၃-၇-၂၀၁၈ အတွက် မနက်ခင်းဦးဦးဖျားဖျား အားကစားသတင်းများ

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းဟာ ဘရာဇီးအသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ နေမာကိုခေါ်ယူဖို့ ယူရို သန်း ၃၁၀ နဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ရီးယဲလ်အသင်းတာဝန်ရှိသူတွေဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီနဲ့ဆွေးနွေးမှုတွေကို အရှိန်မြင့်ပြုလုပ်နေကြပါပြီ။ နေမာအတွက် မြင့်မားတဲ့လုပ်ခလစာနှုန်းကို ရရှိမှာဖြစ်ပြီး တစ်နှစ်လုပ်ခ ယူရို ၄၅ သန်းရရှိမှာဖြစ်ပါတယ်။

အာဆင်နယ် ။   ။ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းဟာ ဒေါ့တ်မွန်အသင်းရဲ့နောက်ခံလူ ဆိုကရက်တစ်ကို ပေါင် ၁၆ သန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဆိုကရက်တစ်ကို ၃ နှစ်စာချုပ်နဲ့ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး အသင်းရဲ့ကျောနံပတ် (၅) ကို ၀တ်ဆင်သွားမှာဖြစ်ပါတယ်။

Youtube

အိုဆိုရီယို ။      ။ မက္ကဆီကိုအသင်းရဲ့နည်းပြ အိုဆိုရီယိုက ဘရာဇီးနဲ့မက္ကဆီကိုအသင်းယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲချိန်အတွင်းမှာ မကြာခဏဟန်ဆောင်လှဲချနေတဲ့ တိုက်စစ်မှူးနေမာရဲ့ လုပ်ရပ်ဟာ ရှက်စရာကောင်းတယ်လို့ ဝေဖန်လိုက်ပါတယ်။ မက္ကဆီကိုအသင်းအနေနဲ့ တန်ပိုမြင့်ပြီးကစားဖို့လုပ်တိုင်း နေမာ လှဲချနေတာနဲ့ချည်း ရင်ဆိုင်နေခဲ့ရတယ်လို့ ရှုံးပွဲအပေါ် စိတ်ပျက်နေတဲ့ နည်းပြက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

READ
12ပတ်အတွင်း ဘီယာဗိုက်မှ Six Pack ဗိုက်ဖြစ်အောင်ပြောင်းနည်း

အင်တာ ။        ။ အင်တာမီလန်အသင်းကတော့ ဂျူဗင်တပ်စ်အသင်းရဲ့နောက်ခံလူ အဆာမို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်လိုက်ပြီး တစ်နှစ် စာချုပ် ချုပ်ဆိုသွားခဲ့ပါတယ်။ အဲဒီနောက် လာဇီယိုအသင်းရဲ့နောက်ခံလူ ဒီဗာ့ခ်ျကိုလည်း ၅ နှစ်စာချုပ်နဲ့ တရားဝင်ခေါ်ယူအားဖြည့်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

(AP Photo/Thanassis Stavrakis)

နေမာ ။ ။ ဘရာဇီးအသင်းတိုက်စစ်မှူးနေမာက မက္ကဆီကိုပရိသတ်တွေနဲ့ အသင်းသားတွေဟာ ပွဲမစခင်မှာ သူ့ကိုဝေဖန်မှုတွေပြုလုပ်ခဲ့ကြပေမယ့်လည်း နောက်ဆုံးမှာတော့ သူတို့ပဲ အိမ်ပြန်သွားခဲ့ရတယ်လို့ ပျက်ရယ်ပြုပြောဆိုလိုက်ပါတယ်။ နေမာဟာ ဘရာဇီးအသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို ကိုယ်တိုင်သွင်းယူပေးခဲ့ပြီး အသင်းဖော် ဖာမီနိုသွင်းယူခဲ့တဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာပါ။

မန်စီးတီး ။       ။ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းဟာ နာပိုလီအသင်းကွင်းလယ်လူ ဂျော်ဂျင်ဟို ကိုခေါ်ယူဖို့ ယူရို ၅၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပါပြီ။ ဂျော်ဂျင်ဟိုဟာ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကနေ မနေ့က ရုတ်တရက်ထွက်ခွာသွားခဲ့ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုမယ်လို့ သိရပါတယ်။

READ
Dubaiရောက်တုန်း သူမရဲ့ခန္ဓာကိုယ်အလှအပကို ထုတ်ပြခဲ့တဲ့ကလန်စီ

အေစီမီလန် ။    ။ စီးရီးအေကလပ် အေစီင်္မီလန်အသင်းဟာ ဥရောပပြိုင်ပွဲတွေကစားခွင့်ကို ပိတ်ပင်ခြင်းခံထားရပေမယ့် ကစားသမားခေါ်ယူမှုတွေကိုတော့ ဆက်တိုက်ပြုလုပ်နေခဲ့ပြီး နာပိုလီအသင်းရဲ့ဂိုးသမား ရိန်နာနဲ့ ဆမ်ဒိုးရီးယားနောက်ခံလူ စထရီနစ် တို့ကို ခေါ်ယူလိုက်နိုင်ခဲ့ပါတယ်။ အေစီအသင်းဟာ အသက် ၃၅ နှစ်အရွယ် ရိန်နာကို ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး စထရီနစ်ကိုတော့ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။

 

Linn

Source : Dailymail , TheSun , ESPN

SHARE