၁-၇-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းတိုများ

ရော်နယ်ဒို ။     ။ ပေါ်တူဂီအသင်းရဲ့တိုက်စစ်မှူးရော်နယ်ဒိုကတော့ ဥရုဂွေးနဲ့ပွဲအပြီးမှာ အင်တာဗျူးဖြေဆိုဖို့အတွက် သတင်းသမားတွေကို ငြင်းဆိုသွားခဲ့ပါတယ်။ မျက်ရည်တွေကျနေခဲ့တဲ့ ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ဒီနှစ်ပိုင်းမှာ မီဒီယာတွေနဲ့အကောင်းဆုံးဆက်ဆံရေးရှိခဲ့ပေမယ့်လည်း ၂-၁ နဲ့ရှုံးခဲ့ရတဲ့ ပွဲစဉ်အပြီးမှာတော့ အင်တာဗျူးမေးဖို့ ကြိုးစားသူမှန်သမျှကို ငြင်းပယ်သွားခဲ့တယ်လို့ သိရပါတယ်။

မက်ဆီ ။         ။ အာဂျင်တီးနားအသင်းရဲ့ အသင်းခေါင်းဆောင် မက်ဆီ က သူ့အနေနဲ့ နိုင်ငံလက်ရွေးစင် ကစားသမားဘ၀ကနေ အနားယူဖို့ စဉ်းစားနေပြီလို့ ဆိုလိုက်ပါတယ်။ မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ပြင်သစ်ကို ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် မက်ဆီကိုယ်တိုင်လည်း စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပြီး ၂၀၁၆ ခုနှစ်ကတည်းက အနားယူဖို့ စဉ်းစားထားတဲ့ကိစ္စကို ပြန်လည်စဉ်းစားနေပြီဖြစ်တယ်လို့ ဆိုလိုက်တာပါ။

(AP Photo/Thanassis Stavrakis)

ကာဗာနီ ။        ။ ပေါ်တူဂီအသင်းကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အနိုင်ဂိုး (၂) ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီကတော့ တံကောက်ကြောဒဏ်ရာရရှိသွားခဲ့ပြီး ချက်ချင်းဆိုသလိုပဲ လူစားလဲခဲ့ရပါတယ်။ ဥရုဂွေးအသင်းဟာ သူတို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ပြင်သစ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲစဉ်မှာ ကာဗာနီ မပါဝင်နိုင်မှာကို နည်းပြ တာဘာရက် က စိုးရိမ်နေပါတယ်။

READ
ချစ်စရာငါးမန်းလေးဆိုပြီး အစာကျွေးမိလို့ လက်ကို ငါးမန်းအကိုက်ခံရတဲ့အမျိုးသမီး

အင်္ဂလန် ။       ။ အင်္ဂလန်အသင်းဟာ သူတို့အတွက် ပင်နယ်တီကန်သွင်းရမယ့် ကစားသမားစာရင်းကို အသင်းမှာရှိနေတဲ့ စိတ်ပညာအကြံပေးတစ်ယောက်ရဲ့အကူအညီနဲ့ရွေးချယ်လိုက်ကြပါတယ်။ အင်္ဂလန်အသင်းဟာ အသင်းအတွက် ဒေါက်တာ ပစ်ပါ ဂရိန့်ခ်ျ ဆိုတဲ့ စိတ်ပညာရှင်တစ်ယောက်ကို ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက ခန့်ထားခဲ့တာဖြစ်ပြီး အင်္ဂလန်အသင်းအတွက် ပင်နယ်တီကန်ဖို့ သင့်လျှော်တဲ့ကစားသမားတွေကို ရွေးချယ်တဲ့နေရာမှာ ပစ်ပါကလည်း ပါဝင်ပေးခဲ့ရပါတယ်။

ကီတာ ။         ။ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမားသစ် ကီတာ ကတော့ သူ့အနေနဲ့ ခွေးသေးသေးလေးတွေကို အရမ်းကြောက်တတ်တယ်လို့ ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။ လီဗာပူးလ်အသင်းရဲ့ နံပတ် (၈) ကိုဆက်ခံခဲ့တဲ့ ကစားသမားဟာ အသင်းဝက်ဆိုက်နဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပြီး သူကအနေနဲ့ အကြောက်ဆုံးအရာက ဘာလဲဆိုတာ ဖြေဆိုသွားခဲ့တာပါ။

Linn

Source : Dailymail , TheSun , ESPN

SHARE