ညစာစားပွဲကို လက်ချင်းချိတ်ပြီး အတူတူတက်ရောက်ခဲ့ကြတဲ့ ကိုဆန်းဦးနဲ့ စာဥ

ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုတွေကို ရရှိနေတဲ့ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲထဲက သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ ကိုဆန်းဦးအဖြစ် သရုပ်ဆောင်သူ ကောင်းထက်သာနဲ့ စာဥအဖြစ်သရုပ်ဆောင်သူ မိုးသီရိထက်တို့ကတော့ သူတို့ရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုတွေကို ရရှိနေတာဖြစ်ပါတယ်။

ပရိသတ်တွေ သဘောကျနေကြတဲ့ သူတို့နှစ်ယောက်ကတော့ ပြီးခဲ့တဲ့ အပတ်က ကျင်းပပြုလုပ်ခဲ့တဲ့ Star Award ပွဲကိုလည်း တက်ရောက်ခဲ့တဲ့ အတူတက်ရောက်ခဲ့တဲ့အပြင် Forever Group ကနေ ကျင်းပတဲ့ Appreciation Dinnerကိုလည်း လက်ချင်းချိတ်ပြီး အတူတက်ရောက်ခဲ့ကြပါသေးတယ်။

ပရိသတ်တွေကတော့ ကိုဆန်းဦးနဲ့ စာဥတို့ရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး တော်တော်လေး သဘောကျနေကြပါတယ်။ ညစာစားပွဲက သူတို့ရဲ့ ပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။

SOurce: Moe Thiri Htet, kaung Htet Thar

SHARE