ဒီ ဘာမှန်းမသိတဲ့ အရာကြီးကို စတွေ့ခဲ့တာကတော့ နိုဝင်ဘာလ ၁၈ ရက်နေ့တုန်းကပါ။ Utah ရဲ့ Public Safety ဌာနက တာဝန်ရှိသူတွေဟာ သဘာဝတောရိုင်းတိရိစ္ဆာန်နဲ့ အပင်များစောင့်ရှောက်ရေးအဖွဲ့နဲ့ ကန္တာရရဲ့ အရှေ့တောင်ပိုင်းကို ရဟတ်ယာဉ်ပေါ်ကနေပြီး ကင်းလှည့်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ပညာရှင်တစ်ဦးကနေပြီး “နေဦး နေဦး ပြန်လှည့်လိုက် အောက်မှာ ဘာကြီးလဲမသိဘူး တွေ့လိုက်တယ် သွားကြည့်ရမယ်” လို့ အလန့်တကြား ထအော်ခဲ့ပါတယ်ဆိုပြီးတော့ ရဟတ်ယာဉ်ပိုင်းလော့ Bret Hutchings က CNN ကို ပြောပြလာခဲ့ပါတယ်။
View this post on Instagram
ပြန်လှည့်ပြီး ကြည့်လိုက်တဲ့အခါမှာတော့ ကျောက်ဆောင်တွေကြားထဲမှာ ထိုးထွက်နေတဲ့ တောက်တောက်ပြောင်ပြောင်အရာတစ်ခုကို တွေ့ခဲ့ရပါတယ်တဲ့။ မြေပြင်ပေါ်ဆင်းပြီး အနီးကပ်ကြည့်လိုက်တဲ့အခါမှာတော့ အဲဒီအရာကြီးဟာ ၁၀ နဲ့ ၁၂ ပေလောက် မြင့်နေပြီးတော့ မြေပြင်ပေါ်မှာ ထောင်ထားတာမျိုးမဟုတ်ဘဲ မြေကြီးထဲကနေပြီး ထွက်နေသလိုမျိုးကြီး ဖြစ်နေတာကို ထူးခြားစွာ တွေ့ရပါတယ်တဲ့။
နောက်တော့ အဲဒီအရာကြီးဟာ နိုဝင်ဘာလ ၂၇ ရက်နေ့မှာပဲ Utah ကန္တာရထဲကနေပြီးတော့ ပျောက်ချင်းမလှကိုပျောက်သွားခဲ့ပါတယ်။ Utah ရဲ့ အာဏာပိုင်တွေကလည်း သူတို့လည်း အဲဒီအရာကြီးကို မရွှေ့ဘူးဆိုပြီး ပြောလာခဲ့ကြပါတယ်။ ဒီလို အစအနမရှိဘဲ ပျောက်ဆုံးသွားခဲ့တဲ့ အရာကြီးဟာ ကမ္ဘာရဲ့နောက်တစ်နေရာမှာ ထပ်ပြီးပေါ်လာခဲ့ပါပြီတဲ့။ အဲဒါကတော့ Romania မှာပါ။
ပြီးခဲ့တဲ့ သောကြာနေ့ (နိုဝင်ဘာလ ၃၀ ရက်နေ့) ညတုန်းက ပေါ်ပေါက်လာတယ်လို့ ခန့်မှန်းရပါတယ်။ ဘာကြောင့်ဆိုရင် စနေနေ့မနက်မှာတင်ကိုပဲ အဲဒီအရာကြီးကို လူတွေမျက်ဝါးထင်ထင်တွေ့ခဲ့ကြတာမလို့ပါ။ Romania ရဲ့ Piatra Neamt မြို့လေးမှာရှိနေတဲ့ view point လိုနေရာမျိုးမှာ ထီးထီးကြီးပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Piatra Neamt မြို့တော်ဝင် Andrei Carabelea ကတော့ “တခြားဂြိုဟ်ကလား၊ ဘာလားဆိုပြီး အဓိပ္ပာယ်မရှိတာတွေ လျှောက်မတွေးကြနဲ့” ဆိုပြီးတော့ ဒေသခံတွေကို ပြောခဲ့ပါတယ်တဲ့လေ။
အဲဒီအရာကြီးအကြောင်းသိချင်ရင်တော့ “Utah ကန္တာရထဲက အမည်မသိသတ္ထုတုံးကြီး (၁၀) ရက်အကြာမှာပျောက်ဆုံးသွားခဲ့” ဆိုတဲ့ခေါင်းစဉ်ကိုနှိပ်ပြီး Shwemom မှာ ဖတ်နိုင်ပါတယ်။
ဒါပေမဲ့လည်း အဲဒီအရာကြီးဟာ ၂၄ နာရီမပြည့်တပြည့်မှာပဲ Romania ကနေ ပျောက်ချင်းမလှ ထပ်ပြီးပျောက်ကွယ်သွားခဲ့ပြန်ပါပြီ။
So the #Monolith first appeared in #Utah and then disappeared yesterday. Then seemingly instantly appeared on the other side of the globe in less than 24 hours in #Romania ?!?!? pic.twitter.com/MrgG3La5vE
— David Vox Mullen (@DavidVoxMullen) November 30, 2020
penny