မင်္ဂလာနှစ်ပတ်လည်နေ့လေးကို ရိုမန်တစ်ဆန်ဆန်ဆင်နွှဲခဲ့တဲ့ မိုးယုစံတို့ ဇနီးမောင်နှံ

ရုပ်ရှင်သရုပ်ေ်ဆာင်တစ်ယောက်အဖြစ်အောင်မြင်ခဲ့တဲ့ နာမည်ကျော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်မှာ အနုပညာလှုပ်ရှားမှုတွေကို အရင်ကလောက်ပြုလုပ်ခြင်းမရှိတော့ပေမဲ့ ဖေစ်ဘုတ်ပေါ်မှာတော့ သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မိုးယုစံကတော့ ဒီကနေ့မှာလည်း ဓါတ်ပုံတွေကို ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားပါသေးတယ်။

မိုးယုစံကတော့ သူမရဲ့ ခင်ပွန်းနဲ့အတူ မင်္ဂလာပွဲလေးကို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲခဲ့တယ်ဆိုတဲ့အကြောင်းလေးကို သူ့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။ “ဂွမ်းရတုမြောက် # Anniversary dayရောက်တိုင်း လက်မှတ်ထိုးခဲ့တဲ့ sedona hotelမှာပဲ Anniversary လုပ်ဖြစိတယ် # မိန်းမကိုလည်းသည်းခံပီး ချစ်ပေး ယောကျာ်းကိုလည်းသည်းခံနားလည်ပီးချစ်ပေးရင်း ရတုပေါင်းများစွာကို ချစ်ရတဲ့သားသား ချစ်တဲ့မိသားစုနဲ့ အမြဲပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားကြမယ်နော်” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

မိုးယုစံကို အားပေးကြတဲ့ ပရိသတ်တွေအတွက် မင်္ဂလာနှစ်ပတ်လည်ပွဲလေးတွေကို ရိုမန်တစ်ဆန်ဆန်ဖြတ်သန်းခဲ့တဲ့ မိုးယုစံတို့ ဇနီးမောင်နှံရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

READ
အိမ်ထောင်ကျပြီးနောက်မှာ အရင်ကထက်တောင် ပိုလှလာတဲ့ ရွှေမှုံရတီ

Source: Moe Yu SAn

SHARE