ကျား၊ ကျားသစ်၊ မြေခွေး စတဲ့ အန္တရာယ်ရှိသတ္တ၀ါတွေ အိမ်မှာမွေးမြူထားတဲ့အမျိုးသမီးကိုဖမ်းဆီး

Trisha Meyer လို့ အမည်ရတဲ့ အမျိုးသမီးဟာ ၎င်းရဲ့အိမ်ထဲမှာ ကျား၊ အမေရိကန်ကျားသစ်၊ မြေခွေး အစရှိတဲ့သတ္တ၀ါ
တွေကို မွေးဖွားထားတာကို ရဲတပ်ဖွဲ့ သိရှိခဲ့ပါတယ်။ ဒါကြောင့် Meyer ကို ကလေးသူငယ်အား အန္တရာယ်အတွင်းမှာ ရှိ
နေစေမှုနဲ့ အမှုဖွင့် ဖမ်းဆီးခဲ့ပါတယ်။

ရဲတပ်ဖွဲ့က Meyer ဆီကို အန္တရာယ်ရှိ တိရစ္ဆာန်တွေကို ရောင်းပစ်ဖို့ အထူးသဖြင့် ကျားတွေကို တစ်ကောင်လျှင် ပေါင် 3000 နဲ့ ရောင်းပစ်ဖို့ သတိပေးခဲ့ပေမယ့် သူမက လိုက်နာဖို့ ပျက်ကွက်ခဲ့ပါတယ်။ သူမရဲ့ အိမ်ထဲကို ၀င်ရောက် စစ်ဆေးတဲ့အခါမှာ အရွယ်ရောက်ပြီး ကျား၊ ကျားသစ်တွေကို တွေ့ခဲ့သေးတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

READ
မွေးစားမိဘတွေက ကြက်သေတစ်ကောင်နဲ့တွဲပြီး သံကြိုးနဲ့ ချည်နှောင်ခံရတဲ့ ကလေး

Meyer ရဲ့ အိမ်ဟာ အမေရိကန်အနောက်ပိုင်း Nevada မှာ တည်ရှိပါတယ်။ သူမရဲ့ အိမ်မှာ အခြားမွေးဖွားထားတဲ့ တိရစ္ဆာန်တွေကတော့ ရန်သူနဲ့တွေ့ရင် အနံ့ဆိုးနဲ့ပန်းတတ်တဲ့ နံစော်ဖျံတစ်ကောင်နဲ့ မြေခွေးတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကတော့ အသက် 14 နှစ်သာ ရှိသေးတဲ့ သူမရဲ့ သမီးကို အန္တရာယ် မဖြစ်စေလိုလို့ ဖြစ်ပါတယ်။

Meyer ကိုယ်တိုင်ကလည်း အချို့သတ္တ၀ါတွေဟာ ရက်စက်ကြမ်းကြုတ်ကြကြောင်း၊ မျောက်က အလွန်စိုးသွမ်းကြောင်း
ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Meyer မှာ တိရစ္ဆာန်မွေးခွင့်အဖြစ် ကျားတစ်မျိုးတည်းကိုသာ လှောင်အိမ်သီးသန့်နဲ့ မွေးခွင့်ပြုထားတာလို့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

အခုအခါမှာတော့ Meyer ဟာ တရားရင်ဆိုင်ခဲ့ရပြီး တရားရုံးက ဒဏ်ကြေးငွေ ပေါင် 1600 ပေးဆောင်ဖို့ အမိန့်ချမှတ်ထားတယ်လို့ သိရပါတယ်။ သူမ မွေးမြူထားတဲ့ တိရစ္ဆာန်တွေကိုတော့ ဘယ်နေရာကို ရွှေ့ပြောင်းလိုက်တယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။

READ
ချစ်သူကောင်လေးကိုရုပ်ဆိုးကြောင်း ဝေဖန်နေသူများကိုဂရုမစိုက်ဟု အလှဘုရင်မလေးတုန့်ပြန်

လင်းဇော်ကို (Shwemom)

source : thesun.co.uk

SHARE