၂-၇-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

(AP Photo/Francisco Seco)

ရော်နယ်ဒို ။     ။ ပေါ်တူဂီအသင်းတိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ ဥရုဂွေးအသင်းနဲ့ပွဲစဉ်တုန်းက ၀တ်ဆင်ကစားခဲ့တဲ့ ဖိနပ်မှာ စာတမ်းတွေရေးထိုးထားခဲ့ပြီး အဲဒါတွေက ဘာတွေလဲဆိုတာကို မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ကလေး ၄ ယောက်ရဲ့ဖခင် ဖြစ်နေပြီဖြစ်တဲ့ ရော်နယ်ဒို ဟာ သူ့ရဲ့ ညာဖက်ဖိနပ်မှာ သမီးနှစ်ယောက်ရဲ့နာမည်ကိုရေးသားခဲ့တာဖြစ်ပြီး သူ့ရဲ့ဘယ်ဖက်ဖိနပ်မှာတော့ သားနှစ်ယောက်ရဲ့နာမည်ကို ရေးထိုးထားခဲ့တာပဲဖြစ်ပါတယ်။

(AP Photo/Frank Augstein)

အင်နီယေစတာ ။         ။ စပိန်အသင်းရဲ့ ကွင်းလယ်ကစားသမား အင်နီယေစတာက သူ့အနေနဲ့ နိုင်ငံလက်ရွေးစင်ကစားသမားအဖြစ်ကနေ အနားယူလိုက်ပြီဖြစ်တယ်လို့ ထုတ်ဖော်ကြေညာလိုက်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားရဲ့ ၁၆ သင်းအဆင့်ပွဲစဉ်မှာ ရုရှားအသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ပြီးတဲ့နောက် အင်နီယေစတာက သူ့ရဲ့လက်ရွေးစင်ကစားသမားဘ၀ကို အဆုံးသတ်လိုက်ပါတော့တယ်။

အင်္ဂလန် ။       ။ အင်္ဂလန်အသင်းရဲ့နည်းပြကတော့ တကယ်လို့သာ ကိုလံဘီယာအသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီအဆုံးအဖြတ်ခံယူရရင် ပင်နယ်တီကန်သွင်းရမယ့် ကစားသမား ၅ ဦးကိုရွေးချယ်ပြီးသွားပြီပဲ ဖြစ်ပါတယ်။ အသင်း​ခေါင်း​ဆောင်​ ဟယ်​ရီကိန်း က အင်္ဂလန်​ ရဲ့ အဖွင့်​ ပင်​နယ်​တီ ကို ကန်​သွင်းရမှာဖြစ်ပါတယ်။  ​တော့တင်​ဟမ်​ ​နောက်​ခံလူ ထရစ်​ပီးယားက အင်္ဂလန်​ ရဲ့ ဒုတိယ ပင်​နယ်​တီ ကို ကန်​ရမှာ ဖြစ်​ပြီး ​ဂျော်​ဒန်​ဟန်​ဒါဆန်၊​ ​ဂျေမီ​ဗာဒီ နဲ့ ဒယ်​လီအလီ တို့က တတိယ စ​​တုတ္တ နဲ့ ပဉ္စမ ပင်​နယ်​တီ ​တွေကို ကန်​ရမှာပါ။

READ
အံ့သြလောက်အောင်ဝိတ်ချခဲ့တဲ့ Chris Hemsworth
(AP Photo/Alastair Grant)

ဟီယာရို ။        ။ စပိန်အသင်းအနေနဲ့ ၁၆ သင်းအဆင့်ကနေ ထွက်ခဲ့ရပြီးတဲ့နောက် ယာယီနည်းပြအဖြစ် တာဝန်ယူထားတဲ့ ဟီယာရို ရဲ့ ရာထူးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေကြပြီပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမတိုင်မီ နည်းပြ အရှုပ်အထွေးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ စပိန်အသင်းဟာ သူတို့ရဲ့နည်းပြနေရာအတွက် ပြန်လည်စဉ်းစားနေပြီဖြစ်ပြီး ဟီယာရိုရဲ့အနာဂတ်အတွက် ရက်ပိုင်းအတွင်း ကြေညာသွားမယ်လို့ သိရပါတယ်။

မာဆယ်လို ။    ။ ဘရာဇီးအသင်းရဲ့ နောက်ခံကစားသမား မာဆယ်လိုဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးတဲ့နောက် လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့ပါပြီ။ မာဆယ်လိုဟာ ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားကြမယ့် ဘရာဇီးနဲ့ မက္ကဆီကိုတို့ရဲ့ပွဲစဉ်မှာ ပါဝင်ကစားမှာဖြစ်ပြီး ကြံ့ခိုင်မှုပြည့်ဝနေပြီလို့ ဆေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

နေမာ ။ ။ နေမာ ကတော့ ကမ္ဘာ့ဖလားပွဲတစ်လျှောက် နာမည်ကြီးနေတဲ့ စပါဂက်တီခေါက်ဆွဲနဲ့တူတဲ့ ဆံပင်ပုံစံကို ဖျက်လိုက်ပြီး ပုံမှန်ရိုးရှင်းတဲ့ ဆံပင်ပုံစံကို ပြန်လည် ပြောင်းလဲလိုက်ပါတယ်။ မီဒီယာတွေကတော့ နေမာဟာ သူ့ရဲ့ဆံပင်ထက် ဘောလုံးကို ပိုပြီး အာရုံစိုက်တော့မယ်လို့ ရေးသားလာကြပြီး ဒီညပွဲစဉ်မှာ သူ့အနေနဲ့ ခြေစွမ်းပြနိုင်မလားဆိုတာ စောင့်ကြည့်နေကြပါတယ်။

READ
ရင်သားကင်ဆာ တိုက်ဖျက်ရေးအတွက် ကူညီခဲ့တဲ့ လစ်ဗာပူးလ်အမျိုးသမီးRugbyအသင်း

Linn

Source : TheSun , Dailymail , Marca

SHARE