယ်။ တကယ်ကို လန်းဆန်းစေပြီး နုပျိုမှုကို ရရှိစေပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလည်း ပြုလုပ်ပါတယ်” ဆိုပြီး ဖြစ်ပါတယ်။

ဒါပေမယ့် အင်တာနက်က အငြိမ်မနေနိုင်ပါဘူး။ ဝန်ကြီးချုပ်ရဲ့ ယောဂကျင့်နေပုံတွေထဲက ကျောက်တုံးပေါ်မှာ ကိုယ်ဆန့်ချထားတဲ့ ပုံကို အဓိကအနေနဲ့အပါအဝင် အခြားလမ်းလျှောက်နေတဲ့ ပုံတွေကို meme တွေအဖြစ် ပြောင်းလဲပစ်ကြပါတော့တယ်။ တွစ်တာပေါ်မှာ ဝန်ကြီးချုပ် Modi ရဲ့ ယောဂကျင့်နေတဲ့ ဟာသ meme ပုံလေးတွေကိုလည်း ပရိသတ်ကြီး ဟာဒယရွှင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်။

YAHA WO PIGHAL GAYE

Even modiji can't survive priya varriyar

Posted by Rajnikant V/s CID Jokes Videos on Wednesday, June 13, 2018

Ref: RVCJ

SHARE