၁၅-၁၀-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

လူကာကူ ။      ။ မန်ယူအသင်းရဲ့ တိုက်စစ်မှူး လူကာကူက သူ့အနေနဲ့ စီးရီးအေထိပ်သီးကလပ် ဖြစ်တဲ့ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ လူကာကူ ဟာ စီးရီးအေကို ပြောင်းရွှေ့ချင်နေကြောင်း လေသံပစ်နေခဲ့တာပါ။ လူကာကူနဲ့ မန်ယူအသင်းတို့ရဲ့ စာချုပ်ဟာ (၂၀၂၂) ခုနှစ်အထိ ရှိနေသေးတာဖြစ်ပေမယ့် လူကာကူက အင်တာဗျူးတစ်ခုမှာ ဂျူဗင်တပ်စ်အသင်းရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားနေတယ်လို့ ဖြေဆိုခဲ့တာပါ။

ဗန်ဒိုက် ။         ။ နယ်သာလန်အသင်းရဲ့ နောက်ခံလူ ဗန်ဒိုက် က ဂျာမနီအသင်းကို အနိုင်ယူခဲ့တဲ့ ပွဲအပြီးမှာ လီဗာပူးလ်နည်းပြ ဂျာဂန်ကလော့ပ်ဆီကို မက်ဆေ့ခ်ျပို့ပြီးအသိပေးခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။ နယ်သာလန်က ဂျာမနီကို (၃-၀)နဲ့ အနိုင်ယူခဲ့တဲ့ Nations League ပွဲစဉ်အပြီးမှာ ဗန်ဒိုက်က သူ့ရဲ့ဂျာမန်လူမျိုး၊ ကလပ်အသင်းနည်းပြဆီ မက်ဆေ့ခ်ျပို့ပေးခဲ့တာဖြစ်ပြီး သူ့အနေနဲ့ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တယ်ဆိုတာ အသိပေးခဲ့ပါတယ်။

READ
၎-၇-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
AFP

ကိုစီရယ်နီ ။     ။ ပြင်သစ်အသင်းနောက်ခံလူ ကိုစီရယ်နီ က သူ့အနေနဲ့ နိုင်ငံလက်ရွေးစင်အသင်းကနေ အနားယူလိုက်ပြီလို့ အတည်ပြု ပြောဆိုသွားခဲ့ပြီး နည်းပြ ဒက်စ်ချမ့်ရဲ့ ချန်လှပ်ထားမှုတွေအောက်ကနေ ရုန်းထွက်နိုင်ဖို့ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ကိုစီရယ်နီ ဟာ အာဆင်နယ်အသင်းရဲ့ အဓိက နောက်ခံလူ တစ်ယောက်ဖြစ်ပေမယ့်လည်း ပြင်သစ်အသင်းမှာတော့ ဗာရန်း၊ အမ်ထီတီ တို့ရဲ့ နောက်မှာသာ ပွဲထွက်ခွင့်အတွက် စောင့်ဆိုင်းနေခဲ့ရပြီးနောက် အခုလိုမျိုး ဆုံးဖြတ်လိုက်တာပါ။

ပီရက်စ် ။         ။ အာဆင်နယ်အသင်းကွင်းလယ်ကစားသမားဟောင်း ရောဘတ်ပီရက်စစ် က မိုနာကိုအသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ အွန်နရီကို ချီးကျူးလိုက်ပြီး အွန်နရီဟာ ဘောလုံးအကြောင်း အကုန်သိသူ တစ်ယောက်ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ ပီရက်စ်က အွန်နရီဟာ ဘောလုံးနဲ့ ပတ်သက်လာရင် ယုံကြည်မှု ပြင်းထန်သူတစ်ယောက်ဖြစ်ပြီး အကောင်းဆုံး တိုက်စစ်ကစားပုံတွေအကြောင်းကိုလည်း ကောင်းကောင်းကြီးနားလည်ထားတဲ့သူလို့ ပြောဆိုသွားခဲ့တာပါ။

(AP Photo/Czarek Sokolowski)

မန်စီနီ ။          ။ အီတလီအသင်းနည်းပြ မန်စီနီိက အီတလီအသင်းရဲ့ လက်ရှိအခြေအနေကို စိတ်ရှည်ရှည်ထားကြဖို့ ပရိသတ်တွေကို တိုက်တွန်းလိုက်ပြီး သူဟာ မှော်ဆရာတစ်ယောက်လို အသင်းကို အကောင်းဆုံးဖြစ်သွားအောင် မစွမ်းဆောင်ပေးနိုင်ဘူးလို့ ဆိုလိုက်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ Nations League ပြိုင်ပွဲကို ပိုလန်ကို (၀-၁) ဂိုးနဲ့ အနိုင်ယူခဲ့ပြီးတဲ့နောက် မန်စီနီက အသင်းရဲ့ ကစားပုံဟာ တဖြည်းဖြည်းနဲ့ တိုးတက်လာနေပြီး အရင်က ခြေစွမ်းမျိုး ရဖို့ကတော့ အချိန်ယူရလိမ့်ဦးမယ်လို့ဆိုသွားခဲ့ပါတယ်။

READ
၂၇-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
(AP Photo/Darko Bandic)

ဆောက်ဂိတ် ။   ။ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က အသင်းမှာ ဂိုးပေါက်ပျောက်နေတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ထောက်ခံပေးခဲ့ပြီး ကိန်းဟာ အင်္ဂလန်အတွက် သွင်းဂိုးတွေ ရှာဖွေပေးပါလိမ့်မယ်လို့ ထောက်ခံပေးသွားခဲ့ပါတယ်။ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ပွဲစဉ် (၆) ပွဲမှာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့ပြီး သူ့အနေနဲ့ ယုံကြည်မှုပျောက်ဆုံးနေခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်နေရတာပါ။

Linn

Source : TheSun , Goal , Dailymail

 

 

SHARE